အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, October 6, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၁၄)





     မိမိကိုယ်တိုင် အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြားတွေ လှည့်လည်ပြီး၊ မစင်တွေ၊ နှပ်တွေ၊ သွေးတွေ ကို၊ ငတ်ငတ်ပြတ်ပြတ်နဲ့၊ ရှာဖွေစားသောက်နေရ၏။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ၊ ဘ၀မှ သူဋ္ဌေးကတော်ကြီး တဖြစ်လည်း ပြိတ္တာမကြီးသည်၊ လွှတ်မြောက်ချင်လာ၏။ မိမိပြုခဲ့သော အကုသိုလ်ကံ တွေ သတိရပြီး၊ နောင်တတွေ အဖန်ဖန် ရနေ၏။
     ဘယ်သား၊ ဘယ်သမီး၊ ဘယ်ဆွေမျိုးတွေက၊ ကုသိုလ်တွေပြုလုပ်ပြီး အမျှဝေပါ့မလဲဟု ဆင်ခြင်ကြည့် ပြန်တော့လည်း၊ ယ္ခုဘ၀မှာလည်း သားသမီးက တယောက်မှမရှိပါ၊ ဆွေမျိုးတွေကလည်း၊ မိမိ မကောင်း ခဲ့တော့၊ အမျှဝေပေးမဲ့သူ၊ တယောက်မှ မရှိဖြစ်နေ၏။
    ဒုတိယဘ၀ကြည့်ပြန်တော့လည်း၊ သားသမီးက တယောက်မှမရှိ၊ တတိယဘ၀ ကြည့်ပြန်တော့လည်း၊ သားသမီးက တယောက်မှမရှိ၊ စတုတ္ထဘ၀ ကြည့်ပြန်တော့လည်း သားသမီးက တယောက်မှမရှိ၊ ပဉ္စမ ဘ၀ ကြည့်လိုက်တော့မှ ရှားရှားပါးပါး သားတယောက်ကို သွားတွေ့၏။
      ငါးဘ၀မြောက်က တော်ခဲ့သောသားဖြစ်ပါ၏၊ ငါးဘ၀မြောက်က တော်ခဲ့သောသားသည်၊ ယခုဘ၀မှာ မြတ်စွာဘုရား၏ လက်ယာယံ အဂ္ဂသာဝကကြီး အရှင်သာရိပုတ္တရာမထေရ်ဖြစ်နေ၏။ ငါဟာ အရှင်သာရိ ပုတ္တာ မထေရ်ကြီးရဲ့ ငါးဘ၀မြောက်က မယ်တော်ကြီးဆိုတာ သိလိုက်ရလျှင်၊ ပြိတ္တာမကြီး ၀မ်းမြောက်ဝမ်း သာ ဖြစ်သွား၏။
    ငါးဘ၀မြောက်က တော်ခဲ့သော သားဖြစ်သူထံသွားပြီး၊ အရှင်ဘုရားရဲ့ ငါးဘ၀မြောက်ကမယ်တော်သည် ယ္ခုအခါ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်မရှိသော ပြိတ္တာမကြီး ဖြစ်နေပါတယ်၊ ကုသိုလ်လုပ်ပြီး အမျှဝေ ပေးဖို့ တောင်းပန် လျှောက်ထားရန် ထွက်ခွါလာခဲ့၏။
     အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်အနုရုဒ္ဓါ၊ အရှင်ကပ္ပိန၊ မထေရ်မြတ်ကြီး လေးပါးတို့သည်၊ မြတ်စွာဘုရား သီတင်းသုံးတော်မူသော ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်ကြီး၏ မနီးမဝေး အရပ်မှာ ရှိသော တောအုပ်အတွင်းရှိ ကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိ၏။
      ပြိတ္တာမကြီး ကျောင်းတိုက်ဝသို့ရောက်လျှင်၊ ကျောင်းစောင့်နတ်တွေက၊ အ၀တ်မပါသော ပြိတ္တာမကြီး အား ကျောင်းတိုက်အတွင်းသို့ ၀င်ခွင့်မပြု တားမြစ်ထား၏။ ဘာကိစ္စလဲ၊ ဘယ်သွားမလို့လဲ၊ ဘယ်သူနဲ့ တွေ့ခြင်လို့လဲ၊ဟု ပြိတ္တာမကြီးအား ၀င်ခွင့်မပြုချင်တာနဲ့ မေးခွန်းပေါင်းများစွာနဲ့ စစ်ဆေးနေ၏။
    ပြိတ္တာမကြီးလဲ၊ နတ်တွေက ၀င်ခွင့်မပေးချင်တာ သိတာနှင့်၊ အသင်နတ်တို့ ကျွန်မဟာသာမန်မဟုတ် ဘူး၊ ဒီကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏၊ ငါးဘ၀မြောက်က မယ်တော်ဖြစ်ကြောင်း ပြောဆိုမှ၊ ကျောင်းတိုက်အတွင်းသို့ ၀င်ခွင့်ရလေ၏။
      ကျောင်းဝင်းအတွင်းသို့ ရောက်ရှိသောအခါ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးအား ရိုသေစွာ ရှိခိုး ပြီး၊ အရှင်ဘုရား တပည့်တော်မဟာ၊ အရှင်ဘုရား၏၊ ငါးဘ၀မြောက်က မယ်တော်ဖြစ်ပါတယ်ဘုရား၊ အရှင် ဘုရား၏၊ ငါးဘ၀မြောက်က မယ်တော်သည်၊ ယခုတော့ အတိတ်ဘ၀က အကုသိုလ်ကံတွေ အကျိုးပေးပြီး၊ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲသော ဘ၀ကိုရောက်ရှိနေပါသည်ဘုရား။
    ငါးဘ၀မြောက်က မယ်တော်ကြီးကို၊ သနားကရုဏာထား၍၊ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ၊ ဘ၀မှ လွတ်မြောက်အောင်၊ ကုသိုလ်ပြုလုပ်၍ အမျှဝေပေးပါအုံးဘုရားဟု လျှောက်ထားတောင်းပန်လေ၏  အရှင်သာရိပုတ္တရာမထေရ်ကြီး ဆင်ခြင်ကြည့်လိုက်လျှင်၊ မထေရ်မြတ်ကြီးရဲ့ ငါးဘ၀မြောက်က မယ်တော် ဖြစ်နေတာကို သေသေချာချာသိလိုက်ရ၏။
     ငါးဘ၀မြောက်က မယ်တော်ကြီး၊ မယ်တော်ကြီးအတွက် ကုသိုလ်လုပ်အမျှမဝေမိဘူး၊ သားတောင်း ပန်ပါတယ်၊ မယ်တော်ကြီး ဆင်းရဲမှုအပေါင်းမှ လွတ်မြောက်အောင်၊ သားကုသိုလ်လုပ် အမျှဝေပေးပါ့ မယ်ဟု၊ ဂတိစကားတွေ ပြောကြားလိုက်၏။
 


Type your summary here. Type the rest of your post here.

No comments: