အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, September 26, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၃)





      ရွှေဝါရောင် တော်လှန်ရေးကိစ္စငြိမ်သွားလို့ မကြာခင်သောကာလမှာဘဲ မြန်မာပြည်သို့ နာဂစ်ဆိုသည့် ဘေးအန္တရာယ်ဆိုး ကြီး ၀င်ရောက်မွှေနှောက်သွားပြန်၏ ထိုနာဂစ်မုန်တိုင်းကို ဘီဘီစီ စီအင်အင် သတင်းဋ္ဌာနတွေမှ ၂-ရက်ခန့်ကြိုတင်ပြီး သတင်း ထုတ်လွင့်ပေး၏ အန္တရာယ်ဖြစ်နိုင်တဲ့ မုန်တိုင်းမို့ ၁-နာရီးခြားတခါ ထုတ်လွှင့်ပေးနေခြင်းဖြစ်၏ ဘုန်းကြီးလည်း ဧရာဝတီသား ဆိုတော့ မိမိနှင့်ပတ်သက်သော ရန်ကုန်နှင့် ဧရာဝတီ သို့ ၂-ရက်ကြိုတင်၍ ဖုန်းဆက်အကြောင်းကြားပါ၏ သို့သော်လည်း သူ တို့တတွေ အတွေ့အကြုံ ဗဟုသုတနဲသည်မို့ သိပ်မယုံကြပါ။
        ဘုန်းကြီးဘက်ကတော့ တာဝန်ကြေပါ၏ သူတို့မယုံသည့်အတွက် စိတ်မကောင်းတော့ဖြစ်မိ၏ တကယ်လည်း မုန်တိုင်း ၀င်လာသောအခါ ပြင်ဆင်ချိန်တွေ မရရှိတော့ဘဲ ဆုံးရှုံးမှုတွေနဲ့ အများကြီး ကြုံတွေ့ရပါတော့၏ ဘုန်းကြီးတို့လည်း မလေးရှားမှ သတင်းတွေကို နားစွင့်ကာနေရ၏ အင်တာနက်သတင်းကို အမြဲမပြတ်ဖွင့်ထားရ၏ ပထမဆုံး ရန်ကုန်သတင်းတွေ တက်လာ၏ ရန်ကုန်မြို့ကြီးတောင် မြို့ပျက်ကြီးသဖွယ်မြင်ရတော့ ဘုန်းကြီးတို့ဧရာဝတီတော့ ဆိုးဆိုးဝါးဝါးခံစားရမှာဖြစ်၏ ထိုနာဂစ်မုန်တိုင်း သည် ဧရာဝတီတိုင်းကို မိုင် ၁၄၀-နှုံးဖြင့်တိုက်ခိုက် ၀င်ရောက်မွှေနှောက်ပြီးမှ ရန်ကုန်ကိုဝင်ချိန်သည် မိုင် ၁၁၀-နှုံးခန့်သာ ရှိ
သောကြောင့်ဖြစ်၏။
        မိုင် ၁၁၀-နှုံးခန့်တိုက်ခိုက်ခံရသော ရန်ကုန်မြို့ကြီးတောင် မြို့ပျက်သဖွယ်ဖြစ်ခဲ့လျှက် မိုင် ၁၄၀-နှုံးဖြင့် တိုက်ခိုက်ခဲ့သော ဧရာဝတီသည် တွေးဝန့်စရာတောင်မရှိပါဘူး ဧရာဝတီသတင်းကို ၅-ရက်လောက်ကြာမှ အင်တာနက်ပေါ်တက်လာတာ တွေ့ရ ၏  သေလိုက်သည့် အလောင်းတွေ မြင်မကောင်းအောင် တွေ့မြင်လိုက်ရတော့ မျက်ရည်ပေါက်ပေါက်ကျအောင် ၀မ်းနည်းကြေ ကွဲရပါ၏ ဘုန်းကြီးရွာကို ဖုံးဆက်သော်လည်း အဆက်အသွယ်တွေ ပြတ်တောက်နေသောကြောင့် ဘယ်လိုမှ ဆက်သွယ်လို့ မရပါ ဘုန်းကြီးရွာတောင် ရှိမှ ရှိသေးရဲ့လားလို့ စိတ်ထဲမှာ တွေးတောပြီး ပူပန်နေမိ၏။
     ရ-ရက်လောက်ကြာမှ ဘုန်းကြီးရွာနှင့် အဆက်အသွယ်ရ၏ ဘုန်းကြီးငယ်သူငယ်ချင်း မလှဝင်းအိမ်က တယ်လီဖုံးကို ဆက် သွယ်လို့ရ၏ ဘုန်းကြီးလည်း မလေးရှားကဆက်ကြောင်း ပြောလိုက်တော့ ဘုန်းကြီးမှန်းသိသွား၏ ရွာအကြောင်းကို မေးခွင့်မရ သေးခင် သူတို့ဘက်ကပြောတာကိုဘဲ နားထောင်နေရ၏ ဦဇင်းကို တနယ်လုံး ကျေးဇူးတင်နေတယ် ဘာကိစ္စနဲ့ ကျေးဇူးတင်နေ တာလည်း မေးကြည့်တော့ နာဂစ်မုန်တိုင်းက အတော်ပြင်းထန်တယ် ရွာမှာသစ်ပင်တွေလဲပြီး အိမ်အမိုးတွေတော့တရွာလုံးနီးပါး လေထဲပါကုန်တယ် အသေအပြောက်တော့ မရှိပါဘူးဟု ပြောဆိုလာပါ၏။
     နာဂစ်မုန်တိုင်းကြောင့် ချောင်းတွေ မြောင်းတွေမှာ သစ်ပင်သစ်ရွက်တွေကျ တိရစ္ဆာန်တွေ သေဆုံးတာကြောင့် ရေတွေက ငံပြာရည်ရောင်ပေါက်ပြီး တနယ်လုံးရေဘေးဒုက္ခရောက်နေချိန်မှာ ဦးဇင်းမနှစ်က တူပေးခဲ့တဲ့ ၁၀-ဧကကျယ် ရေကန်ကြီးတခု သာလျှင် ရေကောင်းသောကြောင့် တနယ်လုံးလာခပ်နေကြတယ် ရွာမှ လူငယ်တွေကလည်း ထော်လာဂျီပေါ် ရေတိုင်ကီ တင် ပြီး ဘေးရွာတွေကို ရေလိုက်ဝေနေကြတယ်ဟု ပြောလိုက်တော့ ဘုန်းကြီးမှာ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း မိမိတူးလှူခဲ့သည် ရေ ကန်သည် လူသားတွေအတွက် ကျေးဇူးများခဲ့လို့ ၀မ်းမြောက်ခြင်း ဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: