အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, September 25, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၂)



     ဘုန်းကြီးက နိုင်ငံရေးထက် စာလျှင်တော့  နိုင်ငံအရေးကို ပိုပြီးစိတ်ဝင်စားတယ်  နိုင်ငံရေးနဲ့ နိုင်ငံအရေး ဆိုတာ အတူတူဘဲ မို့လာဘုရား မတူဘူးဒကာလေးတို့ နိုင်ငံရေး ဆိုသည်မှာ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းတို့လို ပုဂ္ဂိုလ်မျိုးတွေကို နိုင်ငံရေးသမားစစ်စစ် နိုင်ငံရေးလုပ်နေသူလို့ ခေါ်ရမှာဖြစ်တယ် နိုင်ငံရေးကိုခုတုံးလုပ်ပြီး မိမိကိုယ် ကျိုးစီးပွားအတွက်သာ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံရေးစားဖားတွေ နိုင်ငံရေးချစားသူတွေ နိုင်ငံဘဏ္ဍာတွေကို ခိုးယူနေ ပြီး လုပ်စားသူတွေသည်  နိုင်ငံတော်ကို အန္တရာယ် စက်ကွင်းထဲရောက်အောင် လုပ်နေတဲ့ သစ္စာဖေါက် သူခိုးကြီးတွေသာဖြစ်၏ သူတို့တတွေ အာဏာရှိနေသမျှ တိုင်းပြည်မွဲပြီး ဆင်းရဲတွင်းနက်နေမှာဖြစ်၏ နိုင်ငံရေးထက် သူတို့အရေး လုပ်နေသူတွေလို့ ဆို ရမှာဖြစ်ပါ၏။  
      နိုင်ငံအရေးဆိုတာကတော့ ဆင်းရဲတဲ့ နိုင်ငံတွင် အစိုးရလုပ်မပေးနိုင်သော ကိစ္စတွေကို လူမှုရေးစိတ်ဓါတ်အပြည့်အ၀ဖြင့်
မိမိနိုင်ငံအတွက် လိုအပ်နေသော ပညာရေး ကျန်းမာရေး လူမှုရေးလုပ်ငန်းတွေကို ကိုယ်တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေး ခြင်းကို ဆိုလိုတယ် ဘုန်းကြီးလည်း ဘုန်းကြီးတတ်နိုင်သလောက် နိုင်ငံအရေးဖြစ်တဲ့ တိုင်းပြည်အတွက် တကယ်လိုအပ်နေ သော သိန်း ၅၀၀-ခန့်ကုန်ကြမည့် ကျောင်းသား ၄၀၀-ဆန့် အထက်တန်းကျောင်းဆောင် သိန်း ၂၅၀-ခန့် ကုန်ကြမည့် ၁၀-ဧက ကျယ်သော သောက်ရေကန် သိန်း ၁၀၀-ကျော် ကုန်ကျသည့် ဓါတ်မှန်ခန်းနှင့်  ဓါတ်မှန်စက်တို့ကို မလေးရှားရောက် ရွှေမြန်မာ တွေ စုပေါင်းလှူဒါန်းသော အလှူငွေဖြင့် လှူဒါန်းဆောင်ရွက်လျှက်ရှိပြီး နိုင်ငံအရေးကို ဆောင်ရွက်နေပါတယ်ဟုပြောလိုက်၏။
        ဘုန်းကြီးကို အစည်းအဝေး လာပင့်သော ဒကာလေးတွေလည်း ဘုန်းကြီးပင့်ဖို့ အခြေအနေမကောင်းဘူးဆိုတာ သဘော
ပေါက်သွားပုံရ၏ တပည့်တော်တို့ကို ပြန်ခွင့်ပြုပါအုံးဘုရားဟု လက်လျှော့ကာ ပြန်သွားလေ၏ နိုင်ငံရပ်ခြား သာသနာပြုရဟန်း တော်တွေရဲ့ မလွဲမသွေ ကြုံတွေ့ရမဲ့ အခက်အခဲအချို့ပါ နိုင်ငံရေးကို ၀ါသနာပါသော ရဟန်းတော်တွေလည်းရှိပါ၏ သူတို့ဘ၀ သူတို့ဆန္ဒနဲ့ သူတို့မို့ ကိုယ်ဝါသနာပါရာ လုပ်ပိုင်ခွင့် အခွင့်အရေးလည်း သူတို့လုပ်ပိုင်ခွင့်ရှိပါ၏ နိုင်ငံရပ်ခြားသည် လွတ်လတ် သည့် နေရာတခုဖြစ်၏ တချို့ရဟန်းတော်တွေလည်း မထူးဇာတ်ခင်းပြီး ဖြစ်ခြင်ရာဖြစ်ဆိုပြီး လုပ်ကြတာလည်းတွေ့ရှိရပါ၏ သြော် ---ကိုယ်ပိုင် အခွင့်အရေး ကိုယ်စီရှိတာမို့ ကိုယ်ဘ၀အတွက် မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချပြီး လုပ်နိုင်ကြပါစေ။
          ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွင်းခံလိုက်၇တဲ့ မြန်မာပြည်မှ ညီတော် နောင်တော်တွေတော့ ထောင်ထဲရောက်သူက ရောက် နိုင်ငံခြားပြေးသူကပြေး ကျောင်းပျောက်သူကပြောက် ကျောင်းထိုင်ဘုန်းကြီးလက်မခံလို့ လမ်းပေါ်ရောက်သူကရောက် လူထွက်သူကထွက် သေသူကသေနဲ့ ဒုက္ခမျိုးစုံ ကြုံတွေ့ရပါတော့၏ တကယ်အနစ်နာခံပြီး တကယ်ဆောင်ရွက်ခဲ့တဲ့ ပြည်တွင်း မှ သံဃာတော်တွေနှင့် ပြည်သူတွေကတော့ ရက်ရက်စက်စက် နာနာကြီးကြီး ခါးသီးလှစွာ ခံစားနေရချိန်တွင် နိုင်ငံခြားရောက် နိုင်ငံရေး လုပ်စားသူအချို့နှင့် လူရည်လယ်သူအချို့ကတော့ ထိုရွှေဝါရောင် တော်လှန်ရေးကို အကြောင်းပြုကာ ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရမှ နှိပ်ဆက်လို့ ပြေးလာတာပါဆိုပြီး UN ကပ်လျှောက်ကြ၏။
          သူတို့တတွေသည် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ရေစီးချောင်းပေါ်မှာ ကောင်းကောင်း အသုံးချတတ်တာလည်း ချီးကျုးစရာ ကောင်းပါ၏ ထိုပုဂ္ဂိုလ်တွေ ၇၅-ရာခိုင်နှုံးခန့်သည် ယ္ခုအခါ မလေးရှားတွင် မရှိတော့ပါ တတိယနိုင်ငံသို့ ရောက်ကုန်ကြပါပြီ သူ တို့ကို မနာလိုဝန်တိုလို့ ပြောဆိုခြင်းမဟုတ်ပါ သူတို့ဘ၀လေးတွေ တတိယနိုင်ငံတခုမှာ အစဉ်ပြေနေတယ်ဟု ဖုံးဆက်ပြီး ပြော လာလို့ ၀မ်းမြောက်မိပါ၏  တကယ်အနစ်နာခံတဲ့ မြန်မာပြည်မှ ရဟန်းသံဃာ ပြည်သူတွေကတော့ ဒုံရင်းအတိုင်းဘဲ တွေ့မြင်ရ ၏ လောကကြီး သဘာဝမှကြရဲ့လား ဘာဖြစ်လို့ တကယ်အနစ်နာခံသူတွေ မစံစားရဘဲ လုပ်စားသူတွေသာ စံစားခံစားနေရ သလဲဆိုတာ တခါတလေ လောကကြီးကို မကြေမနပ်ဖြစ်နေမိပါ၏။
 

Type your summary here. Type the rest of your post here.

No comments: