ဤဆိုးကျိုးတွေသာ ဖြစ်လာခြင်းကြောင့်
အပြစ်ကင်းသောတရားဟု မဆိုနိုင်ပါ၊ ပညာရှိသူတော် ကောင်းတွေ ချီးမွမ်းမည်မဟုတ်ပါ၊
ကိုယ်တိုင်ပြုလုပ်လျှင်လည်း အကျိုးမဲ့သာ ဖြစ်မည်ဖြစ်ပါ၏။ မိမိဘာသာ
မိမိလူမျိုးအတွက် ကျေးဇူးမများသော ဤလိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စမျိုးကို
ကိုယ်ပိုင်ဥာဏ်ဖြင့် အမှားအမှန် ဆင်ခြင်သင့်ပြီး လုပ်သင့်သလား မလုပ်သင့်သလား
မှန်မှန်ကန်ဆုံးဖြတ်ရမှာဖြစ်၏။
သေသူကိုအကြောင်းပြုပြီး ရေအိုးကို
အပေါ်မြှောက်၍ ခွမ်းကနဲမြည်အောင်ခွဲခြင်းသည်လည်း မြန်မာ တွေအမြင်ဖြင့်
မဆန်းသော်လည်း တခြားနိုင်ငံသားတွေ အမြင်မှာတော့ အတော်ဆန်းနေတဲ့ အရိပ် အယောင်တွေ
တွေ့မြင်နေရ၏။ မြန်မာတွေ ဘာတွေလုပ်နေတာလည်းဟု အထင်သေးသော အကြည့်မျိုး ဖြင့်
ကြည့်ရှုနေတာကိုလည်း သိသာထင်ရှားလှ၏။
သေသူအတွက် ရေအိုးခွဲလို့
ဘာကျေးဇူးများသလည်းလို့ တရားတော်နှင့် သုံးသပ်ဆင်ခြင် သုံးသပ် ကြည့်သော်လည်း
ဘာမှကျေးဇူးများတာမတွေ့ရပါ၊ ရှေးအစဉ်အလာတခုကို အရိုးစွဲနေသော ပုဂ္ဂိုလ် တချို့ ၏
လုပ်ရိုးလုပ်စဉ် လုပ်နေကြခြင်းသာဖြစ်၏။ သေသူအတွက် ဘာကျေးဇူးများသလဲလို့
မေးကြည့်တော့ လည်း ဇဝေဇ၀ါအဖြေသာ သူတို့ ဖြေဆိုတာတွေ့ရ၏။
တကယ်တော့ သူတို့တတွေ လုပ်သာလုပ်နေရသည် ဘာအတွက်လုပ်သည်ဆိုတာကိုတော့ သေသေ
ချာချာမသိကြပါ ရှေးလူတွေ လုပ်တာတွေ့လို့ သူတို့လည်း အစဉ်အဆက် လုပ်လာခြင်းဖြစ်၏။
စာရေးသူတို့ လည်း ကျေးရွာတခု၌ အသုဘသေတ္တာ အိမ်ပေါ်က အိမ်အောက်ကိုသယ်စဉ်
အိမ်ပေါ်ကအဆင်း အိမ်လှေ ကားရင် ခုံပေါ်သို့ ရေအိုးခွဲချတာ တွေ့ဘူး၏။
ရေအိုးခွဲသူတွေနဲ့ တတ်သိနားလည်သူတွေကို
ဘာအတွက် ရေအိုးခွဲရတာလည်းလို့ မေးကြည့်ဘူး၏။ သူတို့ပြောဆိုချက်ကတော့ မိသားစုနှင့်
လိပ်ပြာခေါ် ၀ိညာဏ်ခွဲသလို ဇဝေဇ၀ါ အတ္တအခြေခံသော စကား များသာ ကြားရ၏။ ဤအိုးခွဲခြင်းဓလေ့ကို
မြန်မာပြည်တွင် များစွာတွေ့ရ၏။
ဤဓလေ့သည် အတ္တအခြေခံသော ဓလေ့ဖြစ်သောကြောင့်
မြန်မာတွေကိုယ်းကွယ်သော ထေရ၀ါဒ အနတ္တ၀ါဒနှင့် လုံးလုံးဆန့်ကျင်နေတာတွေ့ရ၏။
ဤအိုးခွဲသော ဓလေ့သည် အမှားကြာလို့ အမှန်ဖြစ်နေ ဟန်တူ၏။ သေသူ အတွက်နှင့်
ကျန်ရစ်သူအတွက် ဘာမှကျေးဇူးမများတာ သေချာ၏။
မိမိလူမျိုး မိမိဘာသာအတွက်
နိုင်ငံခြားသားတွေ အထင်သေး အမြင်သေး ကြည့်ရှုခံရပြီး သိက္ခာကျစေ သော ဤလိုဘာမှအဓိပ္ပါယ်မရှိသည့်
လုပ်ရပ်တွေကို မိမိတို့ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီး လုပ်သင့် သလား မလုပ်သင့်သလား
မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရမည်ဖြစ်၏။
ပတ်ဝန်းကျင်ကလည်း မိမိတို့လုပ်နေတာကို
လေ့လာ နေမည်ဖြစ်၏။ လူမျိုးဘာသာ သာသနာကို မထိခိုက်အောင် ဆောင်ရွက်နိုင်မှသာလျှင်
မြန်မာကို ကမ္ဘာမှ အထင်မသေးမှာဖြစ်၏။ လုပ်ချင်တာလုပ် နေလို့ကတော့ မြန်မာ့အဆင့်အတန်းသည်
ကမ္ဘာမှာ နိမ့်ကျနေမည်သာဖြစ်၏။
အသုဘခေါင်းထဲကိုလည်း ထမင်းထုတ်ထဲ့တာတွေ
ကတို့ခပိုက်ဆံဆိုပြီး သူသေအလောင်းပါးစပ်ထဲကို ဖြဲထဲ့တာတွေ သေသူကျိုက်တတ်သည့်
အစားအစာ အရက်သေစာတွေ အ၀တ်အစားတွေကိုလည်း မြန်မာ တွေ ဂရုတစိုက်
ထဲ့ပေးတာတွေ့ရ၏။သေသူရဲ့ အ၀တ်တစုံချပြီး အစားအသောက်ကြွေးတာတွေလည်း အသုဘတိုင်းမှာ
လုပ်နေတာတွေ့ရ၏။ သေသူစားသောက်လို့ စားသောက်နိုင်ငြားဆိုပြီး အာသာပြေလုပ် နေကြခြင်းဖြစ်၏။
သေသူရဲ့ အ၀တ်တစုံချပြီး ကျွေးမွေးတာလည်း
သေသူမစားနိုင်ပါ၊ ခေါင်းထဲထမင်းထုတ်ထည့်ပေးတာ လည်း သေသူမစားနိုင်ပါ၊
အ၀တ်အစားထည့်ပေးတာလည်း သေသူမ၀တ်နိုင်ပါ၊ စက္ကူနေအိမ်တွေ စက္ကူ ကားတွေကို သေသူရည်စူးပြီး
မီးရှို့ပေးတာလည်း သေသူအတွက် ဘာမှကျေးဇူးမများပါ၊ အကျိုးမဲ့ အလုပ် တွေကို
လုပ်နေခြင်းသာ ဖြစ်၏။ ထေရ၀ါဒ အနတ္တ၀ါဒက ဒီကိစ္စတွေကို လုံးဝလက်မခံပါ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment