ပါဠိလို မုဒိတာ မြန်မာလိုပြန်ရင်တော့
မနာလိုခြင်းကင်း၍ ၀မ်းမြောက်ပေးခြင်းလို့ အဓိပ္ပါယ်ရ၏ မြန်မာအများစုသည်
မုဒိတာစိတ်ဓါတ်အလွန်ခေါင်းပါးကာ
လိုက်နာမှုမရှိတာကို အများဆုံး တွေ့မြင်ရ၏ ကိုယ့်ထက် ရုပ်ချော ဥစ္စာပေါ ပညာတတ်
တာကို ကိုယ်ထက်သာ
မနာလိုစိတ်ဖြင့် ကြည့်သူတွေ အများစုဖြစ်နေ၏ တကယ်တွေးကြည့်တော့ မိမိဘ၀မှတ်တမ်းတွင် အကုသိုလ်ကို မှတ်တမ်းတင်လိုက်ခြင်းသာဖြစ်၏
သူရုပ်ချောတာ သူဥစ္စာပေါတာ သူချမ်းသာတာ သူ့ကံကြောင့်ဘဲဟု ၀မ်းသာ ပေးလိုက်ရင် မိမိဘ၀မှတ်တမ်းတွင်
ကုသိုလ်မှတ်တမ်းတခု တိုးသွားမှာဖြစ်၏။
မြန်မာတွေများသောအားဖြင့်
ဝမ်းမြောက်ပေးခြင်းဆိုသည့် ကုသိုလ်ရမည့် အလုပ်ကိုမလုပ်ချင်ကြ တယောက်ယောက် ကောင်းစားပြီဆိုလျှင်
ရဲလက်တို့ချင်ရတာနဲ့ ဂိုင်းစတား လက်ထောက်ချချင်ရတာနဲ့ မလေးရှားတွင်
အများဆုံးကြားနေရ၏ ဗုဒ္ဒဘာသာဝင်တယောက် ဖြစ်ပါလျှက်နဲ့ ဗုဒ္ဓဘာသာတွေ
လိုက်နာကျင့်သုံးရမည့် အကျင့်တွေနဲ့ ဖီလာဆန့်ကျင် မိမိစိတ်ကို ညစ်နွမ်းပြီး
အကုသိုလ်စိတ်တွေနဲ့ ပျော်မွေ့နေတဲ့ မြန်မာတွေသည် လူ့ဘ၀ရဲ့ အရှုံးသမားတွေသာဖြစ်၏
ဗုဒ္ဒဘာသာဝင် ကောင်းတယောက်ဖြစ်အောင် မနာလိုခြင်းကင်းတဲ့ ၀မ်းမြောက်တဲ့စိတ်ကို
လူ့ဘ၀မှာ နေသမျှကာလပတ်လုံး ကျင့်သုံးရမှာ ဖြစ်တယ် ကျင့်သုံးနိုင်ပါစေလို့လည်း
တိုက်တွန်းပါ၏။
ပါဠိလို ဥပေက္ခာ မြန်မာလိုပြန်ရင်တော့
လျှစ်လျှူရှုခြင်း ဥပေက္ခာအနက်တွေသည် နက်နဲလှ၏ ဥပေက္ခာကို အရာရာကို
ခွင့်လွှတ်တတ်ခြင်းနှင့် သဘောထားကြီးခြင်းလောက်သိရှိလျှင် တော်လောက်ပါ၏
သဘောထားကြီးမှ လူကြီးပီသသည်ဟု ဆို၏ သဘောထားသေးလျှင် လူကြီးမပီသပါ
သဘောထားကြီးဖို့ကလည်း အရာရာကို ခွင့်လွှတ်သီးခံတတ်ဖို့လိုပါ၏ ဗုဒ္ဓဘာ
သာဝင်ကောင်းတယောက်ဖြစ်ဖို့အတွက် သဘောထားကြီးခြင်းနှင့်
အရာရာကိုခွင့်လွှတ်သီခံခြင်းသည် လူတိုင်းကျင့်ရမည့် ကျင့်စဉ်တခုလို့
မှတ်ထားလိုက်ပါ။
ဗုဒ္ဓဘာသာတို့၏ စောင့်ထိမ်းရမည့်
ဗြဟ္မစိုရ်တရားလေးပါးကို အနည်းငယ်ရှင်းပြလိုက်တော့ ပူပူနွေးနွေး ဗုဒ္ဓဘာသာဝင်
ဒကာကျော်အောင် ပျော်ရွှင်တဲ့အမူအရာနဲ့ စိတ်ချမ်းသာပုံရ၏ တရားဟောပြီးတော့
လှူဖွယ်ပစ္စည်းကို မိသားစုလိုက် စုကပ် ကြ၏ အရက်သမားမောင်မူးလည်း ကပ်ပုံကပ်နည်းတွေ
သင်ပေးနေတာတွေ့ရ၏ ရေစက်ချနည်းတွေပါသင်ပေးနေ၏ ဒကာ ကျော်အောင်၏ ဗုဒ္ဒဘာသာဘ၀မှာ
ပထမဆုံးရေစက်ချဘူးခြင်းဖြစ်ပါ၏ အမျှဝေပုံကိုလည်း မောင်မူးဆိုသည့်အတိုင်း ဒကာ
ကျော်အောင် လိုက်ဆို၏ မြန်မာပရိတ်တွေလည်း ၀မ်းမြောက်ဝမ်းသာ သာဓု ညီညီညာညာ
ခေါ်ဆိုကြ၏ မောင်မူးတို့ ဒီတခါ တော့ အမှတ်အပြည့်ရ သွားပါ၏ ချီးမွမ်းစရာပါ
ချီးမွမ်းစကားလည်းပြောကြားခဲ့ပါ၏။
တရားနာပြီးချိန်မှာ သံဃာတော်တွေကို ဒကာကျော်အောင်မိသားစု
ဘ၀တသက်တာမှာ ပထမဆုံးသော မွန်းလတ်ဆွမ်း ကို ကပ်လှူကြ၏ ဇပွဲဝိုင်းကို
မိသားစုအားလုံးဝိုင်းမကာ ဘုန်းကြီးဆိုပေးသော £ဓမ္မေ ဒါနံ
သံဃဿ ဒေမ £ ဓမ္မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု ဆိုပြီး သာဓု
သုံးကြိမ်ခေါ်ဆိုကာ ဆွမ်းဝိုင်းကို ကပ်လှူစေ၏ ဒကာကျော်အောင်မျက်နှာလည်း ပြုံးရွှင်ကာ
ကျေနပ်နှစ်သက်နေပုံရပါ၏ ဘုန်းကြီးတို့လည်း
ဆွမ်းဖုံးပေးပြီး ဆွမ်းဒကာတွေ မေတ္တာပို့ကာ ပြန်ကြွလာပါ၏ အရက်သမားပင့်သော
မူဆလင်ဆွမ်းတနပ်မှသည် သူငယ်ချင်းပီသသော သူငယ်ချင်းကောင်းတယောက်ပင့်ပေးသော ဗုဒ္ဓ
ဘာသာဝင် အသစ်ဆက်ဆက်လေး၏ ၀မ်းမြောက်ဖွယ် ဆွမ်းတနပ်ဟု နာမည်ပြောင်းလိုက်ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment