အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, October 11, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၃၆)





                 ထောင်နန်းသခင် နှင့် တောကြီးစံသူ
      ၂၆-၄-၂၀၀၇၊ နေ့လည်ပိုင်းတွင် ဆူးဘန်းကျောင်း ဦးဥာဏာနန္ဒ မှ နိုင်ငံခြားသင်္ဘောပေါ်၌ ပရိတ်ရွတ်ရန် လာပင့်၏ ဆူးဘန်းတရုပ်ကျောင်းမှ မစ္စတာချင်း ကားမောင်းလျှက် ကလန်းဆရာတော် ဦးသီလာစာရအား ၀င်ပင့်၏ ပေါင်းသံဃာ၃-ပါး ကလန်းမှတဆင့် ပုတ်ကလန်း အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိပ်သို့ ကြွလာခဲ့ခြင်းဖြစ်၏ သင်္ဘောဆိပ်တွင် နိုင်ငံကူးလက် မှတ် ပစ္စပို့ ပေး၍ ၀င်ခွင့်ကပ်ပြားထုတ်ရ၏ ရဲ ဆိုင်ကယ် ဦးဆောင်၍ သင်္ဘောပေါ်သို့ လိုက်ပို့ခြင်းဖြစ်၏ မြန်မာပြည်မှ ဗွီအိုင် ပီ ခရီးစဉ်အတိုင်း ကြွရခြင်းဖြစ်ပါ၏။
       မကြာခင်မှာဘဲ သင်္ဘောဆိပ်ခံ တံတားပေါ်သို့ ရောက်ရှိလာ၏ တွေ့ပါပြီ INDAMEX GODAYARI ကုန်တင်သင်္ဘော ကြီး ကုန်သေတ္တာတွေ ထပ်ထားလိုက်တာ လေးငါးဆင့်တွေ့မြင်ရ၏ ဤပရိတ်ရွတ်ပွဲကို စီစဉ်သူ စင်္ကာပူ မန်နေဂျာ ဇော်ဝင်း ဖေ သင်္ဘောပေါ်မှ ဆင်းလာ၍ ဘုန်းကြီးများအား လာရောက်ကြိုဆို၏ သင်္ဘောပေါ်သို့ ဘေးမှချထားသော လှေခါးငယ်ဖြင့် အပေါ်ရောက်အောင် အတော်တက်ခဲ့ရ၏။
       သင်္ဘောပေါ်မှ နိုင်ငံခြားသားများသည် မြန်မာသင်္ဘောသားတွေနည်းတူ လက်အုပ်ချီကာ ကြိုဆိုနေသည့် ၀မ်းမြောက် ဖွယ်မြင်ကွင်းကိုလည်း တွေ့မြင်ရပါ၏ သင်္ဘောပေါ်ရောက်မှ သင်္ဘောသည်အထပ်ပေါင်းများစွာဖြင့် အလွန်ကြီးသည်ကို တွေ့ မြင်ရ၏ ဘုန်းကြီး ၃-ပါးအား သင်္ဘော ဧည့်ခမ်းမဆောင်သို့ ပင့်ဆောင်လာခြင်းဖြစ်၏ ဤသင်္ဘောကြီးသည် အီဂျစ်နိုင်ငံမှ မလေးရှားနိုင်ငံ ထွက်ခွါလာခြင်းဖြစ်၏ လမ်းတွင် ၁၀-ရက်ခန့် ကြာအောင်မောင်းနှင်ခဲ့ရ၏။
     သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁၇-ဦးနှင့် အခြားနိုင်ငံသား ၁၀-ရောက်ခန့်ပါ၏ ရွှေမြန်မာနှစ်ယောက် သေရေ ယစ်မူးပြီး အခြင်းခြင်း သင်္ဘောပေါ်၌စကားများကာ ဒေါသမထိမ်းနိုင်ဘဲ လက်လွန်၍ တယောက်သေသွားခြင်းဖြစ်၏ ဤရုပ် အလောင်းကို သင်္ဘော အအေးခန်းတွင်ထည့်၍ မလေးရှားရောက်အောင် သယ်ယူလာခြင်းဖြစ်၏ လူသေအလောင်းကြီးနှင့် ၈-ရက်တိုင်တိုင်ပင်လယ် ခရီးကို ဖြတ်သန်းခဲ့ရသော သင်္ဘောသားတွေ စိတ်ထဲတွင်ညစ်ညူးကာ မကြည်မလင်ဖြစ်နေ၍ ဘုန်းကြီးများအား ပင့်ဖိတ်ပြီး ပရိတ်တရားနာယူခြင်းဖြစ်၏။
      သေသူကတော့ မောင်အောင်သက်ထွန်းဖြစ်၏ သင်္ဘောဧည့်ခန်းမဆောင်တွင် မြန်မာသင်္ဘောသားတွေနှင့် သင်္ဘော အရာရှိ နိုင်ငံခြားသားတွေပါ ၀င်ထိုင်ပြီး လက်အုပ်ချီနေတာတွေ့ရ၏ ဘုန်းကြီးသည် ငါးပါးသီလပေး၍ သံဃာတော်များမှ ရတနသုတ် မေတ္တာသုတ်နှင့် ဘုရား တရား သံဃာဂုဏ်တော်တို့ကို သင်္ဘောသားအားလုံး အန္တရာယ်ကင်းအောင် ရွတ်ဖတ် ချီးမြင့်ကြ၏ ပရိတ်တရားပြီးဆုံးတာနှင့် ဘုန်းကြီးမှ အနုမောဒနာတရား အနည်းငယ်ချီးမြင့်၏။
      လူသားတယောက် လူ့ဘ၀ရရှိလာပြီဆိုလျှင် စား ၀တ် နေရေး ကျန်းမားရေး ပြည့်စုံအောင် လူတိုင်းလူတိုင်း စီးပွားဥစ္စာ ကို ကြိုးစားရှာဖွေရ၏ လူ့ဘ၀မှာ မနေကြရလို့ သေကြသည့်အခါ မိမိတို့ရှာဖွေထားသောစီးပွားဥစ္စာတွေသည် နဲနဲလေးမှ လှုပ်ပြီး လိုက်မလာပါ ကျန်ရစ်သူတွေ ခံစားစံစားဖို့ထားခဲ့ရပါ၏ ယ္ခု ကွယ်လွန်သွားသော မောင်အောင်သက်ထွန်းလည်း သူ ရှာဖွေခဲ့သည့် သူ့ပိုင်ဆိုင်မှုတွေ သူ့နောက်ကို ပါသွားတာမတွေ့ရပါ ကျန်ခဲ့သူတွေသာ ထားခဲ့ရပါ၏။    
 


Type your summary here. Type the rest of your post here.

No comments: