အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, June 27, 2008

ဒေးဒရဲမြို့နယ် မှော်ဘီကျေးရွာခရီးစဉ်

27-06-2008

ဂျွန် ၁-ရက်နေ့ ဒေးဒရဲခရီးစဉ်ကို ရန်ကုန်ပန်းလှိုင်တံတားတွင် ၆-နာရီအရောက်လာရန် လိုက်ပါမည့်ကရုဏာရှင်အားလုံးကိုအကြောင်း
ကြားထား၏ မြန်မာတို့ထုံးစံအတိုင်း ၆-နာ၇ီ ၃၀-မိနစ်မှအားလုံးစုံ၏ တနင်္ဂနွေနေ့ဆိုတော့ မြန်မာသီရိလင်္ကာရာမကျောင်း အကျိုးဆောင်
အဖွဲ့လူစုံလှ၏ ဒေါ်မြင့်မြင့်စိုးဦးဆောင်သောအဖွဲ့ ၁၅-ယောက်ခန့်ရှိ၏ ဒကာကျော်သန်း+မမိုးမိုးတို့အဖွဲ့လည်း ၁၃-ယောက်ခန့်ရှိ၏ ဒကာ
ဖိုးချွန်းအဖွဲ့လည်း ၁၀-ယောက်ခန့်ရှိ၏ တခြားလိုက်ပါသူများနှင့်ပေါင်းလျှင် ဒကာ ဒကာမတွေ အယောက် ၄၀-ခန့်ရှိမည်ဟုထင်ရ၏
သံဃာတော်တွေလည်း ၁၀ -ပါးခန့်ရှိ၏ ဒေးဒရဲခရီးစဉ် လှူသူများသောနေ့ဟုဆိုရမှာဖြစ်၏။
















ဒေးဒရဲမြို့တိုက်ကျောင်းသို့ ၁၀-နာရီခန့်ရောက်သည်။ ဒကာဖိုးချွန်းကား ၁၀-နာရီ ၃၀-မိနစ်ခန့်မှရောက်လာ၏ ဒေးဒရဲရောက်ခါနီးမှ
ဒကာဖိုးချွန်း ဆန်ဝယ်ဖို့ငွေ မေ့ကျန်ခဲ့သည်ဆို၏ အလုပ်များသော ဒကာဖိုးချွန်းတယောက်ဗျာများရတော့၏ ရန်ကုန်ကို ဖုံးဆက်ရလို့
တော်ပါသေး၏ ရန်ကုန်မှငွေကို ဟွန်ဒီနှင့်လွှဲခိုင်းကာ အစဉ်ပြေသွား၏ စောစောရောက်သော်လည်း ဆန်ဖိုးငွေကြောင့်အနည်းငယ် နောက်
ကြသွား၏ ငှားပြီးသား သင်္ဘောဖြင့် ဆန်သွားသယ်ရာမှ သင်္ဘောစက်ပျက်သွားလို့ နောက်တစီးထပ်ငှားရပြန်၏ အချိန်ပိုကြာသထက် ကြာ
ကုန်၏ သင်္ဘောပေါ်ကြမှ ဆွမ်းကပ်ရန် စီစဉ်ထားခြင်းကို ဖျက်လိုက်ပြီး အချိန်မရှိတော့တာနှင့် ဒေးဒရဲတိုက်ကျောင်းမှာပင် ဆွမ်းဖုံးပေးရ
၏ ရန်ကုန်မှ ဒကာကျော်သန်းတို့ချက်လာသောဆွမ်းနှင့် ဒေးဒရဲတိုက်ကျောင်းမှ ကပ်သော ဆွမ်း-ဆွမ်းဟင်းများဖြစ်၏ ဒေါ်မြင့်မြင့်စိုးတို့
အဖွဲ့လည်းချက်လာတာတွေ့ရ၏ ဘုန်းကြီးတော့ ခရမ်းချင်သီးငပိချက်နှင့် ဂုံမင်းတို့စရာကို ခံတွင်းတွေ့နေ၏ အချိုပွဲတွေလည်းစုပေါင်း ကပ်
ကြ၏ ဘုန်းကြီးတွေ ဆွမ်းဖုံးပေးပြီးတာတောင် ဆန်သွားတင်သော သင်္ဘောမရောက်သေးပါ ဒေးဒရဲမှာပင် အချိန်အတော်ကုန်သွား၏။
သင်္ဘောပေါ်ရောက်တော့ ၁၂-နာရီ ထိုးနေပြီး ဒေးဒရဲမှစတင်ထွက်ခွာလာရာ လမ်းတွင် သင်္ဘောဦးမှရေယိုတာနှင့်အနီးငယ်ကြာသွား၏
ရန်ကုန်သားတွေတော့ သင်္ဘောရေယိုတာနှင့် နဲနဲတုံလှုပ်သွားတာတွေ့ရ၏ ဧရာဝတီသားတွေကတော့ ကြုံဘူးပေါင်းများတာမို့ ပူပန်မှုမရှိပါ
မှော်ဘီကျေးရွာကို ညနေ-၃-နာရီခန့်မှရောက်လေ၏ အိမ်ထောင်စု ၃၁၈-အိမ်ရှိသောမှော်ဘီရွာလည်း နာဂစ်ဒါဏ်ကို အတော်ခံစားလိုက်
ရ၏ တောင့်တင်းလှပါသည်ဆိုသည့် ဘုန်းတော်ကြီးကျောင်းတွေလည်း ပြိုသည့်ကျောင်းကပြို အမိုးတွေလန်ထွက်သွားတာကတော့
ကျောင်းတိုင်းဖြစ်၏ အိမ်ငယ်တွေအကုန်ပြိုလျှက် တောင့်တင်းသောအိမ်တွေတော့အမိုးလန်ကုန်၏ လယ်ကွင်းတွင်နေသော လယ်ယာ
လုပ်သား အယောက် ၂၀-ခန့်သေသည်ဟုပြော၏။ မှော်ဘီ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စုတွေစုခိုင်းထာသောကြောင့် လူတွေများ
လှ၏ တခြားတနိုင်တပိုင် အလှူရှင်တွေကိုလည်းတွေ့ရ၏ ခရစ်ရန်သီလရှင်အဖွဲ့လည်း ဘုန်းကြီးကျောင်းတွင် တည်းခိုကာ ဆေးကုသရင်း
လိုက်လှူသည်ကို ၀မ်းမြောက်ဖွယ်တွေ့မြင်ခဲ့ရပါ၏ ဆင်းရဲခြင်းခံစားနေရသော လူသားအားလုံးကို ဘာသာတိုင်းကူညီရိုင်းပင်းခြင်းသည်
မွန်မြတ်သောကရုဏာစိတ်ဓါတ်အရင်းခံလို့ ဖြစ်ပေါ်လာခြင်းဖြစ်၏ ဘာသာမတူလျှင်နေပါစေ လောကမှာဆင်းရဲနေတာကိုတွေ့ရပါလျှက်
မလှူသောလူသည် လူနှင့်မတူသောလူသာဖြစ်၏ လူနှင့်တူသောလူသားဖြစ်အောင် လူတိုင်းကျိုးစားသင့်ပါ၏။
ရန်ကုန်မှအဖွဲ့သားများ အိမ်ထောင်စု-၃၁၈-အိမ်ထောင်အတွက် လှူဖွယ်တွေခွဲဝေကာ ဆာလာအိပ်ထဲထည့်ကြ၏ ဦးရေ၀တနှင့် ဦးဇင်းငယ်
များအိမ်ထောင်စု စာရင်းခေါ်ကာတန်းစီထိုင်ခိုင်း၏ အားလုံးပြည့်စုံမှဘုန်းကြီးကိုလာပင့်၏ ဘုန်းကြီးလည်း ကျေးရွာပရိတ်သတ်ကို ဘုန်း
ကြီးမလေးရှားမှ လာရောက်လှူဒါန်းခြင်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာဆရာတော်များဦးဆောင်လျှက် မလေးရှားရောက်မြန်မာများ
လှူဒါန်းငွေသည် သိန်းငါးရာနီးပါးရှိကြောင်းနှင့် မြန်မာသီရိလင်္ကာရာမကျောင်းအကျိုးဆောင်အဖွဲ့လှူဒါန်းငွေသည် သိန်း ၂၀၀-ကျော်ခန့်
ရှိကျောင်းကိုရှင်းပြပြီး နာဂစ်ကြောင့်ကွယ်လွန်သူတွေကို ရည်စူးလှူဒါန်းမည်ဖြစ်သောကြောင့် ရေစက်ချအမျှဝေကာ သာဓုသံဘ၀ဂ်ညံ
အောင်ခေါ်ဆိုကြ၏ ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေတသိန်း ဆန်နှစ်အိပ် စောင် သင်္ကန်းနှင့်မုတ်တို့လှူဒါန်းပြီး တအိမ်ထောင်
ကို ဆန် ဆား ပဲ ဂျင်း စောင် ကျားဝတ်တစုံ မ၀တ်တစုံ ကလေးဝတ်တစုံ ယားနာလိမ်းဆေး ဖျားနာသောက်ဆေး ဓါတ်ဆားထုတ် စသည်
တို့ကိုလှူဒါန်းခဲ့၏ ကြည့်ရှုသူ အားလုံးဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ။

No comments: