အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, September 29, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၈)





     အိပ်လျှက်သေသော မသာတွေများရခြင်း အကြောင်းကတော့ ပန်ကာညလုံးပေါက်ဖွင့်၍ အိပ်ခြင်းက အဓိက အကြောင်းအဖြစ်တွေ့မြင်ရ၏။ လူသားတယောက် သေခါနီးဆဲ နောက်ဆုံး မိန်းမောနေသော အချိန်တွင် လူ့ခန္ဓာကို ပူနေပါက စိုးရိမ်စရာမရှိ ခန္ဓာကို အေးစက်လာလျှင် သေဆုံးရန်သေချာတော့၏။ ဤအကြောင်းအရာလေးကို ဆင်ခြင်မိလျှင် အအေးဓါတ်သည် လူခန္ဓာကို မြန်မြန်သေဖို့ရန် နီးစပ်သော အကြောင်းတခုအဖြစ်တွေ့မြင်နိုင်၏။
      သို့သော် အသက်ကိုဥာဏ်စောင့်ဆိုသည့်အတိုင်း၊ အအေးဓါတ်ကို အလွန်အကျွန် မသုံးမိဖို့သာ အရေးကြီးပါ၏။ မိမိခန္ဓာကို၏ အနေအထားကို မိမိကိုယ်တိုင် သိထားဖို့လိုပါ၏။ မလေးရှားရောက် မြန်မာအများစုသည် ကျေးရွာများမှ အများဆုံးဖြစ်၏။ မြန်မာပြည်ကျေးရွာအများစုသည် လျှပ်စစ်မရှိတာ များပါ၏။ ရှင်းရှင်းပြောရလျှင်၊ လျှပ်စစ်ကို၊  အမြဲမသုံးဘူးသူက အများစုဖြစ်၏။
       မလေးရှားရောက်မှ ပန်ကာညလုံးပေါက် ဖွင့်အိပ်တာတွေ ဖြစ်လာ၏။ မိမိခန္ဓာကိုယ်က ဤမခံဘူးခဲ့ သည့် အအေးဓါတ်ကို၊ ကျိုက် မကျိုက်ဆိုတာ မိမိကိုယ်တိုင် ဆင်ခြင်တတ်ဖို့လိုပါ၏။ မလေးရှား ရာသီဥတု ကလဲ မိုးရွာနေသော အချိန်သာ နေသာထိုင်သာရှိ၏။ နေပူသောအချိန်သည် အလွန်ပူလှ၏။ အလုပ်မှ ပြန်လာသော ရွှေမြန်မာများ ဤအပူဒဏ်ကို မခံနိုင်တာနှင့် ကျောက်ပြားပေါ်တွင် အအေးခံလျှက် ပန်ကာ ကိုလည်း နံပါတ်ကုန် တင်ဖွင့်ကာ အိပ်စက်ခြင်းဖြစ်၏။
    ညဉ့်ဦးယံမှာ အပူရှိန်တွေကြောင့် မသိသာသော်လည်း၊ ညဉ့်နက်သန်းခေါင် ကျော်လာသောအခါ ပြင်ပ ကလည်း အပူဒဏ်ပျော့ကာ အအေးဓါတ်ပိုကဲလာ၏။ မိမိခန္ဓာကိုမှလည်း အပူဓါတ်အရှိန်တွေ ကျဆင်းလာ ၏။ ဤအချိန်တွင် မောမောနှင့်အိပ်ပျော်နေသော ဤလူသားသည်၊ ဘာမှမသိလျှက်နှင့် ထာဝရ အိပ်ပျော် သွားသူတွေ များသလို လေဖြတ်ကာ ဘ၀ဆုံးသူတွေလည်း များလှ၏။ မိမိခန္ဓာကိုယ်၏ အကြောင်းကို မိမိ ကိုယ်တိုင် ဆင်ခြင်၍ မလေးရှားတွင် ပိုက်ဆံပေးပြီး လာရောက်အသေခံတဲ့ မသာတွေ မဖြစ်ဖို့ တိုက်တွန်း ရခြင်းဖြစ်၏။
     မလေးရှားတွင် ၂၀၁၂-ခုနှစ်နောက်ပိုင်း မြန်မာပြည်မှ ဘာသာရေး ပဋိပက္ခတွေကြောင့် မလေးရှား ရောက် မြန်မာတိုင်းရင်းသားတွေသည် ဘာသာခြားတွေ၏ လက်တုံ့ပြန်မှုကို ခဏခဏ ရင်ဆိုင်တွေ့ကြုံရ ကာ သေဆုံးမှုတွေလည်း အမြဲတန်းကြားနေရပါ၏။ မလေးရှားတွင် မြန်မာတွေ အများဆုံး သေဆုံးနေရ သည့်အခါကာလဟု ဆိုရမှာဖြစ်၏ မလေးရှားရောက်မြန်မာတွေ သတိဝိရိယ အမြဲရှိဖို့လို၏ အမှောင်ထဲက ရန်သူကို မြင်နိုင်ဖို့ တော့ခက်ခဲ၏။
    သို့သော် သတိဝိရိယသည် အသက်ကို ဥာဏ်စောင့်သည့်နှယ်ဖြစ်၏ မိမိပတ်ဝန်းကျင်ကို အထူးဂရုပြု လေ့လာကာ နေထိုင်သွားလာမှသာလျှင် မိမိခန္ဓာကိုနဲ့ ခေါင်း အိုးစားမကွဲမှာဖြစ်၏။ မိမိတို့မြန်မာအခြင်းခြင်း သတင်းထူးရှိလျှင် တယ်လီဖုံးဖြင့်ဆက်သွယ်လျှက် သတိပေးရန် အထူးလိုအပ်ပါ၏။ မိမိတို့မျိုးနွယ် အန္တ ရာယ်တခုခု ကျရောက်ပြီဆိုလျှင် ၀ိုင်းဝန်းကူညီဖို့ လက်မနှေးပါနှင့် အရေးကြီးလျှင် သွေးနီးပါ၊ ဒါမှသာလျှင် ကိုယ့်အမျိုးကို ကိုယ်စောင့်ရှောက်ခြင်းဖြစ်ပါ၏။
    မလေးရှားတွင် ဒုတိယအများဆုံး အသေများတဲ့ မသာတွေကတော့ ဆိုင်ကယ် အက်ဆီးဒင့် ကားအက် ဆီးဒင့်ကြောင့် သေသောမသာတွေဖြစ်၏။ ဆိုင်ကယ်အက်ဆီးဒင့် ကားအက်ဆီးဒင့်အတွက် ကာကွယ်ရန် ဆောင်ပုဒ်ကတော့ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ ဆောင်ပုဒ်အတိုင်း လိုက်နာရုံသာရှိပါ၏။
   ကျန်းမာရေး မကောင်းလို့ သေဆုံးရခြင်းသည် မလေးရှားတွင် အနည်းငယ်သာရှိပါ၏။ မလေးရှားရောက် ရွှေ မြန်မာတွေ နိုင်ငံရပ်ခြားတွင် ကျန်းမာရေး ဂရုစိုက်သင့်၏။ မကျန်းမာလျှင် ချမ်းသာခြင်းသည် ဘာမှ အဓိပ္ပါယ်မရှိပါ ကျန်းမာမှ ချမ်းသာသမျှတွေသည် အရသာရှိရှိ ခံစားရမှာဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: