မြန်မာပြည် ငွေမပို့နိုင်မှာစိုးလို့
ကျန်းမာရေးအတွက် ဆေးဝါးကုသမှု မခံယူဘဲ ဇွတ်ပေတေတေ လုပ်နေ သော ရွှေတွေရှိသလို အလုပ်မကောင်းလို့
ငွေမတတ်နိုင်တာနှင့် ဆေးကုသမှုမခံယူဘဲ ကျန်းမာရေးချို့ ယွင်းပြီး ရောဂါကျွမ်း၍
ဘ၀နိဂုံးချုပ်သွားသော ရွှေတွေလဲ သနားစရာအဖြစ်တွေ့မြင်ခဲ့ရဘူးပါ၏။
ယ္ခင်က နာရေးကူညီမှုအသင်းသာတွေ့ရ၏၊
ကျန်မာရေးကူညီမှုအသင်းတော့ မလေးရှားတွင် မတွေ့ရ သေးပါ၊ လိုအပ်လျှင် ၀ိုင်းထောက်ပန့်တာမျိုးတော့
တခါတလေ တွေ့မြင်ရ၏။ ကျန်းမာရေးသည် လူသား အတွက် အလွန်အရေးကြီးပါ၏။
ချေးငှားလာသော ကြွေးကြေရေးအတွက်
မိမိဖြစ်သလိုသာစားပြီး အာဟာရချို့တဲ့၍ မကျန်းမာသည့် အဖြစ်မျိုးလည်း မဖြစ်ပါစေနဲ့
အပ်နှင့်ထွင်းရမည့်ရောဂါကို ဓါးနှင့်ခွဲရမည့် အဆင့်မျိုးရောက်အောင် မချိုးခြံ
မချွေတာပါနဲ့ ကျန်းမာ၍ ချမ်းသာလာတာကိုဘဲ သင်မိသားစုက မျှော်လင့်နေသည်ဆိုတာ
သတိရစေလျှက် ကျန်းမာရေးကို ဂရုစိုက်ရန် မလေးရောက်ရွှေမြန်မာတွေကို တိုက်တွန်းပါ၏။
အိပ်ပျော်၍သေသွားသောအသုဘ
တခုသောနေ့တွင် စာဒန်းဘက်မှ နာရေးတခု
သရဏဂုံတင်လာပင့်၏။ ကားပေါ်တွင် လာပင့်သော ဒကာအား ဘာဖြစ်လို့သေတာလည်းဟု မေးကြည့်တော့
အိပ်ခြင်းနဲ့ သေသွားတာဘဲဟုပြော၏။ မင်းတို့ လည်း သတိထားအိပ်ပေါ့ကွာ
အိပ်ခြင်းနဲ့သေသွားလို့ မသိလိုက်ဘဲ
ဖြစ်နေအုံးမည်ဟု သတိပေးလိုက်၏။
လာပင့်သောကားသည် စာဒန်းဆေးရုံသို့
ဘုန်းကြီးကို ပင့်သွား၏။ ဆေးရုံမှ အသုဘကားနှင့်အတူ ပီဂျေ သုဿာန်သို့
ထွက်ခွာလာခြင်းဖြစ်၏။ ပီဂျေသုဿာန်ရောက်သောအခါ သုဿာန်ခန်းမတွင် သရဏ ဂုံတင်ခြင်း
အခန်းအနားပြုလုပ်၏။ စက်ရုံသူဋ္ဌေးတွေလည်း ကိုယ်တိုင်လိုက်ပို့တာတွေ့ရ၏။စက်ရုံမှလုပ်ဖေါ်
လုပ်ဖက် တခြားနိုင်ငံသားတွေလည်း လိုက်ပါပို့ဆောင်တာတွေ့ရ၏။
ဘုန်းကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ပြီး
အသုဘတရား အနည်းငယ်ဟောကြား၍ ရေစက်ချ အမျှဝေပေး လိုက်၏။ အသုဘသေတ္တာနားကို
ပရိတ်သတ်အားလုံးဝိုင်းစေလျှက် မရဏာနုဿတိ သံဝေဂ ကဗျာများကိုဘုန်းကြီးရှေးမှတိုင်ပေး၏။
ပရိတ်သတ်အားလုံး သံဝေဂဖြစ်အောင် ရွတ်ဆိုစေလျှက်
Áမေ ပဉ္စက္ခန္ဓာ ဂါထာကို ရွတ်ဆို
အနက်ပေးပြီး သာဓုသံမြိုင်မြိုင်ဖြင့် သရဏဂုံတင် အခန်းအနားကို အဆုံးသတ် လိုက်၏။
ဘုန်းကြီးတို့ ကိစ္စတော့ပြီးပြီ၊
ဒကာတို့ကိစ္စရှိသေးလျှင် ဆက်လုပ်ပါဟု ခွင့်ပေးလိုက်၏။ ဘုန်းကြီး အတွေ့ အကြုံအရ
စက်ရုံမှ အမိန့်ပြန်တန်းတွေ လုပ်တတ်တာမို့ ဘုန်းကြီးက ခွင့်ပေးလိုက်ခြင်းဖြစ်၏။ သို့သော်
ဘုန်းကြီးထင်ထားတာနှင့် အသုဘလိုက်ပို့သူတွေ လုပ်လိုက်ပုံကတော့ တခြားစီ ဖြစ်နေ၏။
သေသူနှင့် သက်ဆိုင်သော ဒကာတို့သည်
ခွါပြီးသော အုံးသီးတလုံးနှင့် ဓါးယူလာပြီး အသုဘမျက်နှာ ပေါ် ခွဲချ၍ အုံးရေလောင်းချပြီး အုံးသီးအချမ်းတွေကို
နောက်ပြန်ပြစ်လိုက်တာတွေ့ရ၏။ မမြင်မစမ်းရမ်းပြစ် တော့ မျက်နှာကျက်တွင်
တပ်စဉ်ထားသော မီးချောင်းကို ထိမှန်ကာ ကွဲကြပါလေတော့၏။ နောက်မှာရှိနေ သော လူတွေ၏
ခေါင်းကိုမမှန်တာဘဲ ကံကောင်းလှပါ၏။
သုဿာန်မှ သုဘရာဇာ ကုလားတွေ၏
ဆဲဆိုငေါက်ငန်းတာကို လက်တွေ့ကြုံလိုက်ရ၏။ ပါလာသော ရေအိုးကိုလည်း ခွမ်းကနဲမြည်အောင်
အောက်ပြစ်ချခွဲလိုက်တော့ အသုဘလိုက်ပါပို့ဆောင်ကြသော စက်ရုံ သူဋ္ဌေးတွေနှင့်
နိုင်ငံခြားလုပ်သားတွေ သုဘရာဇာကုလားတွေသည် အံ့သြသော အမူအရာတွေ အထင် သေးသော
အမူအရာတွေနှင့် ကြည့်ရှုနေတာတွေ့ရ၏။
မြန်မာတွေသည် အသုဘသေတ္တာထဲကို ဆေးလိပ်ထဲ့သူကထဲ့ ထမင်းထုတ်ထဲ့သူကထဲ့
ပိုက်ဆံထဲ့သူ ကထဲ့၊ သေသူကြိုက်တတ်သည့် အစားအစာနှင့် အရက်ပုလင်းတွေပါ ထဲ့တာတွေ့ရ၏။
တချို့အသုဘတွေ အရက်တွေ လောင်းချတာတောင်တွေ့ရ၏။ ရှေးရိုးအစဉ်လာဘဲလား မိရိုးဖလာ
ထုံးတမ်းအစဉ်အလာလား Type your summary here. Type the rest of your post here.
No comments:
Post a Comment