ရွှေဆိုသည်မှာ တူနဲ့ထုလို့လဲ မကွဲရဘူဆိုထား၏ တူနဲ့ထုလို့ ကွဲသွားလျှင်
ရွှေအစစ်မဟုတ်တော့ဘူး ရွှေ၏ မူလဇာတိရုပ် ပြောက်သွားသောကြောင့် ရွှေအတုသာဖြစ်၏ ဥပမာပြောရလျှင်
ဘုရားကို ရွှေသင်္ကန်းကပ်မည့် ပါးပါးလှပ်လှပ် ရွှေလွှာသင်္ကန်း လေးတွေသည် တူဖြင့်
အချက်ပေါင်းရာချီ ထုပါမှ ပါးပါးလှပ်လှပ် ရွှေသင်္ကန်းဖြစ်လာခဲ့၏ ရွှေစစ်လျှင် ကွဲသွားခြင်းမရှိပါ
ကွဲသွား လျှင် ရွှေမစစ်လို့သာဖြစ်ပါ၏ ထို့အတူ ကိုယ့်ကိုယ်ကို ရွှေလို့တင် စားခေါ်ဝေါ်ကြတဲ့
ရွှေဆိုတဲ့ ရွှေမြန်မာတွေကတော့ တူနဲ့ထုဖို့ တောင် မလို အမြဲတန်းကွဲနေတာများ၏။
မလေးရှားရောက်တဲ့ မြန်မာအလုပ်သမားတွေ နေထိုင်စားသောက်ရေးတွေ မေးကြည့်မိ၏
သုံးယောက်ဆိုလျှင်သုံးအိုးခွဲ ချက်စားတာတွေ့ရ၏ ငါးယောက်ဆိုလျှင်
ငါအိုးခွဲစားတာတွေ့ရ၏ ဘာဖြစ်လို့ ပေါင်းမချက်စားတာလည်း မေးကြည့်တော့ အကြိုက်ခြင်းမတူလို့ပါဘုရားဟု
လျှောက်ကြ၏ တကယ်တော့ သူတို့မညီညွတ်တဲ့ လက္ခဏာသာဖြစ်၏ ကွဲခြင်း၏အစ အက်ရာ ထင်နေခြင်းဖြစ်၏
ငွေစုပေါင်းထည့်ပြီး တဦး တရက်ချက်လျှင် နှစ်ယောက်က စားရုံသာ အချိန်လည်းသက်သာ၏
ဂက်လဲ အကုန်သက်သာ၏ စည်းလုံးညီညွတ်မှုလည်းဖြစ်၏ အဲဒီလိုအသေးအမွှားလေးတွေမှာ မြန်မာတွေ
ကွဲနေတာ အက်ကြောင်း ထင်နေတာတွေ တွေ့မြင်ရပါ၏။
တိုင်ရင်းသားတွေလည်း စည်းလုံးညီညွတ်မှုသိပ်မရှိ ဗမာဆိုလျှင် မုန်းကြ၏
အကြောင်းကတော့ ဗမာတွေအုပ်ချုပ်လို့ သူတို့ တိုင်းရင်းသားတွေ အနှိမ်ခံရတာဟု
စိတ်ထဲမှာစွဲမှတ်ထား၏ တကယ်တော့ စနစ်တခုရဲ့မှားယွင်းစွာ အုပ်ချုပ်မှုကြောင့် ဗမာလည်း
အလူးအလဲခံရ၏ အုပ်ချုပ်သူက ဗမာဖြစ်နေတော့ အာလုံး ၀ါးလုံးရှည်နဲ့သိမ်းရမ်းခံရတာသာဖြစ်၏
UNလျှောက် တဲ့သူတွေလည်း ဗမာဆိုလျှင် UNကမပေးချင် ဘာဖြစ်လို့လည်းဆိုတော့
အုပ်ချုပ်တဲ့လူတန်းစားဟု သတ်မှတ်ထားသော ကြောင့်ဖြစ်၏ ဗမာသည် ပြည်တွင်းအုပ်ချုပ်မှုစနစ်ဆိုးကြောင့်လည်း
ခံခဲ့ရ၏ ပြည်ပမှာလည်း အမြင်ကျဉ်းမှုကြောင့် ခံရပြန်၏ ဒါကြောင့် မိအေးနှစ်ခါနာ
ဗမာတွေဖြစ်၏ ကိုရွှေမြန်မာတွေ တူနဲ့မထုခင်က ကွဲခြင်နေကြသော အကြောင်းအရာတွေဖြစ်ပါ၏။
အဲဒီလို အသေးအမွှားလေးတွေမှာ ကွဲသည်ဆိုသော်လည်းဘဲ တကယ့်အရေးကြီးတဲ့
မိမိတို့ဘာသာ သာသနာ မိမိတို့လူမျိုး မိမိတို့နိုင်ငံ ဤကမ္ဘာမြေပြင်က
ပြောက်ကွယ်သွားမည့် အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့နေချိန်မှာတော့ အာလုံးညီညွတ်ကြပါ၏
ဘယ် သူ သွေးခွဲခွဲမကွဲပါ တလုံးတစည်းတည်း စုပေါင်းဆွေးနွေးကာ ဒုက္ခရောက်သူတွေကို
ကယ်တင်ဖို့ ကာယအားနှင့် တတ်နိုင်သူ တွေက ကာယအားဖြင့်ကူညီကြ၏
ဥာဏအာဖြင့်တတ်နိုင်သူတွေကလည်း ဥာဏအားဖြင့်ကူညီကြ၏ ကာယအား ဥာဏအား မတတ်နိုင်တဲ့ အဝေးရောက်နေသူတွေက ငွေကျေးဓန
စုပေါင်းကောက်ကြကာ ငွေကျေးဖြင့်အကူအညီပေးကြ၏ ရွှေဆိုတာ
ဘယ်လိုတူမျိုးနဲ့ထုထုမကွဲသလို မိမိတို့ရွှေမြန်မာတွေလည်း ဘယ်လို ဘာသာခြားတူတွေနဲ့ ဘယ်လိုဘဲထုထု
ဘယ်တော့မှ မကွဲပါနဲ့ ရွှေပီသကြပါစေ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment