အရှင်သာရိပုတ္တရာ
မထေရ်ကြီးဘက်ကိုကြည့်ပြန်တော့လည်း၊ မထေရ်မြတ်ကြီးကို ရာဇဂြိုလ်ပြည့်ရှင်
ဘုရင်ဗိမ္ဗိသာရနှင့် ရာဇဂြိုလ်သူဋ္ဌေးကြီးတွေကိုယ်တိုင် ဆည်းကပ်ကိုယ်းကွယ်သော
ဘုန်းကံကြီးမားသော မထေရ်ကြီးဖြစ်၏ မထေရ်မြတ်ကြီး၏ ငါးဘ၀မြောက်ကမယ်တော် စားစရာ
ဝတ်စရာ နေစရာ မဲ့နေသည် ဆိုလျှင် ပေးကမ်းချင်သည့် ပုဂ္ဂိုလ်တွေ တန်းစီပေါ်လာမှာဖြစ်၏။
မထေရ်မြတ်ကြီးတောင် ဘာမှပြောစရာ မလိုပါ။
သို့သော် ဘ၀ခြားနေသည့်အတွက် ပေးချင်တိုင်းလဲ
ပေးလို့မရ၊ ကျွေးခြင်တိုင်းလဲ ကျွေးလို့မရ၊ဆိုတာကို သဘောပေါက် သိမြင်သည့်အတွက် ၊
မထေရ်မြတ်ကြီးလည်း မယ်တော်အတွက် ကုသိုလ်ပြုလုပ်၍ အမျှ ဝေပေးမယ်လို့
ဂတိစကားပေးလိုက်ခြင်းဖြစ်၏။
အရှင်သာရိပုတ္တရာ မယ်တော်ကြီးအတွက်၊
ကုသိုလ်လုပ် အမျှဝေပေးဖို့ ဗိမ္ဗိသာရမင်းကြီး စီစဉ်ပေးပုံက လည်း မှတ်သားသင့်၏။
သင့်တော်သည့်အမတ်တယောက်ကို ခေါ်ပြီး ကျောင်းလေးကျောင်း ဆောက်ခိုင်း ၍၊ ကျောင်းတွေ
ပြီးသောအခါ၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊တွေ စီစဉ်ပြီး အရှင်သာရိပုတ္တရာမထေရ်ကြီးအား
ဦးစွာလှူဒါန်း၏။
အရှင်သာရိပုတ္တရာမထေရ်မှတဆင့်
မြတ်စွာဘုရားနှင့် သံဃာတော်အရှင်မြတ်တွေကို ရေစက်ချလှူ ဒါန်းခြင်းဖြစ်၏။ သေသူကိုရည်စူးလှူဒါန်းခြင်းသည်၊
ကျောင်း၊သင်္ကန်း၊ဆွမ်း၊ဆေး၊ ပစ္စည်းလေးပါး ပါဝင် တာတွေ့ရ၏။ မသေခင်က မိမိတို့
ပေးနိုင် ကျွေးနိုင်၏။ သေခဲ့သော် သေသူထံ ရောက်အောင်လို့ ကျွေး နည်းကား
ကုသိုလ်ပြုလုပ်၍အမျှဝေမှသာလျှင် သေသူထံရောက်နိုင်၏။
အစာအာဟာရတွေ ကျွေမွေးလှူဒါန်းလျှင်
အစာအာဟာရတွေ ကောင်းမွန်စွာ စားသုံးရ၏။ အ၀တ် သင်္ကန်းတွေ လှူဒါန်းလျှင်၊ အ၀တ်အထည်တွေ
ပြည့်စုံစွာသုံးဆောင်ရ၏၊ နေရာကျောင်းအဆောက်အဦး ကို မိမိတို့ တတ်နိုင်သလောက်
ထည့်ဝင်လှူဒါန်းလျှင် နေစရာတွေနှင့်ပြည့်စုံနိုင်၏။
စတုမဓု အစရှိသော ဆေးပစ္စည်းတွေ
လှူဒါန်းမယ်ဆိုလျှင်၊ ရောက်ရာဘ၀မှာ ကျန်းမာရေးတွေနှင့် ပြည့်စုံနိုင်၏။
န၀ကမ္မ၀တ္ထုငွေ လှူဒါန်းမယ်ဆိုလျှင်၊ ကျောင်း၊ သင်္ကန်း၊ဆွမ်း၊ ဆေး၊ ပစ္စည်းလေးပါးအတွက်
ရည်မှန်းပြီး လှူဒါန်းပါသည်ဘုရားဟု လျှောက်ထားရမည်ဖြစ်၏။
ကတို့ခ
ငွေတမတ်
ကတို့ခ
ဆိုသည့်စကားလုံးပါသောကြောင့် မြစ်တခု၏ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးရမည့် သဘော
ပါဝင်နေတာတွေ့ရ၏။ ရှေးခေတ်က မြစ်ကြီးတစင်း၏ ကမ်းပေါ်တွင် ရွာတရွာရှိ၏။ ထိုရွာ၏ တဖက်ကမ်း
တွင် တောရိုင်းတိရစ္ဆာန်တွေဖြင့် တောကောင်တွေကျက်စားသော တောတွေ တောင်တွေရှိ၏။
ထိုရွာမှလူသေလျှင် ရွာဘက်ကမ်းမှ တောကြီးမြိုင်ယံရှိသော
ဟိုဘက်ကမ်းသို့ သူသေအလောင်းကို မြေ မြုတ်နှံခြင်းလည်းမရှိ၊ သားရဲတိရစ္ဆာန်တွေ
စားဖို့အတွက် သွားထားလိုက်သည့် ဓလေ့တခု ထိုရွာတွင်ရှိ၏။ သေသူကို တိရစ္ဆာန်တွေအတွက်
အလှူပေးသည့် သဘောဖြစ်၏။
ထိုစနစ်သည် တိဗက်ဒေသတွင် ယခုထိ ရှိနေ၏ တိဗက်လူမျိုးတွေ
လူသေလျှင် ဘယ်တော့မှ မြေကြီး တွင် မမြုတ်ဘဲ လင်းတတွေ စွန်တွေ စသည်ဖြင့်
တိရစ္ဆာန်တွေ အစာအဖြစ် ခုတ်ထစ်ပြီး ကြွေးမွေးတာတွေ ကို သတင်း မီဒီယာတွေတွင် တွေ့ရှိရပါ၏။
ထိုအသုဘကို တဖက်ကမ်းပို့ဆောင်ပေးဖို့
လှေသမားအား ကတို့ခအဖြစ် ငွေတမတ်ပေးရခြင်းဖြစ်၏။ ခုခေတ်အပြောနှင့်ဆိုလျှင်
ဝန်ဆောင်ခပေးခြင်းသာဖြစ်၏။ ကတို့ခသည် ထိုရွာမှ စခဲ့သည်ဟု ဆိုရမှာဖြစ်၏ မြစ်မရှိသော
ရွာတွေတွင် အသုဘချသောအခါ သုဘရာဇာတွေသည် ရှေးနည်းအတိုင်း ကုတို့ခ နာမည်ဖြင့်
သာ ငွေတမတ်တောင်းတာ တွေ့ရပြန်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment