အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, September 24, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၅)





    အသုဘကို အခမဲ့ကူညီသည့်ကိစ္စသည် မြန်မာပြည်တွင်သာ ရှိမည်ဟုထင်၏။ မလေးရှားမှာရှိတဲ့ သုဘ ရာဇာတွေသည် မြန်မာပြည်က ရှေးခေတ်သုဘရာဇာတွေနှင့် စိတ်ထားစရိုက်တူညီတာတွေ့ရ၏။ မတူတာ ကတော့ အသုဘ အေးဂျင့်တွေ အသုဘပွဲစားတွေသည် အလွန်ချမ်းသာကြွယ်ဝတာတွေ့ရ၏။
      မဟာယာနဘုန်းကြီးကျောင်းတွေနှင့်ပေါင်းပြီး တည်ထားသော သုဿာန်တွေသည် ပန်းခြံထက် ပိုလှ ပါ၏။ သုဿာန်ဆိုသော်လည်း အပန်းဖြေစရာပန်းခြံကြီးတခုနှင့်တူနေ၏။ သုဿာန်ကြီးတွေကလည်း အလွန်ကြယ်ဝန်းလှသော တောင်ကြောတခုလုံးကို ရယူတည်ဆောက်ထားတာ တွေ့ရ၏။
      သုဿာန်ထဲတွင် ချမ်းသာသောရပ်ကွက် အလယ်အလတ် အဆင့်ရှိသောရပ်ကွက် ဆင်းရဲသားရပ် ကွက်ဟု ခွဲခြားထားတာတွေ့ရ၏။ ချမ်းသာသောရပ်ကွက်၏ မြေနေရာတွေသည် မလေးငွေ နှစ်သန်းတန် ထိအောင်ရှိ၏။ မိသားစုအလိုက် မြုတ်နှံဖို့ ၀ယ်ယူထားတာတွေ့ရ၏။ ချမ်းသာသည့် တရုပ်တွေများတော့ လည်း သုဿာန်တွေသည် အလွန်စည်ကားနေပါ၏။
     သုဿာန်ထဲတွင် စားသောက်ဆိုင်တွေလည်းရှိ၏။ အပန်ဖြေနားစရာ ထိုင်ခုံတွေလည်းထားပေး၏။ သုဿာန် တပတ်ပြည့်အောင်တော့ ကားနဲ့ပတ်မှအစဉ်ပြေ၏။ လမ်းတွေလည်း ကတ္တရာအပြည့်ခင်း ထား၏။ မြန်မာလုပ်သားတွေလည်း ဘုန်းကြီးတို့ ထိုသုဿာန်ရောက်ရှိခဲ့စဉ်ကတွေ့ခဲ့၏။ တပည့်တော် တို့ကို ပန်းခြံမှာအလုပ်ရမည်ဟု ခေါ်ဆိုလာခြင်းဖြစ်၏။ ဒီရောက်မှ သုဿာန်ဖြစ်နေတယ်ဟု သူတို့ခံစား ချက်တွေ လျှောက်ထားကြ၏။
     ဘုန်းကြီးတို့လည်း မြန်မာလေးတွေ စိတ်သက်သာရာရအောင် အေးကွာ သူတို့ပြောတာလည်း သိပ် မမှားပါဘူး သူတို့သုဿာန်တွေက ပန်းခြံထက်တောင် ပိုလှနေသေးတာဘဲဟု အာပေးစကားပြောကာ ဒီအလုပ်က ကုသိုလ်လဲရ ၀မ်းလည်းဝ အလုပ်ပါကွာ မင်းတို့စေတနာထားတတ်ရင် အကျိုးများပါတယ်ဟု ဆုံးမစကားပြောခဲ့ပါ၏။
     မလေးရှားသုဘရာဇာတွေ ချမ်းသာကြပုံကတော့ မြန်မာပြည် ရှေးခေတ်သုဘရာဇာတွေနဲ့ အကွာကြီး ကွာပါ၏။ စိတ်ထားခြင်းကတော့ သိပ်မကွာပါ၊ မလေးရှားသုဘရာဇာတွေလည်း အသုဘလာလေ သဘော ကြလေဖြစ်၏ သူတို့အတွက် အလွန်လဘ်ရွှင်လို့ ပျော်နေခြင်းဖြစ်၏။ လဘ်ရွှင်လို့ လဘ်လာဘရလို့ စီးပွား ဖြစ်လို့ ပျော်နေခြင်း ဖြစ်သောကြောင့် မသာကိုခုတုံးလုပ်စားသော သုဘရာဇာများသာဖြစ်ပါ၏။
     မြန်မာပြည်က ခုခေတ်သုဘရာဇာတွေသည် အသုဘကို အစဉ်ပြေအောင် အခမဲ့ကူညီပေးခြင်းဖြစ်၏။ ကာယအားနဲ့လည်း အပင်ပန်းခံကာ ကူညီတာတွေ့ရသလို စေတနာအလှနဲ့လည်း အားကျိုးမာန်တက် ဆောင်ရွက်ကူညီ တာတွေကလည်း တွေ့ရ၏။ ဓနအားဖြင့်လည်း အကုန်ကျခံ ဆောင်ရွက်နေတာတွေ့ရ၏  သူတို့ရဲ့ စေတနာ သူတို့ရဲ့ လုပ်အားအလှတွေသည် ဆောင်ရွက်နေသူ သူတို့တတွေရဲ့ မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်လျှက်ရှိပါ၏။

      မရှိနွမ်းပါးသူတွေ၏ အားကိုးရာဖြစ်ခြင်းဆိုသည်မှာ--- နေရေးထက်သေရေးခက်သည် ဆိုသည့်အတိုင်း မြို့ကြီးများတွင်နေသော လက်လုပ်လက်စားများ၏ဘ၀သည် တနေ့လုပ်မှ တနေ့စားရသည့် ဘ၀သမား များဖြစ်၏။စားရေးတောင် အနိုင်နိုင်ဘ၀တွင် နာရေးသေရေး ကိစ္စတွေပေါ်လာလျှင် ဘယ်လိုမှ ဆောင်ရွက် နိုင်စွမ်းမရှိပါ။ ယခုလို နာရေးကူညီမှုအသင်းတွေပေါ်လာမှ နာရေး သေရေးကိစ္စအတွက် အသက်ရှုချောင် သွားပါး၏။
    နာရေးကူညီမှုအသင်းတွေသည် ဆင်းရဲသားလူတန်းစားတွေ၏ အထူးအားကိုးရာအသင်းတွေဖြစ်၏။ နယ်မှ ဆေးလာကုကြသော နွမ်းပါးသူတွေလည်း မြို့ကြီးများတွင် နာရေးကိစ္စကြုံတွေ့လျှင် နာရေးကူညီမှု အသင်းတွေသာလျှင် သူတို့အတွက် အဓိက အားကိုအားထားရာဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: