လူ့ဘုံဌာန-ဤဘ၀သည်
ခဏမကြာ-ရေပွက်သာတည်း
အိုနာသေရေး-ဒုက္ခဘေးကား
မနှေးမှန်စွာ-ဧကန်သာရှင့်။
သင်သေသွားသော်
သင်ဖွားခဲ့ရာ-ဤမြေသာသည်
ပညာဟုန်မြင့်-ထွန်းလင်းသင့်၏
သင်သေသွားသော်
သင်ဖွားခဲ့ရာ-ဤမြေသာသည်
ဥစ္စာများမြင့်-ကြီးပွားသင့်၏
သင်သေသွားသော်
သင်ဖွားခဲ့ရာ-ဤမြေသာသည်
ကျန်းမာရေးမြင့်-တိုးတက်သင့်၏။
သင်သေသွားသော်
သင်ဖွားခဲ့ရာ-ဤမြေသာသည်
သိက္ခာဂုဏ်တင့်-ပန်ဆင်သင့်၏။
သင်သေသွားသော်
သင်ဖွားခဲ့ရာ-ဤမြေသာသည်
ကျောင်းမှာကန်ဆင့်-ထင်ရှားသင့်၏။
သင်သေသွားသော်
သင်ဖွားခဲ့ရာ-ဤမြေသာသည်
ထူပါမိုးစွင့်-ဖွံ့ဖြိုးသင့်၏
သင်ဦးချရာ-စေတီသာနှင့်
ပညာဝင့်ထယ်-သီလချယ်၍
ကျောင်းဝယ်ကန်ဆင့်-ကျန်းမာမြင့်အောင်
ဆင့်ဆင့်စီးပွား-လွန်ကျိုးစားလျှက်။
ဤမြေမှာဖွား-သင်လူသားသည်
မြင့်မားဂုဏ်ထူး-မြေ့ကျေးဇူးကို
ထူးထူးဆပ်လေ-ကြားသိစေသည်
များဝေနောင်သား-မျိုးဆက်များသို့------------
အရှင်သဒ္ဓမ္မောဒယ
ဓမ္မရောင်ခြည်ကျောင်း
မလေးရှား
ဖုံး-၀၀၆၀၁၂၆၆၇၁၀၄၁
No comments:
Post a Comment