မြန်မာပြည်အစိုးရ၏ ရွှေဝါရောင် သံဃာတော်များအပေါ် ဖြိုခွဲမှုသည်
ရက်စက်ကြမ်းကြုပ်လှ၏ ဘာလက်နှက်မှမပါ မေတ္တာ ပို့ သံဃာတော်တွေကို
ရိုက်နှက်ပစ်ခတ်ဖြိုခွဲခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို
အဆိုးဘက်သို့ ရောက်အောင် ပို့ဆောင်လိုက်ခြင်းဖြစ်၏ မလေးရှားတရုပ်တွေကိုယ်တိုင်
သတင်းစာတွေကိုင်ပြီး သူတို့ရင်းနှီးတဲ့ မြန်မာတွေကိုပြကာ ကိုယ့်ဘာ သာကိုတောင် ရက်ရက်စက်စက်
လုပ်ရက်လိုက်တာဟု ပြောဆိုပြီး မင်းတို့မြန်မာတွေ ဒီအတိုင်းငြိမ်မနေပါနဲ့
ဒုက္ခရောက်တဲ့ သံ ဃာတော်တွေအတွက် ၀ိုင်းဝန်းကူညီပါဆိုပြီး မလေးတရုပ်ကိုယ်တိုင်
ဦးဆောင်၍ အလှူငွေ လှူဒါန်းတာတွေ့ရ၏။
ရွှေဝါရောင်သံဃာတော်များကို ဖြိုခွဲနှိမ်နှင်းလိုက်တော့ နိုင်ငံတကာရောက်မြန်မာတွေ
မြန်မာသံရုံးရှေ့တွင် ဆန္ဒပြကာ ရှုံ့ချ ပွဲတွေ နိုင်ငံတိုင်းလုပ်နေတာတွေ့မြင်ရ၏
မလေးရှားရောက် နိုင်ငံရေးအဖွဲ့အစည်းတွေလည်းဆန္ဒပြရန် စည်းဝေးနေသံတွေကြား နေရ၏
အနောက်တိုင်းနှင့် ဥရောပနိုင်ငံတွေမှာတော့ ဘုန်းကြီးတွေဦးဆောင်ကာ
ဆန္ဒပြပွဲတွေလုပ်တော့ မလေးရှားနိုင်ငံရေး အဖွဲ့တွေလည်း မလေးရှားရောက် ဘုန်းကြီးတွေထံ
ချင်းကပ်ခါ ဆန္ဒပြပွဲ ပါဝင်၇န် ကြိုးစားလာတာတွေ့ရ၏။
ဘုန်းကြီးကျောင်းကိုလာပြီး
ဘုန်းကြီးကိုတော့ သူတို့ တိုက်ရိုက်မလျှောက်ပါ ဆောင်းပါးရိပ်ချေ စကားတွေပြောလာ၏
ဆရာတော် ရွှေဝါရောင်တော်လှန်ရေး စစ်တပ်က
ရက်ရက်စက်စက် ဖြိုခွဲလို့တကမ္ဘာလုံး နိုင်ငံခြားရောက်မြန်မာတွေ ဆန္ဒပြနေ ကြပြီဘုရား
အေး ကောင်းတာပေါ့ မလေးရှားလည်း ပြသင့်တာဘဲ ပြကြပေါ့ကွာ ကောင်းပါတယ်လို့ ပြောလိုက်၏
အင်္ဂလန်
အမေရိကန်တို့မှာ
ဘုန်းကြီးတွေဦးဆောင်ပြီးဆန္ဒပြတာဘုရား မလေးရှားမှာ ဦးဆောင်မည့် ဘုန်းကြီးမရှိလို့ပါဘုရားဟု
ရေလာ
မြောင်းပေး စကားမျိုးဖြင့်
ပြောဆိုလျှောက်ထားလာ၏။
အေး အင်္ဂလန်-အမေရိကန်-ရောက် ဘုန်းကြီးတွေနှင့် မလေးရှားရောက် ဘုန်းကြီးတွေ
အနေအထားခြင်းမတူဘူး ဒကာတို့ ရဲ့ အင်္ဂလန်-အမေရိကန်-ရောက်-ဘုန်းကြီးတွေက
ဂရင်းကတ်သော်လည်းကောင်း နိုင်ငံသားဖြစ်ခွင့် ဗီဇာသော်လည်းကောင်း
ကိုင်ဆောင်ထားခြင်းဖြစ်တယ် သံရုံးနဲ့ ပြဿနာတက်တက် မြန်မာပြည်အစိုရနဲ့ ပြဿနာတက်တက်
သူတို့မှာ နေထိုင်ခွင့် ဗီဇာ ရှိနေတော့ ဘာပြဿနာမှ မရှိဘူး သူတို့ အဲဒီနိုင်ငံမှာ
ဆက်နေလို့ရတယ်။
မလေးရှားမှာနေတဲ့ ဘုန်းကြီးတွေက တနှစ်တခါတိုးရတဲ့ နေထိုင်ခွင့်ဗီဇာလောက်ဘဲရှိတာ
ဗီဇာနဲ့ ပတ်သက်ပြီး ဘာအာမခံ ချက်မှ မရှိဘူး ပတ်စပို့ သက်တမ်းတိုးတော့လည်း
မြန်မာသံရုံးမှာဘဲတိုးရတယ် မြန်မာပြည်ပြန်ရင်လည်း မလေးရှားမှာ သာသ နာ
ပြုနေသောဆရာတော်ဖြစ်ကြောင်း
သံရုံးထောက်ခံချက်ပါမှ မြန်မာပြည်လေဆိပ်ရောက်လျှင် ပတ်စပို့
ဆက်ကိုင်ခွင့်ပေးတာ သံရုံး ထောက်ခံစာမပါလျှင် လေဆိပ်မှာပင် ပတ်စပို့သိမ်းလိုက်၏
မလေးရှားဘုန်းကြီးတွေ အဲဒီလိုအခက်အခဲတွေရှိတယ် သံရုံး ကို ဆန္ဒသွားပြလျှင် ဒီမျက်နှာနဲ့
သက်တမ်းတိုးဖို့ ထောက်ခံချက်ယူဖို့ အစဉ်ပြေမလားဟုပြောလိုက်၏ သူတို့တတွေ သူတို့အလို
ဘုန်းကြီးမလိုက်တော့ သဘောမကြတဲ့ အမူအယာတွေနဲ့ ပြန်သွားကြ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment