အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Saturday, September 7, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၆)



  ရွှေဆိုသည်မှာ နန်းဆွဲလို့မပြတ်ရဘူး နန်ဆွဲလို့ပြတ်လျှင် ရွှေ၏ မူလဇာတိရုပ်ပြောက်သွားလို့ ရွှေ အစစ်မဟုတ်တော့ပါ နန်း ဆွဲလို့မပြတ်မှ ရွှေအစစ်ဖြစ်၏ ရွှေ၏သတ္တိထူးတခုဖြစ်၏ နန်းဆွဲလို့မပြတ်ခြင်းသည် ရွှေ၏ ပျော့ပြောင်းသည့်သတ္တိဖြစ်၏ လိုရာ ကို ပုံစံသွင်းနိုင်ခြင်းဖြစ်၏ ပျော့ပြောင်းသည့်သတ္တိကြောင့် လိုရာကို နန်းဆွဲနိုင်ပြီး ဆွဲကြိုး လက်စွပ် လက်ကောက် စသည်ဖြင့် ပုံစံဆန်းဆန်း ဒီဆိုင်းဆန်းဆန်းလေးတွေဖြင့် ရွှေဆိုင်တွေ အပြိုင်တီထွင်ကာ လူတိုင်းစိတ်ဝင်စားအောင် လှလှပပ ရောင်ပန်းလှ
လျှက် အောင်မြင်မှုတွေရကာ ကြီးပွားချမ်းသာနေခြင်းသည် ရွှေ၏နန်းဆွဲလို့မပြတ်တဲ့ သတ္တိကြောင့်ဖြစ်ပါ၏။
       ရွှေဆိုသည့် မြန်မာပြည် တိုင်းရင်းသားအများစုသည် ဗုဒ္ဓဘာသာကို ကိုယ်းကွယ်တာများပါ၏ ဗုဒ္ဓဘာသာ၏ ပျော့ပြောင်း သိမ်မွှေ့ နူးညံ့သော မေတ္တာတရားကို လက်ခံထားသဖြင့် ရွှေတွေ၏ စိတ်ထားသည် နူးညံ့ပါ၏ သိမ်မွှေ့ပါ၏ ပျော့ပြောင်းပါ၏ ချစ်ခင်တတ်ပါ၏ ကြမ်းတမ်းခြင်း ခက်ထန်ခြင်း ဒေါသသည် ရွှေ အစစ်တွေ၏ စိတ်ထားမဟုတ်ပါ ရွှေသည် ပျော့ပြောင်းလို့ လို ရာပုံစံကို သွင်းလို့ရသလို ရွှေဆိုသည့် မြန်မာနိုင်ငံသားတွေလည်း သင်လွယ် တတ်လွယ် ပုံသွင်းလွယ်ပါ၏ မလေးရောက် မြန် မာအလုပ်သမားတွေကို မလေးသူဋ္ဌေးတွေ အားလုံးသဘောကြတာတွေ့ရ၏ ဘုန်းဘုန်းနဲ့ တွေသည့် မလေးသူဋ္ဌေးတွေ မှန်သမျှ လက်မထောင်ပြပြီး မြန်မာတွေ ဂွတ်တယ် ဟု သူဋ္ဌေးတိုင်း ပြောဆိုတာတွေ့ရ၏။
       တကယ်တော့ ရွှေဆိုသည့် မြန်မာတွေ ဆတ်ဆတ်ထိမခံနိုင်ခြင်းသည် လူသားတယောက်ရဲ့မရင့်ကျက်မှုကိုပြသခြင်းဖြစ် ၏ ဒေါသအလျှောက် မြန်မြန်ဆန်ဆန် တုံ့ပြန်ခြင်းသည် အမှားများစွာဖြစ်တတ်ပါ၏ ဥပမာပြောရလျှင် မြန်မာပြည် နေပြည် တော်တွင် ယ္ခုနှစ် နောက်ဆုံးမေးပြိုင်ပွဲ ဘောလုံးပွဲကို ကြည့်ခြင်းဖြင့် မြန်မာတွေ ရင့်ကျက်မှုမပြည့်စုံဘူးဆိုတာ အထင်အရှား တွေ့မြင်ရ၏ နိုင်ငံခြားပရိတ်သတ်တွေကလည်း မြန်မာတွေရဲ့ ရင့်ကျက်မှုအားနဲတာကို ဝေဘန်ထောက်ပြတာတွေလည်း ကြား သိရ၏ ဒေါသအလျှောက် မြန်မြန်ဆန်ဆန် တုံ့ပြန်မှုရဲ့ ဆိုးကြိုးရလပ်၏ အမှားအမှန်ကို ခွဲခြားပြီးသိမြင်ရမှာဖြစ်၏။
    ပညာရှိပီသစွာနဲ့ ယဉ်ကျေးသိမ်မွှေ့စွာ တုံ့ ပြန်ရမည့်အစား အမောတကော ရုတ်ချည်းတုံ့ ပြန်ခြင်းသည် အမှားဖြစ်တတ်၏ ဆုံးရှုံးမှုတွေလည်း များစွာတွေ့မြင်ရ၏ ဆင်ခြင်သင့်ပါ၏ အခွင့်သာလျှင် သာသလို ဖဲ့ ခြင်း လှောင်ပြောင်ခြင်း ကဲ့ ရဲ့ ခြင်း ရှုံ့ချ ခြင်း ရေးသားခြင်းတို့သည် မရင့်ကျက် သေးသည့်လက္ခဏာ လူကြီးမပီသသည့် လက္ခဏာ သဘောထားသေးသည့် လက္ခဏာ ကို ပြသခြင်းဖြစ်၏ ဆင်ခြင်သုံးသပ်ရန် ဖြစ်ပါ၏။
        မိမိကိုယ်ကို တိုးတက်ပြီး ရင့်ကျက်လိုပါက ဆတ်ဆတ်ထိမခံ  ဖြစ်ခြင်းကို ပြုပြင်ဖို့လိုသည် ကိုယ်က အကောင်းဆုံး လုပ် ပါလျက်  တဖက်စောင်းနင်း စွပ်စွဲသည်များကိုတော့ အချက်ကျကျဖြင့် ပြန်လည်တုံ့ပြန်ဖို့လိုပါ၏ ဆတ်ဆတ်ထိ မခံ မဟုတ်ပါ ဆတ်ဆတ် ထိလည်း ခံပါ၏ ပညာရှိပီသစွာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွှေ့မွှေ့နဲ့ ပြန်လည် ပြောဆိုခြင်းသည် မိမိဘာသာ မိမိသာသနာ အတွက်လည်း ဂုဏ်ရှိပါ၏ မိမိလူမျိုးအတွက်လည်း ဂုဏ်ရှိပါ၏ မိမိနိုင်ငံအတွက်လည်း ဂုဏ်ရှိပါ၏။
       ရွှေဆိုသည့်မြန်မာတွေသည် သိမ်မွှေ့ နုညံ့သလောက် မိမိဘာသာ မိမိသာသနာတွေ ဒုက္ခရောက်ပြီဆိုလျှင် မိမိဘာသာ သာသနာကို စော်ကားခံရပြီဆိုလျှင် အသဲထိအောင် ဆတ်ဆတ်နာတတ်၏ ဒုက္ခရောက်သူတွေကို ၀ိုင်းဝန်းကူညီဖို့ လက်မနှေး သလို စော်ကားမော်ကား ပြုလာသူတွေကိုလည်း လက်တုံ့ပြန်ရမှာ ၀န်မလေးတတ်တာတွေ့ရ၏ ဘာသာ သာသနာကြောင့် နူးညံ့သိမ်မွှေ့ သလို ဘာသာ သာသနာကြောင့်ဘဲ ရွှေတွေ ခက်ထန်ကြမ်းတမ်းသွားတာတွေ့မြင်ရ၏ မိမိဘာသာကိုချစ်တဲ့စိတ် မိမိသာသနာကို မြတ်နိုးတဲ့စိတ်တွေကြောင့် ကာကွယ်လိုသည့် သဘောထားများဖြစ်ပါ၏ ခက်ထန်ကြမ်းတမ်းခြင်းမဟုတ်ပါ တကယ်တော့ ရွှေဆိုသည့် မြန်မာတိုင်းရင်းသားများသည် ရွှေလိုဘဲ နန်းဆွဲလို့ မပြတ်တဲ့ နူးညံ့သိမ်မွှေ့သူများသာဖြစ်ပါ၏ ရွှေပီ
သအောင် နူးညံ့ သိမ်မွေ့စွာ မေတ္တာတရားကို လက်ကိုင်ထားပြီး မြတ်သောအကျင့်ကို ကျင့်နိုင်ကြပါစေ။
 

Type your summary here. Type the rest of your post here.

No comments: