မြန်မာလူမျိုး အများစုသည် လူသေလျှင်
သေသူ၏ပါးစပ်ထဲသို့ ကုတို့ခ ငွေတမတ်ထည့်သည့် အစွဲသည်၊ အတော်လေး စူးစူးနစ်နစ်
ဝင်ရောက်နေရာယူထားသော အစွဲတခုဖြစ်၏။ ထိုငွေတမတ်ကို ဘာ့ကြောင့် ထည့်ရသနည်း
ဆိုတာကိုတော့ သေသေချာချာမသိကြပါ၊ ရှေးလူတွေထည့်တာတွေလို့ နောက်လူတွေ
လိုက်ထဲ့နေကြတာက အများစုဖြစ်မည်ထင်၏။
မြစ်မရှိသော ရွာတွေ၌ သုဿာန်တွင်
အမြဲနေထိုင်ကြသော သုဘရာဇာတွေရှိ၏။ မြို့ထဲ၊ ရွာထဲ၊မှ အသုဘကိစ္စ ပေါ်လာလျှင် ရှေးခေတ်ငွေကျေးက
တန်ဖိုးရှိသည့်အတွက်၊ ထိုသူသေအလောင်းကို မြုတ်နှံဖို့ တွင်းတူးခ မြုတ်နှံခအဖြစ်
သေသူ၏ပါးစပ်ထဲတွင် ငွေတမတ်ထည့်ပေးလိုက်ရ၏။
သုဿာန်မှာရှိသော သုဘရာဇာတွေသည် သုဿာန်သို့
အသုဘရောက်လာလျှင် သူတို့လုပ်အားခ၊ ခု ခေတ်ဆိုလျှင် ၀န်ဆောင်ခပေါ့၊ သေသူ၏ ပါစပ်ထဲမှ
ငွေတမတ်ကို ထုတ်ယူ၏။ ထိုငွေတမတ်ပါမှသာလျှင် သုဘရာဇာတွေသည် မြေတွင်းတူးပြီး
သူသေအလောင်းကို မြေတွင်မြုတ်နှံပေး၏။
ရှေးခေတ်အလောင်းတလောင်း
မြေကျဖို့အတွက် ငွေတမတ်ရှိလျှင် ကိစ္စပြီးသည်ဟု ဆိုရမှာဖြစ်၏။ ခုခေတ်သုဘရာဇာတွေ
ကုတို့ခ ငွေတမတ်နှင့်တူသော ၀န်ဆောင်ခတွေ အများကြီးပေးနေရ၏။
မလေးရှားမှာ မြန်မာတယောက်သေဆုံးပါက
အိုဗာစတေးဆိုလျှင် ကတို့ခ-သို့မဟုတ် ၀န်ဆောင်ခသည် ၁၅၀၀-ရင်းဂစ်
ဝန်းကျင်လောက်ဆိုလျှင် အလောင်းမြေကျနိုင်၏။ ဈေးချိုသည်ဟု ပြောနိုင်၏၊
ရဲနဲ့ပေါင်းပြီး အစဉ်ပြေအောင် ပို့ဆောင်လိုက်ခြင်းဖြစ်၏၊ ဒီနေ့သေ နောက်တရက်
သင်္ဂြိုလ်လို့ရ၏။ အိုဗာစတေးဆိုလျှင် ကတို့ခ ဈေးလဲချို၏၊ အသုဘကို
မြန်မြန်ချလို့လည်းရ၏။
ပါမစ်ရှိတဲ့မြန်မာတယောက် သေဆုံးပြီဆိုလျှင်၊
ကတို့ခ-သို့မဟုတ် အသုဘအေးဂျင့်ခသည်၊ ၃၀၀၀-ရင်းဂစ်ဝန်းကျင်လောက် ကုန်ကြမှုရှိ၏။
ကိုယ်သင်္ဂြိုလ်ချင်တဲ့ရက်လည်း သင်္ဂြိုလ်လို့မရပါ၊ သံရုံးခွင့်ပြုချက်၊
ဆေးရုံခွင့်ပြုချက် မလေးရှား သက်ဆိုင်ရာ၏ ခွင့်ပြုချက်တွေ ပါရှိမှ
သင်္ဂြိုလ်ရသည့်အတွက် တခါတလေ အသုဘရက်လည် ဆွမ်းကြွေးပြီးတဲ့အထိ၊ အသုဘ မသင်္ဂြိုလ်ရသေးပါ။
မလေးရှားမှာ အိုဗာစတေးသေလျှင် သင်္ဂြိုလ်ရတာလွယ်ကူသလောက်၊
ပါမစ်ရှိတဲ့လူသေလျှင် သင်္ဂြိုလ် ရတာ အတော်ခက်ပါ၏။ ကတို့ခ-သို့မဟုတ် အေးဂျင့်ခလည်း
အိုဗာစတေးဆိုလျှင် ဈေးချို၍၊ ပါမစ်ရှိတဲ့လူ ဆိုလျှင် ဈေကြီးပါ၏။
ရှေးခေတ်သုဘရာဇာတွေ တမတ်ရလျှင်
ကျေကျေနပ်နပ် သင်္ဂြိုလ်ပေး၏။ ခုခေတ်သုဘရာဇာတွေကို တမတ်ပေးလို့ကတော့
အဆဲခံရမည်သာဖြစ်၏။ ခုခေတ် ကတို့ခသည် ရှေးခေတ်ထက် အစပေါင်းများစွာ ဈေးကြီး၏၊
ခုခေတ်သုဘရာဇာတွေလည်း သူဋ္ဌေးတွေဖြစ်နေ၏။
မြန်မာပြည် ရန်ကုန်မှာလည်း ရေဝေးသုဿာန်တို့
ထိန်ပင်သုဿာန်တို့မှာလည်း အသုဘထားခ၊သင်္ဂြိုလ် ခတွေလည်း ထောင်သောင်းချီ ပေးရ၏။
ထိုသို့ပေးရခြင်းသည် ရှေးခေတ်အသုဘပါးစပ်ထဲ ပိုက်ဆံတမတ်
ထည့်ပေးတာနှင့်အတူတူပင်ဖြစ်၏။
မြန်မာပြည် ကျေးရွာများတွင်
ယာယီသုဘရာဇာတွေရှိ၏၊ အသုဘရှိလျှင် သူတို့ကို ဖိတ်ခေါ်ပြီး၊ မြေတူး မြေမြုတ်ဖို့
အကူအညီတောင်းရ၏။ သူတို့အတွက်လိုအပ်သည့် ကွမ်းဆေးလက်ဖက်အပြင် သူရာကိုလည်း
တောင်းသမျှပေးရ၏၊ လိုအပ်သည်ငွေကျေးလည်းပေးရ၏၊ ထိုယာယီသုဘရာဇာတွေကို ကုန်ကြငွေတွေ
ပေးရခြင်းသည်လည်း ကတို့ခပင်ဖြစ်ပါ၏။
မြန်မာလူမျိုးတွေ ကတို့ခတွေ
အများကြီးပေးနေရတာကို သေသေချာသဘောမပေါက်ဘဲ၊သူသေကောင် ပါးစပ်ထဲ
ပိုက်ဆံတမတ်ထဲ့နေခြင်းဖြစ်၏။ ခုခေတ် ကတို့ခသည်၊ ရှေးခေတ်ကတို့ခထက် အစပေါင်း များစွာ
ပေးနေရသည်ဆိုတာ သဘောပေါက်နားလည်ပြီး ကတို့ခပိုက်ဆံ သူသေကောင်ပါးစပ်ထဲ ထဲ့သင့်
မထဲ့သင့် ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရမည်ဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment