အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, November 4, 2015

အသုဘနှင့်ရှုသူ-ပို့သူ(၂၄)





      အကုသိုလ်ကံဟူသည်၊ သတ္တ၀ါတွေရဲ့ အသက်ကို သတ်ဖြတ်သူ၊ သူတပါးပစ္စည်း ခိုးယူသူ၊ သူ့သား မယားကို ပြစ်မှားသူ၊ လိမ်ညာပြောဆိုသူ၊ မူးယစ်ဆေးနှင့် သေရည်သေရက်ကို မှီဝဲသုံးဆောင်သူ၊ ကိုယ် အားဖြင့် မစင်ကြယ်သူ၊ နှုတ်အားဖြင့် မစင်ကြယ်သူ၊ စိတ်အားဖြင့် မစင်ကြယ်သူတို့သည် အကုသိုလ်ကံ တွေ ပြုလုပ်နေသူတွေဖြစ်၏။
      ထိုအကုသိုလ်ကံတွေလည်း သေသူနောက်သို့ အရိပ်ပမာ လိုက်လာမှာဖြစ်၏။ ထိုအကုသိုလ်ကံ ကြောင့် သေသူသည် အကုသိုလ်ကံကြီးလျှင် ကြီးသည့်အလျှောက် ငရဲသို့လည်းရောက်ရှိနိုင်ပါ၏။ အမျှဝေလို့ မရနိုင်ပါ။ အကုသိုလ်ကံ ကြီးသည့်အလျှောက်၊ တိရစ္ဆာန်ဘ၀သို့လည်းရောက်သွားနိုင်၏၊ အမျှဝေလို့မရပါ။ အကုသိုလ်ကံကြီးသည့်အလျှောက်၊ အသူရကယ်ဘ၀သို့လည်း ရောက်နိုင်ပါ၏၊ အမျှဝေလို့မရနိုင်ပါ။
     အကုသိုလ်ကံအသေးစား၊ သား သမီး ဇနီး ခင်ပွန်း မိတ်ဆွေနှင့် ပစ္စည်းဥစ္စာတို့ကို တွယ်တာပြီး ဘ၀နိဂုံးချုပ်ခဲ့သော် ဤအကုသိုလ်ကံ အသေးစားသည်၊ ပြိတ္တာဘ၀ကို ရောက်ရှိနိုင်၏။ ခုခေတ်တော့ တစ္ဆေသရဲ လို့ခေါ်တာပေါ့၊ အဲဒီလို ဘ၀မျိုးကို ရောက်ခဲ့လျှင် လူ့ပြည်က ပေးဝေတဲ့အမျှကို သာဓုခေါ် ဆိုနိုင်လျှင် ကောင်းသည့်ဘ၀ကို ရရှိနိုင်ပါ၏။
     အကုသိုလ်ကံများသူတွေလည်း သေရမှာကြောက်တတ်၏၊ ပစ္စည်းဥစ္စာစွဲလန်းသူတွေလည်း သေရမှာ ကြောက်တတ်၏။ ဇနီး၊ ခင်ပွန်း၊နှင့် သား၊ သမီး၊ ဆွေမျိုးများကို စွဲလန်းသူတွေလည်း၊ သေရမှာ ကြောက် တတ်၏။ ဤအကြောင်းအရာ တခုခုကို စွဲလန်းပြီး ဘ၀နိဂုံးချုပ်သွားလျှင်လည်း၊ ဤပုဂ္ဂိုလ်သည်၊ နှလုံး သွင်းမှားသောကြောင့်၊ မကောင်းသောဘ၀ကို ရောက်ရှိသွားနိုင်ပါ၏။
     အကုသိုလ်ကံသည် ယခုဘ၀မှာပင်၊ မကောင်းကျိုးခံစားရသလို၊ နောင်ဘ၀အတွက်လည်း၊ မကောင်း ကျိုးတွေ ခံစားရမယ်ဆိုတာ၊ စာဖတ်သူသိထားသင့်၏။
    သေသူ၏ လူ့ဘ၀ နောက်ဆုံးခရီးစဉ်သည်၊ မရဏာနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်း၍ ဓမ္မသံဝေဂဖြင့်သာ ဗုဒ္ဓတရားတော်နှင့်အညီ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်သင့်ပါ၏။
   မငြိမ်းချမ်းသည့် ဆူပူကစားသည့် အကျင့်ဆိုးတွေ၊ သောက်စားမူးယစ်ပြီး လိုက်ပါပို့ဆောင်သည့် အကျင့် ဆိုးတွေသည်၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွေ၌ ဘယ်လိုအဖွဲ့ စည်းမျိုးမှ နှစ်သက်သဘောကြမည် မဟုတ်ပါ။ ၀မ်းနည်း သောကရောက်နေသော သေသူမိသားစုကို ပိုပြီးသောကရောက်စေတတ်သော ကြောင့် ဆင်ခြင်သင့်ပါ၏။
အသုဘပို့သူနှင်ရှုသူ
    အသုဘပို့သူနှင့် အသုဘရှုသူ အခေါ်အဝေါ်သည်၊ ယခုခေတ်၌ အသုဘရှုသူဆိုသည့်စကားကို လူတွေ နှုတ်ဖျားမှာ သုံးနှုံးတာ သိပ်မတွေ့ရပါ၊ အသုဘပို့သည်ဆိုသည့် စကားလုံးကိုသာ တွင်တွင်ကြယ်ကြယ် သုံး နေတာတွေ့ရ၏။ ခေတ်နှင့်အညီ လိုက်လျှောညီထွေ သုံးနှုံးလာသော စကားဖြစ်လာဟန်ရှိ၏။
   ရှေးခေတ်က အသုဘရှုသည်ဟု သံဝေဂ အသံဖြင့် သုံးနှုံးတာတွေ့ရ၏။ ယခုခေတ်ကတော့ အသုဘ လိုက်ပို့သည် ဆိုတာ ဆွေမျိုးမို့ လိုက်ပို့တာ၊ မိတ်ဆွေမို့ မပို့ မကောင်းလို့ လိုက်ပို့တာ၊ အလုပ်ရုံခြင်းတူတာ မို့ တာဝန်အရ လိုက်ပို့တာ မြို့ခြင်းစပ်၊ နယ်ခြင်းစပ်၊ ရွာခြင်းစပ်၊ ရပ်ဆွေရပ်မျိုးမို့ မပို့မဖြစ်လို့ လိုက်ပို့သည့် လေသံဖြင့် ပြောဆိုသုံးနှုံးတာ တွေ့ရ၏။ ရှေးခေတ်နှင့် ယခုခေတ် အမူအရာကော အသုံးအနှုံးပါ ကွာခြား တာ တွေ့မြင်နိုင်ပါ၏။
    ဤလိုအကြောင်းတွေကြောင့်သာ အသုဘကို လိုက်ပါပို့ဆောင်ခြင်းဖြစ်သောကြောင့် ယခုခေတ် အသုဘပို့သည် ဆိုသည့်စကား တွင်ကြယ်လာခြင်းဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: