ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း မိမိတို့ရဲ့ထင်ရှားကျော်ကြားမှုတွေကို
သာယာမိန်းမောမနေဘဲ လူသားအများစု ရွံရှာဖွယ်ဟုထင်နေသော တဲသာသာ
ဆင်ရဲချို့တဲ့သောအိမ်တွေမှ ဤသူသေအလောင်း တွေကို မကြောက်မရွံ့ ကိုယ်တိုင်သယ်ယူကာ
အသုဘကားတွေကို ကိုယ်တိုင်မောင်းလျှက် သူတို့ဘ၀ သူတို့အလှတွေပေါ်တွင် အလွန်မွန်မြတ်သော
စိတ်ထားလှပသူတွေအဖြစ် မှတ်တမ်းတင်နိုင်တာ တွေ့ရှိ ရ၏။
နိုင်ငံတကာအလှမယ်ပြိုင်ပွဲဝင်တွေလည်း
မိမိတို့ရဲ့ထင်ပေါ်ကြော်ကြားမှုတွေကို လူမှုရေးဆိုတဲ့ ပရဟိတ လုပ်ငန်းတွေမှာ
ကောင်းကောင်းအသုံးချကာ နာရေးကူညီမှုအသင်းတွေနဲ့လက်တွဲလျှက် သူသေထဲ့ထား သည့် အခေါင်းတွေကို
ကိုယ်တိုင်သယ်ယူကာ ရုပ်အလှပေါ်ကို စိတ်အလှတွေထပ်ဆင့်ကာ လောကရဲ့ အလှသရဖူကို မိမိတို့
ကိုယ်ပေါ်တွင် မိမိတို့ကိုယ်တိုင် သရဖူတွေ ထပ်ဆင့် ထပ်ဆင့် ဆောင်းနေသူတွေ ဖြစ်၏။
စီးပွားရေးလုပ်ငန်းရှင်တွေလည်း မိမိတို့၏ ကြွယ်ဝလှတဲ့
စည်းစိမ်ဥစ္စာတွေအပေါ် ယစ်မူးမနေဘဲ လူသား တွေအတွက် နေရေးထက် သေရေးခက်သော
ခုခေတ်ကြီးတွင် နာရေးကိစ္စပေါ်လာသည့်အခါ မိမိတို့ကိုယ် တိုင် ဆောင်ရွက်ပေးတဲ့
စီးပွားရေးလုပ်ငန်းရှင်တွေရှိသလို ဆောင်ရွက်နိုင်သောနာရေးကူညီမှုအသင်းတွေ ကို
ငွေကျေးဓန လှူဒါန်းကာ ဓနဖြင့်လှပနေမှုပေါ်တွင် စိတ်ထားအလှတွေဖြင့် ပိုမိုလှပနေတာ
တွေ့မြင်ရ ပါ၏။
ဘာသာရေးခေါင်းဆောင်တွေလည်း ဘာသာရေးအလုပ်တွေဘဲ
လုပ်နေလို့မဖြစ် ခုခေတ်အခါတွင် လစ် ဟာနေသော လူမှုရေးအလုပ်တွေကိုလည်း လိုအပ်လာလျှင်
လိုအပ်သလို ထောင့်ပေါင်းစုံမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်မှသာ မိမိတို့ဘာသာ
မိမိတို့လူမျိုးအတွက် တာဝန်ကျေသောခေါင်းဆောင်ဖြစ်နိုင်၏။
နာရေးကိစ္စတွေ ပေါ်လာသည့် အခါ
မိမိကိုယ်တိုင်ဆောင်ရွက်နိုင်လျှင် ဆောင်ရွက်ပေးရ၏။ ကိုယ်တိုင် ဆောင်ရွက်ဖို့ခက်ခဲလျှင်
ဆောင်ရွက်နိုင်သူတွေကို စီစဉ်ညွန်ကြားပေးရ၏။ သို့မှသာ ခေါင်းရှောင်မဖြစ်ဘဲ ခေါင်းဆောင်ဖြစ်ကာ
လူသားတွေ၏တကယ်အားကိုးထိုက်သူ စိတ်ထားမွန်မြတ်သောခေါင်းဆောင်ကောင်း ဟု
သတ်မှတ်ခံရမှာဖြစ်၏။
ရွာ၊ရပ်ကွက်၊မြို့နယ်တိုင်းတွင်
မိမိတို့နိုင်သမျှဆောင်ရွက်နေသော နာရေးကူညီမှုအသင်းလေးတွေ မြန် မာပြည်တွင်
များစွာရှိပါ၏။ သူတို့အသင်းလေးတွေ၏ လုပ်ဆောင်ချက်လေးတွေလည်း အလွန်မွန်မြတ်တာ
တွေ့ရပါ၏။ လူတိုင်း လူတိုင်း၏ စိတ်သဏ္ဍာန်တွင်
ဒီလိုပရဟိတစိတ်လေးတွေပေါက်ဖွားလာခြင်းသည် တိုင်းပြည်အတွက် ကောင်းသောလက္ခဏာဖြစ်၏။
အရပ်ကောင်းမှ အလောင်းလှခြင်းသည်၊ ရွာ၊ရပ်ကွက်၊ မြို့နယ်၊ အသင်းလေးတွေပေါ်မှာ
များစွာတည်နေပါ၏။ သူတို့ရဲ့ဘ၀ကို သူတို့ရဲ့စေတနာအလှတွေဖြင့် တန်ဆာဆင်နေခြင်းဖြစ်ပါ၏။
မသာကိုခုတုံးလုပ်၍
လုပ်မစားခြင်းဆိုသည်မှာ--- ရှေးခေတ်သုဘရာဇာတွေသည်
မသာကို အကြောင်း ပြုပြီး စီးပွားရှာကာ ၀မ်းရေးကို ဖြည့်တင်းခြင်းဖြစ်၏။
ခုခေတ်သုဘရာဇာခေါ် နာရေးကူညီမှု အသင်းတွေ သည် အသုဘတွေကို
အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်၏။ ရည်ရွယ်ချက် လုပ်ဆောင်ချက် စေတနာထားပုံ တွေသည်
ရှေးခေတ် သုဘရာဇာတွေနှင့် ခုခေတ်သုဘရာဇာတွေ ဘယ်လိုမှနှိုင်းယှဉ်လို့မရပါ။
ရှေးခေတ်သုဘရာဇာက
အသုဘလာလျှင် လဘ်ရွှင်လို့ လဘ်ရလို့ လဘ်ကိုနှစ်သက်လို့
သုဘရာဇာဟု ခေါ်ခြင်းဖြစ်၏။ ခုခေတ်သုဘရာဇာတွေကတော့ စေတနာလှပလို့ စိတ်ထားမွန်မြတ်လို့ ဘ၀အတွက်အနစ် နာခံပြီး စွန့်လွှတ်ရဲတဲ့
သတ္တိရှိလို့ သုဘရာဇာဟု ခေါ်ဆိုခြင်းဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment