မလေးရှား-N.L.D. မှကျင်းပသောအာဇာနီနေ့ဆွမ်းကပ်ပွဲတွင် အာဇာနီတရားကို
အောက်ပါလင်္ကာအခြေခံပြီးဟောကြားခဲ့ပါ၏။
ဗိုလ်ချုပ်-ရုပ်တုကို-ကြည့်ရှုခြင်း
၁။ဗိုလ်ချုပ်ရုပ်တု
- သင်ကြည့်ရှုလော့၊
ရုပ်တုသည်ကား- ဗိုလ်ချုပ်လားဟု၊
ရင်ဝယ်ခံစား - ထင်မှတ်မှား၏၊
ဤသို့အထင် -
ဤသို့မြင်က၊
သာမန်လူသား -
အမြင်များဟု၊
ပညာရှင်များ - မိန့်ဝယ်ကြား၏။
သြော်---ဤအထင် ဤအမြင်သည်ကား ရုပ်တု၌သာ ခံစားရာ၏။
၂။ဗိုလ်ချုပ်ရုပ်တု
- သင်ကြည့်ရှုလော့၊
ရုပ်တုထုထား - ပညာရှင်ကား၊
အံ့ဖွယ်ဘနန်း - ပညာခန်းဟု၊
သင်၏စိတ်ဝယ်
- ချီးမွမ်းကြွယ်၏၊
သင်၏အမြင်
-သင်၏ထင်ကား၊
သာမန်လူသား -
အမြင်များမှ၊
တဆင့်တက်မြင် - ထူးသည့်သွင်ဟု၊
ပညာရှင်များ- - မိန့်ဝယ်ကြား၏။
သြော်----ဤအမြင် ဤအထင်သည်ကား ပန်းပုဆရာ၌သာ မြင်အပ်ရာ၏။
၃။ဗိုလ်ချုပ်ရုပ်တု
- သင်ကြည့်ရှုလော့၊
ရုပ်တုကိုမြင် - သု့အသွင်နှင့်၊
ရုပ်တုထုထား - ပညာရှင်အား၊
မြင်အားစိတ်ထက်
- ကျော်လွန်တက်၍၊
ရုပ်တုသခင် -
စိတ်ဝယ်သွင်၏၊
ရိုးသားကြိုးစား
- စေတနာအားနှင့်၊
ပေးဆပ်လိုသူ
- မြင့်မြတ်သူဟု၊
အတုယူကာ - လိုက်နာလေမှ၊
ဒို့ပြေဒို့မြေ - လွတ်လပ်စေ၍၊
ငါတို့မြေကြီး -
ပြည့်စုံဟီးမည်၊
လိုက်နာစေသား -
မျိုးဆက်များသို့--------။
သြော်---ဤအထင် ဤအမြင်ကား လူသားတို့ အမြင့်ဆုံးအမြင်ဖြစ်၏။
အမြတ်ဆုံးအမြင်ဖြစ်၏။ ဤအမြင်ဖြင့်တိုင်းပြည်တည်ဆောက်မှသာလျှင်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာသေချာပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment