အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, April 3, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၈)





     မယ်တော်ကြီး သားတို့ဆရာ မြတ်စွာဘုရားသည် အရဟံဂုဏ် သမ္မာသမ္ဗုဒ္ဓဂုဏ်၊ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်၊ သုဂတဂုဏ်၊ လောက၀ိဒူ ဂုဏ်၊ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်၊ သတ္တာ ဒေ၀မနုဿာန ဂုဏ်၊ ဗုဒ္ဓ ဂုဏ်၊ ဘဂ၀ါဂုဏ်၊ တို့နှင့် ပြည့်စုံ တော်မူ၏။
     မယ်တော်ကြီး သားတို့ဆရာ မြတ်စွာဘုရားသည် အစမှာ သီလ၏ကောင်းခြင်း၊ အလယ်မှာ သမာဓိ၏ ကောင်းခြင်း၊ အဆုံးမှာ ပညာ၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်းသုံးပုံ ကျေးဇူးဂုဏ်နှင့်လည်း ပြည့်စုံပါ၏။
     အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် မယ်တော်ကြီး စိတ်နှစ်လုံးနူးညံ့အောင် မယ်တော်ကြီးနဲ့ လိုက် လျှောညီထွေ ရှိမဲ့ ဒါနကထာလို့ခေါ်တဲ့  ဒါနတရားတွေကို ပထမဆုံးဟောပြလိုက်၏။
     မယ်တော်ကြီး စိတ်နှစ်လုံးနူးညံ့ သိမ့်မွေ့လာမှ သီလကထာလို့ခေါ်တဲ့ ကိုယ်ကျင့်သိက္ခာ သီလအကြောင်း တွေကို ဟောပြတယ် မယ်တော်ကြီး အင်မတန်ချစ်လှသောသားကြီး ဟောပြတဲ့ သီလတရားတွေနာကြားရင်း သီလတွေကို အလိုလို စောင့်ထိမ်းလာနိုင်၏။
    ဒါနနှင့်သီလစောင့်ထိမ်းနိုင်လျှင် သဂ္ဂကထာလို့ခေါ်တဲ့ နတ်ပြည် စည်းစိမ်တွေကို ခံစားနိုင်ကြောင်း ဟော ပြပြီး၊ ဒီလူ စည်းစိမ် နတ်စည်းစိမ်ဆိုတာ တကယ့်ချမ်းသာအစစ်မဟုတ်ဘူး မယ်တော်ကြီး ထိုလူစည်းစိမ်ချမ်း သာ နတ်စည်းစိမ်ချမ်းသာထက် အစပေါင်းများစွာချမ်းသာတဲ့ နိဗ္ဗာန်ချမ်းသာဆိုတာရှိသေးတယ်။
     ထိုနိဗ္ဗာန်ချမ်းသာရောက်ချင်ရင်ဖြင့် လူစည်းစိမ် နတ်စည်းစိမ်ဟုခေါ်သော လောကီအာရုံကာမဂုဏ်တို့ အပြစ်တွေကို မြင်အောင်ကြည့်ရတဲ့ မဂ္ဂကထာဟုဆိုသော ကာမာနံအာဒီန၀ကထာကို ဟောပြတော်မူ၏။
      ထိုကာမဂုဏ်တို့ရဲ့ အပြစ်တွေ မြင်တော့မှ နိက္ခမ အာနိသံသ၊ ထိုကာမဂုဏ်မှ ထွက်မြောက်အောင် ကျင့် ဆောင်ကျိုး ကုတ်အားထုတ်တဲ့ သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ ထိုသမာဓိဘာဝနာပွားများပုံ ပညာဘာဝနာ ပွားများပုံကိုလည်းကောင်း ထိုသမာဓိဘာဝနာကြောင့် ရရှိတဲ့အကျိုး၊ ပညာဘာဝနာကြောင့် ရရှိတဲ့အကျိုးတွေ ဖြစ်သော အနုပုဗ္ဗိကကထာကို ဟောတော်မူ၏။
   ထိုတရားတွေကို အစဉ်အတိုင်းဟောကြားလို့ ဒေသနာလည်းဆုံးရော မယ်တော်ကြီး ရူပသာရီ ပုဏ္ဏေးမကြီး သည် ရင်ထဲမှာ သိမ့်ကနဲ ညိမ့်ကနဲ အလွန်အေးချမ်းတဲ့အရသာကိုခံစားလိုက်ရ၏။
   မယ်တော်ကြီးလည်း သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် သို့ရောက်ရှိသွာလေပြီ။ သားကြီးသြရသဖြစ်သော အရှင်သာရိပုတ္တရာသည် မိမိပရိနိဗ္ဗာန်ပြုခါနီးဆဲမှာ အယူမှားနေသောမယ်တော်ကြီးကို အယူမှန် လမ်းမှန်ပေါ် သို့တင်ပေးကာ မယ်တော်ကြီးကို အမေ့နို့ဖိုးကြေအောင်ဆပ်ခဲ့ပါပြီ။
 သောတာပန်ဖြစ်သွားသောမယ်တော်ကြီးသည် ချစ်သားဥပတိဿသင်ဘယ်လိုလုပ်လိုက်တာလည်း ဒီလောက် ကောင်းတဲ့တရားကို ဟိုရှေးယခင်ကလာမဟောဘဲ ခုမှလာဟောရသလား သားကြီးကို ကရုဏာဒေါသဖြင့်
အပြစ်ပြောကာ မယ်တော်ကြီး ဓမ္မ ရသ ပိတိ သုခ ဖြင့် အကြေနပ်ကြီး ကြေနပ်နေတော့၏။
    အရှင်သာရိပုတ္တရာမထေရ်သည် မယ်တော်ကြီးကို တရားဟောပြီးပြီ မယ်တော်ကြီး ကိစ္စရှိလျှင် သွားနိုင်ပါပြီ ဟု သွားခွင့်ပေးလိုက်၏။သို့သော်မယ်တော်ကြီးသည် သားကြီးနေရာမှမခွာဘဲ သားကြီးကိုလက်အုပ်ချီလျှက်သာ သင့်တော်သည့် အရပ်မှာ နေလိုက်၏။
  အရှင်သာရိပုတ္တရာသည် ညီတော်စုန္ဒအားဘယ်အချိန်ရှိပြီလည်းဟုမေးမြန်းလေ၏။နောင်တော်ကြီး မိုးသောက် ယံ အာရုံကျင်း လင်းခါနီးပါပြီဟုလျှောက်ထား၏။သံဃာတော်များစုဝေးခေါ်ယူပြီး ငါ့ရှင်တို့ (၄၄)၀ါပတ်လုံး အတူ တူနေခဲ့ကြရတဲ့ငါ့ရှင်တို့အပေါ် ကာယကံမှု ၀စီကံမှု မနှစ်သက်တာများရှိရင် ခွင့်လွှတ်ကြပါဟု တောင်းပန်စကား ဆို၏။
 


Type your summary here. Type the rest of your post here.

No comments: