ဆရာတော်------သေသူ၏
ဝတ်စုံတစုံချပြီး ကော်ပီတိုက် ထမင်းကျွေးနေတာတွေ့ရတယ် ဒီလိုလုပ်ရမယ်
လို့ဘယ်သူတွေက
ပြောခဲ့တာလည်း-----------------------?
ဒကာ------------ရှေးလူတွေ
လုပ်တာမြင်ပြီး တပည့်တော်တိုလည်း လိုက်လုပ်တာပါဘုရား။
ဆရာတော်------သုဿာန်ကနေ
သစ်ရွက်ညွန့်လေးနဲ့ ၀ိညာဉ်ခေါ်လာတာကကော တကယ်လိုက်လာ
သလား------?
ဒကာ------------အဲဒါလဲ
ရှေးလူတွေ လုပ်တာမြင်လို့ လိုက်လုပ်တာပါဘုရား။
အသုဘနှင့် ပတ်သက်ပြီး မြန်မာတွေ ရိုးရာဓလေ့လိုလို၊ ရှေးလူကြီးတွေ
လုပ်တာမြင်လို့ နောက်လူ တွေ လိုက်လုပ်နေတာလိုလို မြင်တွေ့နိုင်ပါ၏။
ဘာမှနားမလည်သည့် ရှေးပုဂ္ဂိုလ်တွေက မိမိမြင်ဘူး တွေ့ ကြုံဘူးခဲ့သည့် အတိုင်း
မိမိလုပ်နေတာကို မိမိကိုယ်တိုင် ဘာမှမသိဘဲ ရှေးကနေ ထင်ရာတွေ မြင်ရာတွေ ကို
လုပ်ပြ၏။
ဘာမှမသိသည့်
နောက်မျိုးဆက်သစ်လူငယ်တွေကလည်း၊ သြော်--အသုဘ--ဆိုတာ ဒီလိုလုပ်ရပါ လားဆိုပြီး
လိုက်မှတ်ကာ မိမိတို့လက်ထက်မှာ မိမိတို့လည်း သေသေချာချာ ဂဃနန မသိဘဲ ရှေးလူတွေ
လုပ်သည့်အတိုင်း ဆက်လုပ်ပြန်၏။ နာမလည်တဲ့သူ လုပ်ခြင်ရာလုပ်တာကို မသိတဲ့လူတွေက အစဉ်
အဆက်လုပ်လာသောကြောင့် အမှားကြာလို့ အမှန်ဟုထင်နေသော မြန်မာ့ရိုးရာဓလေ့များကို
များစွာတွေ့ မြင်နေရပါ၏။ မြန်မာရိုးရာဓလေ့တွေကို မြတ်စွာဘုရားဟောထားသည့်
တရာတော်နှင့်အညီ သုံးသပ် ဆင်ခြင်ဖို့တော့ လိုလာပြီ။
မြတ်စွာဘုရားက ကာလာမသုတ်တွင်၊ မိဘဘိုးဘွား
အစဉ်ဆက်စကားဆိုပြီး၊ မယုံလေနဲ့ဦး၊ ဤ တရားသည် အပြစ်ရှိသောတရားလား၊
အပြစ်ကင်းသောတရားလား၊ ပညာရှိသူတော်ကောင်းတွေ ချီးမွမ်း သောတရားလား၊ ကဲ့ရဲ့သောတရားလား၊လက်တွေ့လုပ်ဆောင်လျှင်လည်း
အကျိုးစီးပွားရှိသလား၊ အကျိုး စီးပွားမဲ့ကိုဖြစ်စေလားဟု ဆင်ခြင်သုံးသပ် ဆုံးဖြတ်ရမည်ဖြစ်၏။
မလေးရှား သုဿာန်တွေတွင် တနင်္ဂနွေလိုပိတ်ရက်၌
အသုဘချချိန်သည် နာရီဝက် တနာရီသာ အချိန်ရ၏။ ရှေးအသုဘ အခမ်းအနားပြုလုပ်နေချိန်တွင်
နောက်အသုဘသည်စောင့်ဆိုင်းနေတာတွေ့ရ၏။ စူးစမ်းတတ်သော လူတို့၏ သဘော သဘာဝအတိုင်း
ရှေးအသုဘကို နောက်အသုဘပို့သူတွေက လေ့လာ ကြ၏။ နိုင်ငံရပ်ခြားမှ အသုဘဆိုလျှင်
ပိုလို့တောင် စိတ်ဝင်စားတာတွေ့ရ၏။ စာရေးသူလည်း လေ့လာဘူး သောကြောင့်ဖြစ်၏။
စက်ရုံသူဋ္ဌေးတွေ နိုင်ငံခြားရောက်
သူငယ်ချင်းတွေနှင့် တခြားနိုင်ငံသားတွေပါ ၀ိုင်းကြည့်နေချိန်တွင် ဒို့မြန်မာတွေ
ရိုးရာဓလေ့လိုလိုနှင့် ထင်ရာလျှောက်လုပ်နေမယ်ဆိုလျှင် လူမျိုးသိက္ခာကျသည့်အပြင်
မိမိတို့ အမြတ်တနိုး ကိုယ်းကွယ်သော ဘာသာပါ သိက္ခာကျတတ်ပါ၏။ သြော်--ထေရ၀ါဒ
ဗုဒ္ဓဘာသာဆိုသည်မှာ အဆင့်အတန်း ခပ်နိမ့်နိမ့် လုပ်ချင်တာလုပ်နေသော ဘာသာဟု
မြင်သွားနိုင်ပါ၏။
သေသူသည် သူပြုလုပ်ခဲ့သည့် ကုသိုလ်ကံ
အကုသိုလ်ကံအတိုင်း နောက်ဘ၀တွင် ခံစားစံစား ရမည် သာဖြစ်၍ အုန်းသီးခွဲပြီး
သေသူမျက်နှာပေါ်လောင်းချခြင်းသည်၊ဘာကျေးဇူးမှ များမည်မထင်ပါ မဆင်မခြင်
နောက်ပြန်ပြစ်မိသောကြောင့်သာ သုဘရာဇာတွေ၏ ငြိုငြင်ခံရခြင်း၊ နိုင်ငံရပ်ခြား တိုင်တပါးသားတွေ၏
အထင်သေးခံရခြင်း၊အသုဘပို့သူတွေ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ ကိုယ့်လူမျိုး
သိက္ခာကျခြင်း၊ ကိုယ့် ဘာသာကို အထင်သေးခံရခြင်း။
Type your summary here. Type the rest of your post here.
No comments:
Post a Comment