အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Saturday, September 21, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၈)




    သူတို့တတွေသည် လွယ်လွယ်နှင့်တော့ လက်မလျှော့ကြောင်း သတိထားစရာတွေဖြစ်လာ၏ ဘုန်းကြီးထံသို့ ဘုန်းကြီးနှင့် ရင်နှီးသောဒကာတွေကို ရွေးချယ်ပြီး တနာရီတခါလောက် ဖုံးဆက်ပြီး စည်းရုံးရေးဆင်းနေပြန်၏ ဘုန်းကြီးလည်း အစဉ်ပြေသ လိုသာ ပြန်ပြောလိုက်ရ၏ ဘုန်းကြီးသတိထားမိသလောက်တော့ တခါတလေ နာရီ ၀က်ခြား တခါတလေ တနာရီခြား ဖုံးဆက် နေ၏ ဒီလိုနဲ့ဘဲ ညပိုင်းရောက်လာ၏ ဘုန်းကြီးအိပ်ချိန်ကျော်သည့်တိုင်အောင် ဖုံးဆက်လာတော့ မင်းတို့ ဒီလောက်တောင် လူမှုရေး နားမလည်ဘူးလားဆိုပြီး ဆူပူကြိမ်းမောင်းလိုက်ပြီး ဖုံးပါပိတ်ထားလိုက်တော့၏။
   ဘုန်းကြီးနေသော နေရာသည် တစ္စကို ကုန်တိုက်၏ အနောက်ဘက်မှာနေသောကြောင့် ဘုန်းကြီးကို ပူချုန်းတစ္စကိုဘုန်းကြီး ဟု ခေါ်ဝေါ်သတ်မှတ်ထားကြ၏ နံက်မိုလင်းလို့ အာရုံဆွမ်းဖုံးပေးပြီးချိန်တွင် ဘုန်းကြီးထံသို့ သတင်းထူးတခုရောက်လာ၏ ည က ဆူပူကြိမ်းမောင်းလိုက်သော နိုင်ငံရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည် ဘုန်းကြီးကို သံရုံးဆန္ဒပြဖို့ ခေါ်လို့မရတာနဲ့ တစ္စကို ဘုန်းကြီးကို ဆွမ်းကပ်စရာမလိုဘူးဟု သတင်းတွေဖြန့်ကြ၏။
     သြော်---နိုင်ငံရေးသမားတွေ သူတို့အလိုမလိုက်တာနဲ့ ဘုန်းကြီးဆွမ်းမကပ်ဖို့ လိုက်လံပိတ်ပင်နေကြ၏ နိုင်ငံရေးသမားတွေ စိတ်ဓါတ်ကတော့ ကလေးအဆင့်လောက် ရှိတာသာတွေ့ရ၏ ကလေးတွေလည်း အခြင်းခြင်းမတဲ့ဘူးဆိုလျှင် ပေးထားသည့် အိုးဖုတ် ဂျိုရုပ် ပြန်တောင်းတတ်၏ ယ္ခုလဲ ဒီသဘောအတိုင်းပါဘဲ ဆရာကြီးဒဂုဏ်တာယာက နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူ ကနေ မိတ်ဆွေဖြစ်အောင်လုပ်တာဟု မိန့်ဆိုထားပါ၏ ခုတော့ သူတို့တတွေ မိတ်ဆွေကနေ ရန်သူဖြစ်အောင် လုပ်နေတာ တွေ့ မြင်ရရင် ကွယ်လွန်သူ ဆရာကြီး ဒဂုဏ်တာယာ စကားနဲ့ဆိုလျှင်တော့ အာနာစရာကြီး ဖြစ်မှာသေချာ၏။
      ဘုန်းကြီးလည်း ပုထုဇင်သာဖြစ်သောကြောင့် ဒေါသအလျှောက် အနည်းငယ်တော့ တုံလှုပ်မိပါ၏ မြတ်စွာဘုရားက လော ကဓံ တရား ဂ-ပါးတွင် ချီးမွမ်းခြင်းကိုလည်း မသာယာ ကဲ့ရဲ့ခြင်းကိုလည်း မတုံလှုပ်ဘဲ အလယ်ကောင်တဲ့တဲ့ နေနိုင်မှ လောကဓံ နဲ့ ကြုံတွေ့လာလျှင် ကြံ့ကြံ့ခံနိုင်မှာဟု ဟောထားခဲ့ပါ၏ ချီမွမ်းခြင်းကို မသာယာအောင် ထိမ်းထားနိုင်ပေမဲ့ ကဲ့ရဲ့ခြင်းကိုတော့ မတုံလှုပ်မိအောင် ထိမ်းထားဖို့ မလွယ်ဘူဆိုတာ လက်တွေ့ သိမြင်ရပါ၏။ 
      ရဟန်းတပါးကို ဆွမ်းပိတ်ပင်တဲ့ အကုသိုလ်ကံသည် သူတို့နောင်ဘ၀ ခံစားရမှာဖြစ်၏ မလေးရှားမှာ သူတို့လူတွေဘဲ ရှိနေ သည်ဟု ထင်နေပုံရ၏ တကယ်တော့ သူတို့တတွေသည် နိုင်ငံရေးထက် သူတို့ UN ကပ်ရရှိရေး တတိယနိုင်ငံတခုကို ထွက်ခွါ ရေးအတွက် လုပ်ဆောင်နေသူတွေဆိုတာ မလေးရှားရောက်လူအများစုက သိရှိထားကြ၏ ဘုန်းကြီးကို ကြည်ညိုလေးစားသူ ဒကာ ဒကာမတွေလည်း ဒီသတင်းကြားပြီး အခြင်းခြင်း ပြောကြဆိုကြတာတွေ ဖြစ်လာကုန်၏။
   ဒို့ ဘုန်းကြီး ဒို့ တသက်လုံးကပ်နိုင်တယ် မင်းတို့ မကပ်လို့ ဘာမှ မဖြစ်ဘူးဟု သူတို့ကြားအောင် ပြောဆိုသံတွေကြားရလေ၏ သူတို့တတွေ ဘုန်းကြီးကို ဆွမ်းကပ်ဖို့ ပိတ်ပင်သော်လည်း ကျန်လူအများစုက သူတို့ကို အရွဲ့တိုက်ပြီး ဆွမ်းလာကပ်ကြသည့် အတွက် ဘုန်းကြီးမှာ ဆွမ်းစားတွေ လက်မလည်အောင် ပေါများလာတာတွေ့ရ၏ ထိုနိုင်ငံရေးသမားတွေကိုဘဲ ကျေးဇူးတင်ရ မလိုဖြစ်နေ၏ သူတို့ကြေငြှာပေးလို့ ကရုဏာဆွမ်း ကပ်လှူချင်သူတွေ ပေါများလာခြင်းဖြစ်၏။
 

Type your summary here. Type the rest of your post here.

No comments: