ဝိညာဉ်ကောင်ခေါ်ယူခြင်း
အသုဘချပြီး
သုဿာန်မှ သစ်ရွက်ညွန့်လေး ပန်းခက်လေးဖြင့် ၀ိညာဉ်ကောင်ပြန်ခေါ်သည့် သဘော လည်း တွေ့မြင်ရ၏။
ဤအယူဝါဒတွေကို ကိုယ်တိုင်လုပ်ဆောင်နေခြင်းသည်၊ အတ္တဆိုသည့် အသက် ၀ိညာဉ်ကောင်လေး
ရှိသည်ဟု၊ လက်ခံရာရောက်နေ၏။
မြန်မာဗုဒ္ဓဘာသာသည်၊ ထေရ၀ါဒဗုဒ္ဓဘာသာဟု
ကြွေးကျော်နေသော မြန်မာတို့သည်၊ ထေရ၀ါဒဗုဒ္ဓ ဘာသာ၏ လက်ခံထားသော အနတ္ထဒါဒကို
တကယ်ဘဲမသိလို့လား၊ သိလျှက်နှင့် မသိချင်ယောင်ဆောင် ပြီး၊ ၀ိညာဉ်ကောင်လေးကို
လက်ခံသည့် အတ္တ၀ါဒကို လက်ခံကျင့်သုံးနေတာလားဟု မေးစရာဖြစ်လာ၏။
တကယ်တော့ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည်၊
မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေသာဖြစ်၏၊ အဖေ ဗုဒ္ဓဘာသာ အမေဗုဒ္ဓဘာသာကြောင့်၊
ဗုဒ္ဓဘာသာဝင်ဖြစ်လာသူက အများစုဖြစ်၏။ မိမိတို့ကိုယ်းကွယ် သော ထေရ၀ါဒဗုဒ္ဓဘာသာ၏
အကြောင်း၊အကျိုးဆက်စပ်မှု အနတ္တ၀ါဒကို သေသေချာချာမသိပါ၊ ရှေးက ပြောခဲ့သည့်
ဝိညာဉ်ကောင်လေး ရှိသည့်အတ္တ၀ါဒကိုသာ၊ မိမိတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဟု ထင်နေသူက အများစုဖြစ်နေ၏။
ကိုယ်းကွယ်တော့ အနတ္တ၀ါဒ လက်တွေ့လုပ်နေတာက အတ္တ၀ါဒဖြစ်နေ၏။
အသုဘကိစ္စတခုပေါ်လာလျှင်
ထေရ၀ါဒအနတ္တ၀ါဒအကြောင်းကို သေသေချာချာ နားမလည်တဲ့ ပုဂ္ဂိုလ်တွေက မိမိတွေ့ကြုံဘူးတဲ့
ရှေးအသုဘတွေ၏ အတွေ့အကြုံကို မှတ်ထားပြီး၊ သူတို့လက်ထက်တွင် ထင်ရာလုပ်ပါတော့၏၊
နောင်လာနောင်သားတွေကလည်း ရှေးလူတွေလုပ်တာကို မှတ်ထားပြီး သူတို့ လက်ထက်ကြ
ဆက်လုပ်ပြန်၏။
ရှေးက ယောင်ချာချာ ဘာသာရေးသမားတွေက နားလည်သလိုလိုနဲ့
ထင်ရာလုပ်ပြ၏၊ ဘာမှမသိတဲ့ နှောင်းလူငယ်တွေလည်း လိုက်မှတ်ကာ သူတို့လက်ထက်
ထင်ရာလုပ်ပြန်၏။ ဒီလိုနဲ့ဘဲ အမှားသံသရာ ကြီး ရှေကြာလာကာ အမှန်ဟု
ထင်နေကြခြင်းဖြစ်၏။
ထေရ၀ါဒ အနတ္တ၀ါဒသည်၊ အသက်ဝိညာဉ်ကောင်၊ လိပ်ပြာကောင်ဆိုသည့်
အတ္တကောင်လေးရှိသည် ဆိုတာကို လက်မခံပါ၊ သတ္တ၀ါတဦးဦးသည် ယခုဘ၀မိမိပြုလုပ်ခဲ့သော
ကုသိုလ် အကုသိုလ် အကြောင်း သည်၊ နောင်ဘ၀တွင် အကျိုးဆက်အဖြစ်၊ ဖြစ်ပေါ်လာခြင်းကိုသာ၊
ယုံကြည်သော အနတ္တ၀ါဒဖြစ်၏။
ကိုယ်းကွယ်တာက အတ္တ၀ိညာဉ်ကောင် လက်မခံသည့်
အနတ္တ၀ါဒ၊ လုပ်နေတာက ၀ိညာဉ်ကောင် လေးကို လက်ခံသည့်အတ္တ၀ါဒဖြစ်နေ၏။
မိရိုးဖလာရိုးရာဓလေ့ဟု ပြောဆိုကာ အုန်းသီးခွဲ၊ ရေအိုးခွဲ၊ ထမင်းထုတ်ထဲ့၊ ပိုက်ဆံထည့်သည့်ကိစ္စတွေသည်၊
မြတ်စွားဘုရားတရားတော်နှင့် သုံးသပ်ဆင်ခြင် ကြည့်လျှင်လည်း၊ ဘာမှ ကျေးဇူးများတာ မတွေ့ရပါ။
ခေတ်အမြင်နှင့် ကြည့်မယ်ဆိုလျှင်လည်း၊
ဒစ်စကာဘာရီထဲလာသည့် လူရိုင်းတွေ လုပ်တာနှင့် အတော်တူနေပါ၏။
တခြားနိုင်ငံသားတွေအမြင်မှာလည်း မြန်မာဗုဒ္ဓဘာသာဆိုသည်မှာ အဆင့်နိမ့်နိမ့်
လုပ်ချင်တာလုပ်နေသော ဘာသာဟု၊ အထင်သေးနိုင်၏။ မိမိတို့လုပ်နေသောကိစ္စသည်
မိမိတို့လူမျိုး သိက္ခာကျသလို၊ မိမိတို့ ကိုယ်းကွယ်သည့်ဘာသာပါ၊ သိက္ခာချသလို
ဖြစ်နေတယ်ဆိုတာကို မိမိတို့ကိုယ် တိုင် သဘောပေါက်ပြီး၊ ပြုပြင်ရန် တိုက်တွန်းပါ၏။
နံ့သာပန်းစသည်ဖြင်ပူဇော်ခြင်း
ရှေးအခါက မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေ၏၊
ရုပ်အလောင်းကို၊ ပန်းနံ့သာတို့ဖြင့်၊ နောက်ဆုံးပူဇော်တာတွေ ရှိခဲ့ဘူး၏၊ ယခုခေတ်လည်း
ဘုန်းကြီးပြန်တွေတွင်လည်း ပန်းနံ့သာတို့ဖြင့်ပူဇော်ကြ၏။ ဘုန်းကြီးပြန်တွေ တွင်
နံ့သာထင်းတွေ အပြိုင်လှူဒါန်းပူဇော်တာတွေ့ရ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment