အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, June 22, 2008

ကော့မူးမြို့နယ်ပိန်းနဲကံရွာ














၂၂-၆-၂၀၀၈
ကော့မူးမြို့နယ် ကွင်းလယ်တွင်တည်ရှိသောပိန်းနဲကံရွာသည် နာဂစ်မုန်တိုင်းကြောင့်ပင်လယ်ရေ ၆-ပေတက်သွားသော
ကျေးရွာဖြစ်၏ အိမ်တိုင်းပျက်စီးနေတာတွေ့မြင်ရ၏ ပြည်သူတွေ၏တကယ်အားထားရာ ဘုန်းတော်ကြီးကျောင်းလည်းအမိုးလန်
ဘေးအဆောင်ပြိုကြနေတာကိုမြင်တွေ့၏ တာလပတ်အမိုးများဖြင့် နေမြင် လမြင် ကျောင်းဖြစ်နေ၏ လာရောက်လှူဒါန်းမည့်
သံဃာတော်များနှင့်ဧည့်သည်များအတွက် ဆွမ်း ဆွမ်းဟင်းတွေကို ရှိတာလေးနှင့်ဝိုင်းပြည့်အောင်ချက်ထားတွေ့မြင်ရ၏။
ဘုန်းကြီးတို့က ဆင်းရဲအပေါင်းနှင့်ကြုံတွေ့နေရသော ကျေးရွာများထံမှ မစားရက်ပါ စေတနာကိုတော့လေးစားမိပါ၏
အိမ်ထောင်စု ၉၁-အိမ်ရှိသောထိုရွာကို ဘုန်းကြီးကျောင်းသို့ တအိမ်တယောက်ခေါ်ယူကာ နာဂစ်ကြောင့်ကွယ်လွန်သူများကို
အမျှဝေသာဓုခေါ်ဆိုလျှက် တအိမ်ထောင်လျှင် ဆန်၎ပြည် ဆားတထုပ် ပဲတထုပ် ဂျင်း စောင် ကျားဝတ်တစုံ မ၀တ်တစုံ
ကလေးဝတ်တစုံလှူဒါန်းခဲ့၏ ဘုန်းတော်ကြီးကျောင်းပြုပြင်ရန်အတွက် ငွေကျပ်တသိန်းနှင့် ဆန်နှစ်အိပ် သင်္ကန်း စောင်
တို့ကိုလည်း လှူဒါန်းခဲ့၏ အားလုံးသာဓုခေါ်ဆိုနိုင်ပါစေ

No comments: