အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, September 27, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၆)





   
     လူမျိုးမရွေး ဘာသာမရွေးအကူအညီပေးခြင်းဆိုသည်မှာ--ဆင်းရဲသားတွေ အဓိက အားကိုးရာဟုဆို သော်လည်း လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး အားလုံးကို စေတနာမေတ္တာဖြင့် ကူညီသူတွေ ကတော့ ယခုခေတ် သုဘရာဇာခေါ် အလွန်စိတ်ထားလှပသော နာရေးကူညီမှုအသင်းသူ အသင်းသား တွေသည် ယခုဘ၀မှာလည်း အလွန်စိတ်ထားလှပသလို နောင်သံသရာသွားရာခရီးလမ်းမှာလည်း ဘ၀ လှလှတွေကို ပိုင်ဆိုင်သူတွေဖြစ်မှာ သေချာပါ၏။

     မြင်မြတ်သောအလုပ်ကို မြင့်မြတ်သူတွေသာလုပ်နိုင်ခြင်းဆိုသည်မှာ----အသုဘလုပ်ငန်းကို လုပ်ဆောင် သူ မှန်သမျှကို လူသားအများစုသည် နိမ့်ကျသည်ဟု သတ်မှတ်ထားကြ၏။ ဒီအမြင်ရှုဒေါင့်သည် ခုခေတ် မှာတော့ သိပ်မမှန်ခြင်တော့ပါ၊ ရှေးခေတ်အယူသီးမှုတွေကြောင့်သာ နိမ့်ကျသည်ဟုထင်နေကြခြင်းဖြစ်၏။ ထိုအယူသီးမှုစနစ်ဆိုးကို ဒီနေ့ ဒီအချိန်တွင် ခေတ်သစ်သုဘရာဇာ အမည်ခံ စေတနာလှပသူ လူငယ်ခေါင်း ဆောင်တွေက တစ တစ ဖယ်ရှား လာတာကို ၀မ်းမြောက်ဖွယ်တွေ့မြင်ရပါ၏။
   တကယ်လက်တွေ့စဉ်းစားကြည့်မယ်ဆိုလျှင်လည်း ဆင်ခြင်တုံတရားရှိတဲ့သူတွေ သဘာဝတရား၏ အရှိ ကို အရှိတိုင်း မှန်မှန်ကန်ကန် လက်ခံသူတွေ၏ သဏ္ဍာန်တွင် သူသေကြီးကို အကြောင်းပြုပြီး ရှင်သူတွေ တရားဘ၀နာ ရရှိနိုင်ပါ၏။ မြတ်စွာဘုရားက ဒေ၀ဒူတသုတ်မှာ လူသားတွေ သံဝေဂဥာဏ်ရရှိဖို့အတွက် နတ်တမန်တော် သုံးဦးကို ဟောထားခဲ့ပါ၏။
    ထိုနတ်တမန်တော် သုံးဦးမှာ သူအို၊သူနာ၊သူသေ၊ ဖြစ်၏။ သူအိုကြီးမြင်လျှင်လည်း ငါသူ့လိုဘဲ အိုရအုံး မှာဘဲဟု ဆင်ခြင်ရမှာဖြစ်၏။ သူနာကြီး မြင်လျှင်လဲ ငါ သူလိုဘဲ နာရအုံးမှာဘဲဟု ဆင်ခြင်ရမှာဖြစ်၏။ သူသေကြီး မြင်လျှင်လဲ ငါ သူ့လိုဘဲ သေရအုံးမှာဘဲဟု ဆင်ခြင်တတ်ရန်ဖြစ်၏။ အဲဒီလို ဆင်ခြင်တတ်သူ ကို မြင့်မြတ်သော အတွေးအခေါ်ရှိသူ မြင့်မြတ်သောလူသားဟု ဆိုရမှာဖြစ်၏။
     အသုဘကို မသတီစရာ ရွံရှာဖွယ် အမင်္ဂလာဟု နိမ့်ကျသောအမြင်ရှိသူတွေသည် မိမိကိုယ်တိုင် မိမိ အတွေး အခေါ် မိမိအမြင်တွေသည် ဘာသာရေးအားဖြင့် အလွန်နိမ့်ကျသူတွေဖြစ်၏။ သူသေအလောင်း မိမိတို့ရွာ မိမိတို့ လမ်း မိမိတို့မြို့ကို ဖြတ်သွားတာကို ရွာနာသည် ရပ်ကွက်နာသည် မြို့နာသည်ဟု နိမ့်ကျ သည့်အမြင်ရှိသူတွေလည်း ဘာသားရေးကို လုံးဝမလိုက်စားသူတွေ ဘာသာရေး အသိဥာဏ်မရှိသူတွေ သို့မဟုတ် ဘာသာမဲ့တွေ ခပ်နိမ့်နိမ့် အမြင်ရှိသူတွေသာ ဖြစ်၏။
    ဘာသာရေးအသိဥာဏ်ကြွယ်ဝသူတွေကတော့ မိမိတို့ရွာ၊ မိမိတို့ရပ်ကွက်၊ မိမိတို့မြို့၊မိမိတို့အိမ်ရှေ့ လမ်းကို အသုဘ အလောင်းတခုဖြတ်သန်းသွားလျှင် အော်---ငါလည်း သူ့လိုဘဲ သေရအုံးမှာဘဲဟု ဆင် ခြင်ပြီး ဘာဝနာပွားလိုက်လျှင် သို့မဟုတ်--သူသေလို ငါလည်းအချိန်မရွေးသေနိုင်၏။ တကယ်လို့ ခုနေများ ဗြုံးခနဲ ဖြတ်ခနဲ ကွယ်လွန်ခဲ့လျှင် ငါ့မှာ အားကိုးစရာ ဒါန၊သီလ၊ဘာဝနာ၊လဲ လုံလောက်အောင်မရှိ၊ ဒီနေ့က စပြီး ဒါန၊သီလ၊ဘာဝနာ၊ကို ကျိုးစားပြီးဆောင်ရွက်တော့မယ်လို့ ဆင်ခြင်တတ်လျှင် မိမိအတွက် အမြတ် ဆုံး ကုသိုလ်တွေရှိလာမှာဖြစ်၏။
   ဘာသာရေးအသိဥာဏ်မဲ့သူတွေကတော့ မိမိတို့ရွာ၊မိမိတို့ရပ်ကွက်၊ မိမိတို့လမ်းတွေကို၊ အသုအလောင်း ၀င်လာလျှင် ရွာနာသည် ရပ်ကွက်နာသည်ဟု ဒေါသဖြစ်ကာ အကုသိုလ်တွေ ပွားကြ၏။ တခါတလေ မိမိ တို့လမ်းကို အသုဘ မ၀င်ရဟု ရေးထားသောဆိုင်းဘုတ်တောင် တတ်ထားကြ၏။ ဤလို နိမ့်ကျသော အတွေးအခေါ် ရှိသူတွေသည် တရားပြလို့ တရားပြမှန်းမသိတဲ့ ကုသိုလ်လား အကုသိုလ်လား ခွဲခြားမသိ တဲ့ လူညံ့တွေ၏ ဆင်ကန်းတောတိုး အမြင်တွေသာဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: