အရှင်သာရပုတ္တရာကို သားငယ်ညီတော်စုန္ဒ
ဖေးမတွဲကူလျှက် လှမ်းလာတာတွေ့ရမှ ရူပသာရီပုဏ္ဏေးမကြီး သည် အော်-ငါ့သားကြီး
ရောဂါဝေဒနာတွေ ခံစားလာရပုံရတယ် ခလုပ်ထိမှ အမိတဆိုတာမျိုး ခုမှ အမေ့ကို သတိရပြီး
ပြန်လာတာနဲ့တူတယ် သားကြီးဥပတိဿကို တွေ့သော်လည်းဘဲ စိတ်ထဲမှာ မကြေနပ်ချက်တွေနဲ့
နှုတ်မဆက်ဘဲ အနီးတနေရာမှ ငေးကြည့်နေမိ၏။ အရှင်သာရိပုတ္တရာ တိုက်ခန်းသို့ရောက်၍
မကြာမီမှာပင် သွေးသွန်ရောဂါ ပြင်းစွာခံစားတော်မူ၏။
ညီတော်စုန္ဒသည် နောင်တော်ကြီး
အရှင်သာရိပုတ္တရာမထေရ် အံထွေးလိုက်သော သွေးစိမ်းတွေကို ထွေးခံ ဖြင့်ခံကာ လဲလှယ်ပေးလျှက်
ပြုစုတော်မူ၏။ မယ်တော်သာရီပုဏ္ဏေးမကြီးသည် သားကြီးဥပတိဿ ရောဂါဝေဒ နာ အကြီးအကြယ်
ခံစားနေရတာကို ငေးမောပြီး ကျင်နာသနားစွာနဲ့ ကြည့်ရှုနေမိ၏။
မယ်တော် ရူပသာရီပုဏ္ဏေးမကြီးသည်
တိုက်ခန်းတံခါးဝကိုမှီ၍ ညိုးငယ်စွာ ရပ်တည်နေခိုက် ညဥ့်ဦးယံအချိန် တွင်
စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် မထေရ်မြတ်အား
နောက်ဆုံးဖူးမြော်ပြုစုရန် ရောက်ရှိလာကြကုန်၏။
သင်တို့ဘယ်သူတွေလည်း
နတ်မင်ကြီးလေးရောက်ပါဘုရား၊ ဘာကိစ္စရှိလို့လည်း အရှင်ဘုရာအား သူနာပြုစု ရန်အတွက် ရောက်လာခြင်ဖြစ်ပါတယ်ဘုရာ။ နတ်မင်းကြီးတို့ သူနာပြုစုရန်
ရဟန်းတော်တို့ရှိနေသဖြင့် မထေရ် က ပြန်လွှတ်တော်မူ၏။ မယ်တော်ကြီးလည်း
နတ်မင်းကြီးလေးပါးကို အံ့သြစွာနဲ့ ကြည့်ရှုနေမိ၏။
ထို့နောက် သိကြားမင်းသည်ကိုယ်ရောင်ကိုဝါတောက်ပစွာဖြင့်ရောက်လာပြန်၏။
သင်ဘယ်သူလည်းတပည့် တော် သကြားမင်းပါဘုရား ဘာကိစ္စနဲ့လာတာလည်း
အရှင်ဘုရားအားသူနာပြုစုရန် လာခြင်းဖြစ်ပါတယ်ဘုရား၊ သကြားမင်း သူနာပြုစုရန်
ရဟန်းတော်တို့ရှိနေသဖြင့် မထေရ်က ပြန်လွှတ်တော်မူ၏။ မယ်တော်ကြီးလည်း
သကြာမင်းကို အလွန် အံ့သြစွာနဲ့ ကြည့်ရှုနေမိ၏။
ထို့နောက် နာလကရွာ တရွာလုံးကို
ထိန်ထိန်လင်းစေလျှက် အလွန်တောက်ပသော ဗြဟ္မာမင်းကြီးတို့ရောက်
လာပြန်၏။ သင်တို့ဘယ်သူတွေလည်း
တပည့်တော်တို့ ဗြဟ္မာမင်းကြီးတွေပါဘုရား ဘာကိစ္စနဲ့လာတာလည်း
သူနာပြုစုချင်လို့ပါဘုရား ဗြဟ္မာမင်းကြီးတို့ သူနာ ပြုစုရန် ရဟန်းတော်တို့ရှိနေသဖြင့်
မထေရ်က ပြန်လွှတ်တော် မူ၏။ မယ်တော်ကြီးလည်း ဗြဟ္မာမင်းကြီးလေးပါးကို အံ့သြစွာနဲ့
ကြည့်ရှုနေမိ၏။
ဒီလောက် ကိုယ်ရောင်ကိုယ်ဝါတွေ
ထွန်းလင်းတောက်ပစေလျှက် ငါ့သားကြီးထံ လာတဲ့သူတွေအကြောင်း ကို သာရီပုဏ္ဏေးမကြီးအလွန်သိချင်လာ၏။
သားအနားကို မကပ်ဘဲ ခပ်ခွာခွာနေတဲ့ မယ်တော်ကြီးဟာ သားကြီး ဥပတိဿနားသို့
ရောက်ရှိလာပြီး သားကြီး ဥပတိဿ ရောဂါဝေဒနာတွေ သက်သာရဲ့လားဟု မိခင်၏ စိုးရိမ်
စိတ်ဖြင့်မေးမြန်းရှာ၏။
မယ်တော်ကြီး ယခုတော့ အနီးငယ်သက်သာပါပြီ ၊
သားကြီး ရောဂါသက်လျှင် သားကြီးကို မယ်တော်ကြီး မေးစရာရှိလို့ မေးပါမယ်တော်ကြီးဟု
ခွင့်ပြုလိုက်၏။ မယ်တော်ကြီးလဲ သားကြီးထံ ညဉ့်ဦးယံမှာ လာသွားတဲ့ အချွန်အတက်တွေနဲ့
ပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေလည်းဟု မေးတော်မူ၏။
မယ်တော်ကြီ ပထမဆုံးလာတဲ့ ပုဂ္ဂိုလ်တွေသည်
နတ်မင်းကြီး လေးရောက်ဖြစ်တယ်။------------ သူတို့က ဘာလာလုပ် တာလည်း။------------
သားကြီးကိုသူနာပြုစုဖို့ ခွင့်လာတောင်းတာပါ ၊ သားကြီးမှ သူနာပြုစုရန်
ရဟန်းတော်တို့ရှိနေသဖြင့် သင်တို့ ပြန်ကြပါဟု
ပြန်လွှတ်လိုက်ခြင်းဖြစ်၏။
နတ်မင်းကြီးလေးပါးကတောင်မှ ငါ့သားကြီးကို
သူနာပြုစုဖို့ ခွင့်တောင်းလာတယ်ဆိုတော့ ငါ့သားကြီးက သူတို့ထက်
ဘုန်းကံကြီးမားလို့ပေါနော်။-------------- ဟုတ်ပါတယ်မယ်တော်ကြီး
ဒီနတ်မင်းကြီးလေးပါးဟာ သားတို့ဆရာ မြတ်စွာဘုရား၏ အစောင့် အရှောက်မျှသာဖြစ်ပါတယ်ဟု
ပြောကြားလိုက်သောအခါ မယ်တော် ကြီးသည် မြတ်စွာဘုရားအပေါ်လေးစားကြည်ညိုမှုတွေ ဖြစ်လာ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment