အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Saturday, June 28, 2008

ဒေးဒရဲမြို့နယ် လိပ်ကျွန်းကျေးရွာခရီးစဉ်




28-06-2008

ဂျွန် ၁-ရက်ဒေးရဲမြို့နယ် မှော်ဘီကျေးရွာလှူဒါန်းပြီးနောက် ညနေ ၄-နာရီခန့်တွင် ကရုဏာရှင်များအဖွဲ့သည် ၄-နာရီ ၄၅-မိနစ်ခန့်တွင် ချောင်းကြီးရွာသို့ရောက်ရှိ၏ ရေကျနေသဖြင့် သင်္ဘောဝင်လို့မရပါ လိပ်ကျွန်းရွာသို့လိုက်ခဲ့ရန် ပဲ့ထောင်စက်လှေဖြင့်အကြောင်းကြားခိုင်းပြီး
လိပ်ကျွန်းသို့ ဆက်လက်ထွက်ခွာလာ၏ ညနေ ၆-နာရီမှ လိပ်ကျွန်းရွာသို့ရောက်၏ မြစ်ရေကြချိန်နှင့်ကြုံနေသောကြောင့် ကမ်းပေါ်တက်ဖို့
အခက်အခဲဖြစ်နေ၏ ချောင်းေ၇နှင့်ကမ်းစပ်သည် ပေ ၅၀-ခန့်ကွာနေသဖြင့် သောင်ပြင်ကိုဖြတ်၍ ကမ်းပေါ်တက်ရန်စဉ်းစားလို့မရဖြစ်နေ၏
မလေးရှားမှလာလှူမည်ဆိုတာ တရွာလုံးသိနေလို့ ကျေးရွာသားတွေ ဤအခက်ခဲကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာ ကြည့်နေမိသည်
မကြာပါချေ ကျောင်းဘုန်းကြီးဦးဆောင်ပြီး ကျေးရွာသားများဆင်းလာ၏ ကျောင်းဆိပ်တွင်ရှိသော လှေငယ် စက်လှေငယ်တို့ကို သောင်
ပြင်မှရေထဲသို့ လူ၁၀-ယောက်တွန်းလာ၏ သင်္ဘောနားလာကပ်ပြီး ကမ်းပေါ်တက်မည့် အလှူရှင်တွေနှင့် ပစ္စည်းထုတ်တွေကိုတင်ကာ
ဟေး ဟေး ဟု သံပြိုင်အော်၍ ကုန်းပေါ်အရောက်တွန်းတင်ပေးကြ၏။ နိုင်ငံခြားကမ်းတက်ယဉ်ကိုသာတွေ့ဘူးသောဘုန်းကြီးသည် မြန်မာ
ကမ်းတက်ယဉ်ကို ကိုယ်တိုင်တွေ့မြင်ရလို့အံ့သြသွား၏။ စိတ်ထဲတွင် အတွေးတခုလည်းပေါ်လာ၏ စုပေါင်ညီညာ အောင်ကြောင်းဖြာ
ဆိုသည့်အတွေးဖြစ်၏ လူသားတွေမညီညွတ်လို့ ဒုက္ခနှင့်ရင်ဆိုင်နေရခြင်းဖြစ်၏ ညီညွတ်လျှင်အောင်မြင်နိုင်သည်ဆိုတာ လိပ်ကျွန်းရွာ
မြန်မာတွေ၏ ပေ ၅၀ လောက်ကွာဝေးသော သောင်ပြင်ကို ညာသံပေး၍ တွန်းတင်သောအောင်မြင်မှုက သက်သေသာဓကဖြစ်ပါ၏
လိပ်ကျွန်းရွာသားတွေ၏ကျေးဇူးကြောင့် ကရုဏာရှင်အဖွဲ့ကမ်းပေါ်သို့ရောက်ရှိလာ၏ ထုံးစံအတိုင်း ၁၄၈-အိမ်ထောင်စုရှိသော လိပ်ကျွန်း
ရွာ ၁၂၅-အိမ်ထောင်စုရှိသော အောက်တဲစုရွာ ၂၅၀-ရှိသော ချောင်းကြီးရွာအတွက် အလှူပစ္စည်းများ ဆာလာအိပ်ဖြင့်ခွဲဝေထဲ့ကြ၏
ညရနာရီကျော်လာသည်နှင့် မှောင်ရီပျိုးလာ၏ ဖရောင်းတိုင်မီးအကူအညီဖြင့် စုပေါင်းလုပ်ကြ၏ ပထမဆုံးပြီးသောအထုပ်တွေကို
ဦးရေ၀တစီစဉ်၍ နေရာချထားသော အိမ်ထောင်စုများအား လက်နှိပ်ဓါတ်မီး ဖရောင်းတိုင်မီးအကူအညီဖြင့် နာဂစ်မုန်တိုင်းကြောင့်
လိပ်ကျွန်းရွာဝန်းကျင်တွင် ၆၀-ကျော်သေဆုံးသည်ဟု ပြောပြသည့်အတွက် ဤကွယ်လွန်သွားသော မြန်မာများရည်စူး လှူဒါန်းမည်ဖြစ်ပါ၍
အားလုံးလိုက်ဆိုခိုင်းကာ ရေစက်ချအမျှဝေလိုက်၏ သာဓုသံညီညီညာညာခေါ်ဆိုပြီး အလှူခံတွေကို အိမ်ထောင်စုတဦးခြင်း ခေါ်ဆိုကာ
ဆန် ဆား ပဲ ဂျင်း စောင် ကျားဝတ်တစုံ မ၀တ်တစုံ ကလေးကျားမတစုံ တို့ကို လှူဒါန်းလိုက်၏ အမှောင်ထုကလည်းပိုပြီးမှောင်လာ၏
လိပ်ကျွန်းကျောင်း ချောင်ကြီးကျောင်းတို့ကို ငွေနှစ်သိန်း ဆန်လေးအိပ် ဆေးပစ္စည်းနှင်မုံ့မျိုးစုံလှူဒါန်းခဲ့၏ ချောင်းကြီးရွာအတွက်
ကျောင်းဘုန်းကြီးထံအပ်နှံပြီး စနစ်တကျဝေပေးရန် ပြောကြားလျှက် ည ၈-နာရီပြန်လည်ထွက်ခွာလာရာ ဒေးဒရဲ ကို ည၁၁-နာရီမှ
ပြန်ရောက်၏။ ရန်ကုန်ဆက်လက်ထွက်ခွာလာရာ ည ၂-နာရီမှပြန်ရောက်လေ၏။ ဒေးဒရဲမြို့နယ် အိမ်ထောင်စုပေါင်း ၈၄၀-ကို ကျပ်သိန်း
၆၀-ခန့်လှူဒါန်းရေးအစီစဉ်အောင်မြင်စွာပြီးဆုံးခဲ့လေပြီ။

No comments: