လူ့ဘုံဌာန-ဤဘ၀သည်၊
ခဏမကြာ-ရေပွက်သာတည့်၊
အိုနာသေရေး-ဒုက္ခဘေးကား၊
မနှေးမြန်စွာ၊ဧကန်သာရှင့်။
မင်းသေခဲ့သော်
မင်းဖွားခဲ့ရာ-ဤမြေသာသည်၊
ပညာဟုန်မြင့်-ထွန်းလင်းသင့်၏။
မင်းသေခဲ့သော်
မင်းဖွားခဲ့ရာ-ဤမြေသာသည်၊
ဥစ္စာများမြင့်-ကြီးပွားသင့်၏။
မင်းသေခဲ့သော်
မင်းဖွားခဲ့ရာ-ဤမြေသာသည်၊
ကျန်းမာရေးမြင့်-တိုးတက်သင့်၏။
မင်းသေခဲ့သော်
မင်းဖွားခဲ့ရာ-ဤမြေသာသည်၊
သိက္ခာဂုဏ်တင့်-ပန်ဆင်သင့်၏။
မင်းသေခဲ့သော်
မင်းဖွားခဲ့ရာ-ဤမြေသာသည်၊
ကျောင်းမှာကန်ဆင့်-ထင်ရှားသင့်၏။
မင်းသေခဲ့သော်
မင်းဖွားခဲ့ရာ-ဤမြေသာသည်၊
ထူပါမိုးစွင့်-ဖွံ့ဖြိုးသင့်၏။
မင်းဦးချရာ-စေတီသာနှင့်၊
ပညာဝင့်ထယ်-သီလချယ်၍၊
ကျောင်းဝယ်ကန်ဆင့်-ကျန်းမာမြင့်အောင်၊
ဆင့်ဆင့်စီးပွား-လွန်ကျိုးစာလျှက်--------
ဤမြေမှာဖွား-သင်လူသားသည်၊
မြင့်မားဂုဏ်ထူး-မြေ့ကျေးဇူးကို၊
ထူးထူးဆပ်လေ-ကြားသိစေသည်၊
များဝေနောင်သား-များဆက်များသို့၊
အရှင်သဒ္ဓမ္မောဒယ
ဓမ္မရောင်ခြည်
မလေးရှား
No comments:
Post a Comment