အရှင်ဘုရား သာရိပုတ္တရာ (၄၄)၀ါပတ်လုံး
ဆရာအရှင်၏ အနောက်မှာ အရိပ်ပမာ လိုက်ခဲ့သော်လည်း ဆရာ အရှင် အရှင်မြတ်ပေါ်မှာ
မကြေနပ်စရာ ကာယကံ ၀စီကံ မရှိပါဘုရားဟု ညီညာစွာလျှောက်ထားကြ၏။ တပည့် တော်တို့ကသာ
ဆရာအရှင် ကျေးဇူးရှင် ပြစ်မှားမိလျှင် ခွင့်လွှတ်မူပါဘုရားဟု ဆရာနှင့်တပည့်တို့
အပြန်အလှန် သီခံခွင့်လွှတ်ကြ၏။
အရှင်သာရိပုတ္တရာမထေရ်ကြီးသည်
ဈန်သမာပတ်တွေကို အစဉ်အတိုင်းဝင်စားကာ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထိုပရိနိဗ္ဗာန
စုတိကျပြီးချိန်တွင် မဟာပထ၀ီမြေကြီးသည် တော်လဲသံဖြင့် ပဲ့တင်မြည်စေလျှက်
ကမ္ဘာကြီးကိုလှုပ် ခါစေပြီ၊ ကမ္ဘာမြေကြီးဟာ သက်မဲ့ဖြစ်သော်လည်း ကျေးဇူးရှိ
ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ကို ဂုဏ်ပြုပူဇော်လေပြီ၊
လောကဓာတ်တခုလုံးလည်း အာရုံတက်လို့ အလင်းဆောင်တဲ့အချိန်ရောက်ခဲ့ပြီ။
မယ်တော်ပုဏ္ဏေးမကြီးသည် သားကြီး
အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်ပြုပြီဆိုတာ သိလိုက်ရတော့ ချစ်သား ဥပတိဿ မယ်တော်ကြီးတို့သည်
ရှေးအခါက သားကြီးရဲ့ဂုဏ်ကျေးကို ဘာတခုမျှ မသိခဲ့ကြပါ။ ယခု သားကြီး ကျေးဇူးကို
သိတဲ့အချိန်ကြမှ သားကြီးက မယ်တော်တို့ကို ခွဲခွာသွားပြီ သားကြီးဂုဏ်ကျေးဇူးကို
ရှေးထဲက သိခဲ့ မယ်ဆိုလျှင် အမေ့သားကြီးကို ရွှေကျောင်းတော်ကြီးဆောက်လုပ်
လှူဒါန်းနိုင်ပါ၏။
ခုတော့ဖြင့် အမေ့မှာရှိတဲ့ ဓနတွေဖြင့် လူတွေ
နတ်တွေ ဗြဟ္မာတွေ ရိုသေလေးစား ဘုန်းကံကြီးမားတဲ့ ငါ့သား ကြီးကို ကျောင်းလဲမလှူရ
သင်္ကန်းလဲ မလှူလိုက်၇ပါလားဟု ၀မ်းနဲကြေကွဲတဲ့ စိတ်တွေနဲ့ မျက်ရည်တွေ ဖြိုင်ဖြိုင် စီးကာ
သောက စကားတွေ ပြောနေရှာ၏။သို့သော်လည်း သားရဲ့ နောက်ဆုံးအချိန်မှာ အမေ့ကို
တရားထူးတွေ ရအောင် ဟောဖေါ်ညွန်ပြသည့်အတွက် ငါ့သားအမေ့နို့ဖိုး ကြေအောင်ဆပ်နိုင်တဲ့
သားမြတ်ပါဟု လုပ်အုပ်ချီကာ သားမြတ်အရှင်သာရိပုတ္တရာ၏ ရုပ်ကလပ်တော်ကို ဖူးမျှော်လေ၏။
မယ်တော်ကြီးသည် ငါ့သား၏ ဈာပနကို
နောက်ဆုံးအနေနဲ့ ထူးထူးခြားခြား ပူဇော်မယ်ဟု ဆုံးဖြတ်ချက်ချကာ ရတနာ တိုက်ခန်းမှ
ရွှေတွေထုတ်ခိုင်းကာ ရွှေစင်စစ်စစ်ဖြင့် ရွှေပြာဿာဒ် ငါးရာ၊ ရွှေအထွတ်တတ်တဲ့ ရွှေခန်းမ ဆောင်၊
ရွှေအတိနဲ့ ရွှေမဏ္ဍာပ်ငါးရာတို့ကို ရွှေပန်တိမ်သည်တွေခေါ်ပြီး နေ့ဆိုင်း
ညဆိုင်ဖြင့်လုပ်ခိုင်ကာ သား တော်ကြီးဈာပနကို ခန်းနားထယ်ဝါစွာ ပူဇော်ခဲ့ပါ၏။
စာရှုသူအဆွေ သင်တို့လည်း အရှင်သာပုတ္တရာ
မထေရ်ကြီးလို မိဘတွေကို သောတာပန်ဖြစ်အောင် တရား
မဟောနိုင်သော်လည်း
နတ်ယောင်ယောင် ဗေဒင်ယောင်ယောင် ဓါတ်ယောင်ယောင် နှစ်လုံး သုံးလုံးယောင် နေတဲ့
မိဘတွေကို တရားရိပ်သာ လောက်ပို့နိုင်မယ်ဆိုလျှင် အမေ့နို့ဖိုး ကြေအောင်ဆပ်နိုင်တဲ့
သားထူးသား မြတ်များဖြစ်မှာဖြစ်၏။ စာရှုသူတို့ သင်တို့လုပ်သင့်လုပ်ထိုက်တဲ့
အလုပ်ကိုတော့ လုပ်နိုင်အောင်ကျိုးစားကြပါ ဟုတိုက်တွန်းရင်း နို့ကြွေးဆပ်သူ
အာဂလူစာအုပ်ကို နိဂုံးကပတ် အဆုံးသတ်လိုက်ပါ၏။။
Type your summary here. Type the rest of your post here.
No comments:
Post a Comment