အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 2, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၈)



    သေရည်သေရက် ဟုအမည်ပေးထား၏ သေရည်သည် သေတတ်သည့်အရေဟု အဓိပ္ပါယ်ဖွင့်ဆို၍ သေရက်ကို တော့ သေတတ်သည့်အရက်ဟု ဖွင့်ဆိုရမှာဖြစ်၏ ဤသေရည်သေရက်ကို လူငယ်တွေ အတော်ခင်တွယ်တာတွေရ၏ ရုပ်ရှင်တွေ ဗွီဒီယိုတွေကလည်း အရက်သောက်ခန်းတွေကို ကျကျနနရိုက်ပြနေတော့ အရက်သောက်နိုင်မှ ဂုဏ်ရှိတယ်လို့ လူငယ်တွေ စိတ်ထဲမှာ ထင်နေပုံရ၏ အရက်သောက်ပြီး ဘ၀ပျက်သွားတဲ့ သူတွေကိုတော့ သင်ခန်းစာ ယူရမှန်းမသိ စိတ်ညစ်လျှင် အရက်သောက်ရမည်ဟုသာ မှတ်ထားပုံရ၏ ကုဋေ (၈၀)သူဋ္ဌေးသားလည်း အရက် သောက်ပြီး သူတောင်းစားဘ၀ ရောက် သွားတာတွေကို သင်္ခန်းစာယူသင့်ပါ၏။
           ဤသေရည်၏ဆိုးကျိုးတွေကိုလည်း လူတွေသိထားသင့်၏
၁။သေရည်သောက်သူသည် စီပွားဥစ္စာပျက်တတ်၏ အရက်တခွက်သောက်လျှင် တခွက်ဖိုးပိုက်ဆံထွက်သွား၏ နဲနဲသောက် လျှင် ပိုက်ဆံနဲနဲကုန်၏ များများသောက်လျှင် ပိုက်ဆံများများကုန်၏ သိပ်မူးနေလျှင် မိမိပစ္စည်းကို မထိမ်းသိမ်း နိုင်တော့ပါ လူလိမ်လူညာတွေနဲ့တွေ့ကာ စီပွားဥစ္စာပျက်တော့၏။
၂။သေရည်သောက်သူသည်ရန်များတတ်၏ သေတတ်သည့်အရည်ဝင်ပြီဆိုင်လျှင် ရန်ဖြစ်ဖို့ဝန်မလေးတာတွေ့ရသော ကြောင့် အလွန်ရန်များပါ၏။
၃။သေရည်သောက်သူသည် ရောဂါများတတ်၏ သေရည်သေရက်ကို ကြာရှည်စွာ သုံးစွဲသူသည် အသဲရောဂါ အရက်နာကြ
ကာ ရောဂါမျိုးစုံနှင့်တွေကြုံရမည်ဖြစ်၏။
၎။သေရည်သောက်သူသည်နာမည်ပျက်တတ်၏ -အရက်သမားကို ဘယ်သူမှအထင်မကြီးပါ ကဲ့ရဲ့ရှုတ်ချသံသာကြား ရပါ၏ မိမိကိုတိုင် အရက်သမားဟု အခေါ်ခံရသလို မိမိ၏ ဇနီးသားသမီးကိုလည်း အရက်သမားမယား အရက်သမားသား  အရက် သမား သမီးဟု နာမည်ကင်ပွန်းတတ်ခံရ၏ မိသားစုပါနာမည်ပျက်လေ၏။
၅။သေရည်သောက်လျှင် အရှက်အကြောက်မဲ့တတ်၏ သေရည်မူးလျှင် မိမိအင်္ဂါကြီးငယ်ကို ဖွင့်လှစ်ပြရမှာ ၀န်မလေးတော့ ပါ အရှက်မဲ့သူသာဖြစ်၏။
၆။ သေရည်သောက်လျှင် အသိဥာဏ်မဲ့၏ သေရည်ကို အမြဲမှီဝဲနေပါလျှင် မိမိတတ်ထားသည့် အတတ်ပညာတွေ အမှတ် သညာ ကင်းမဲ့ပြီး သတိလွတ် မေ့လျှော့လာတာကိုလည်း ထင်ရှားစွာတွေ့မြင်ရ၏။
      ယ္ခုလည်း မလေးရှားကို အကြံကြီးကြီးနဲ့ လာခဲ့ကြသော ကံကြီးသားသုံးယောက် လှေလှော်ရင်း တက်ကျိုးကိန်း ဆိုက်ရ ခြင်းသည် သေအောင်သောက်သွားသော ဤသေရည်ကြောင့်ဆိုတာထင်ရှားပါ၏ သေသူကတော့သေပြီ ကျန်သည့် မလေး ရှား ရောက်မြန်မာတွေ သင်္ခန်းစာယူသင့်လှ၏ မိမိတယောက်သေအောင်သောက်သွားတာနဲ့ မြန်မာပြည်ကမိမိ မိသားစုတွေ ဒုက္ခရောက်မှာကို မြင်ရောင်ပြီး သေအောင်မသောက်ဖို့ ရွှေမြန်မာတွေ သင်္ခန်းစာယူနိုင်အောင် အသိပေး တင်ပြလိုက်ပါ၏။
 

Type your summary here. Type the rest of your post here.

No comments: