အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 26, 2015

အသုဘနှင့်-ရှုသူ×ပို့သူ(၂၁)





     လူပုဂ္ဂိုလ်တွေအသုဘမှာတော့ တန်ဘိုးကြီးတဲ့ နံ့သာတွေအစား အမွေးတိုင်ဖြင့် ပူဇော်ခြင်းသည်လည်း ကောင်းပါ၏။ ပန်းကတော့ ယခုခေတ်လည်း ဈေးနှုံးချိုသာစွာ ရရှိသည့်အတွက် လိုက်ပါပို့ဆောင်သူ အား လုံးသည်၊ ပန်းခက်လေးတွေကိုင်ကာ၊ အလောင်းသေတ္တာထဲကို ကိုယ်တိုင်ထဲ့၍သော်၎င်း၊
    ပန်းပွင့်လေးတွေ လင်ပန်းတွင်ထဲ့ကာ အလောင်းပေါ်ကြဲချ၍သော်၎င်း၊ လွမ်းသူ့ပန်းခွေပြုလုပ်၍ သော် ၎င်း၊ ပန်းနံ့သာတို့ဖြင့် လှလှပပ ပူဇော်တတ်သော အလေ့အထသည်၊ ယခုခေတ်အမြင်နှင့်လည်း အလွန် တင့်တယ်ပါ၏။ ရှေး သူတော်ကောင်းတွေ၏ အလေ့အကျင့်ကို၊ လိုက်နာရာရောက်သောကြောင့် ပြုလုပ် သင့်သော ပူဇော်မှုဖြစ်ပါ၏။
   သူတပါးဝေသောအမျှကို မျှော်လင့်စောင့်စားရခြင်းသည် အင်မတန်ရင်မောစရာကောင်းလှသည်ဆိုတာ ဤဇာတ်တော်ကို လေ့လာကြည့်လျှင် သဘောပေါက်မှာဖြစ်၏။ သူဋ္ဌေးကတော်ကြီးသည်၊ လူ့ဘ၀တွင် အကုသိုလ်ကံတွေ များစွာပြုလုပ်ခဲ့သည့်အတွက်၊ အကုသိုလ်အကျိုးပေးသောအခါ၊ ပြိတ္တာဘ၀ရောက်ရ၏။
      ပြိတ္တာဘ၀တွင်၊ ဆင်းရဲမှုအပေါင်းကို ခံစားရတော့၏။ ကြာရှည်စွာ မခံစားနိုင်သည့်အတွက်၊ ငါးဘ၀ မြောက်က တော်ခဲ့သည့်သားကို ရအောင်ရှာကာ အမျိုးစပ်၍ အမျှဝေပေးရန် တောင်းပန်လျှောက်ထား တာကို တွေ့ရှိရပါ၏။       
     တကယ်လို့များ စာရှုသူတို့ ကွယ်လွန်သောအခါ၊ ဤသူဋ္ဌေးကတော်ကြီးလို ဘ၀မျိုးရောက်ခဲ့သော်၊ မိမိအတွက် ရည်စူးပြီး အမျှဝေမဲ့သူမရှိခဲ့လျှင်၊ ဘ၀ပေါင်းများစွာတော်စပ်ခဲ့သော ဆွေမျိုးတွေကို လိုက် လံရှာဖွေကာ အမျှဝေပေးရန် အကူအညီတောင်းရတဲ့ ဘ၀မျိုးရောက်ရှိမှာသေချာ၏။
    အဲဒီလို သူတပါးဝေမဲ့အမျှကို မျှော်လင့်စောင့်စားရသည်မှာ အင်မတန် ရင်မောစရာကောင်းပါ၏။ ယခု လက်ရှိ ပစ္စုပ္ပန်ဘ၀သည်သာ လူသားတိုင်းအတွက် အကောင်းဆုံးဘ၀ဖြစ်၏။ အတိတ်ကိုလည်းမတွေး၊ အနာဂတ်ကိုလည်းမမျှော်မှန်းဘဲ လက်ရှိပစ္စပ္ပုန်ဘ၀ကိုသာ မိမိအတွက် အကျိုးရှိအောင် အသုံးချတတ်ဖို့ လိုပါ၏။
      သူတော်ကောင်းစိတ်ဓါတ်တွေဖြင့် မိမိဘ၀ကို ရပ်တည်ထားရန်ဖြစ်ပါ၏။ သူတော်ကောင်းဆိုတာ မိမိပတ်ဝန်းကျင် ကလူတွေ တော် မတော် အရေးမကြီးပါ၊ မိမိတော်ဖို့ မိမိကောင်းဖို့သာ အရေးကြီးပါ၏။ ပတ်ဝန်းကျင် မတော်လို့ မိမိ မတော်ခဲ့လျှင်၊ ပတ်ဝန်းကျင် မကောင်းလို့ မိမိမကောင်းခဲ့လျှင်၊ မိမိပါ မသူတော်စာရင်းထဲဝင်သွားနိုင်၏။
    ပတ်ဝန်းကျင် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ညစ်ညစ် မိမိ မဆိုး မညစ်မှသာလျှင် သူတော် ကောင်း ဖြစ်မှာဖြစ်၏။ အဲဒီလို ဆိုးညစ်လှသည့် ပတ်ဝန်းကျင်လူသားတွေကို တော်လာအောင၊် ကောင်း လာအောင်၊ သိမ်းသွင်း စည်းရုံးနိုင်ခြင်းသည်လည်း၊ သူတော်ကောင်းတွေ၏ အကျင့်တမျိုးဖြစ်ပါ၏။
     မိမိတယောက်တည်း တော်နေကောင်းနေသဖြင့်လည်း ပတ်ဝန်းကျင်လောကကြီး မငြိမ်းချမ်းနိုင်ပါ၊
တလောကလုံး တော်နေကောင်းနေမှသာလျှင်၊ လောကကြီးငြိမ်းချမ်းသာယာ၍၊ သူတော်ကောင်း အကျင့် ကို၊ လူတိုင်းကျင့်နိုင်မှသာ လူ့ဘ၀မှ ကွယ်လွန်ခဲ့လျှင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်၊ အပါယ်လေးဘုံ နှင့် ကင်းဝေးပြီး၊ ကောင်းသောဘ၀ကို ရရှိမည်ဖြစ်သောကြောင့်၊ သူတပါးဝေသည့်အမျှကို မျှော်လင့်စောင့် စားစရာမလိုတော့ပါ။
     ဓနမာန်၊ အလှမာန်၊ ပညာမာန်တွေ ကိုယ်စီနှင့် တယောက်နှင့်တယောက် အပြိုင်ကြဲနေသော ဤလော က၀ယ် ဤလိုသူတော်ကောင်း စိတ်ဓါတ်တွေထားနိုင်ဖို့ဆိုတာလည်း၊ အတော်လေ့ကျင့်ယူရမည်ဖြစ်၏။ သူဆိုးလို့ ငါဆိုးတာဘဲ၊ သူညစ်လို့ ငါညစ်တာဘဲ၊ သူမကောင်းလို့ ငါမကောင်းတာဘဲ၊ ဆိုသည့်စကား မျိုးတွေသာ ကြားနေရသော ကြောင့်ဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: