အရက်သမားနှင့် ပက်သက်လို့
နောက်ဇာတ်လမ်းတပုဒ် တင်ပြခြင်ပါသေး၏ ဘုန်းဘုန်းနေသော ပူချုန်း ၁၂-မိုင် ၀န်းကျင် က
ဘုန်းကြီးကို မလိမ့်တပါတ်လုပ်သွားသော ဇာတ်လမ်းလေးတပုဒ်ဖြစ်ပါ၏။
ဘုန်းကြီးကို တပါတ်ရိုက်သွားခြင်း
လွန်ခဲ့သော ၂၀၀၆-ခုနှစ်
ဖေဖေါ်ဝါရီလဆန်း၏ တနေ့သော နံက်(၈)နာရီအချိန်လောက်တွင် ပူချုန်း ဓမ္မရောင်ခြည်
ကျောင်းမှ လူခေါ်ဘဲတီးသံလေး မြည်ဟီးလာ၏ မလေးရှားနိုင်ငံသည် လုံခြုံမှုအားနည်းသော
နိုင်ငံဖြစ်၏ ကျောင်းတခါးကို ဖွင့်မထားရဲ အမြဲသော့ခတ်ထားရ၏ ဖွင့်ထားလို့ကတော့
ရှိသမျှပြောင်မည်သာမှတ် ခိုးလို့ ယူလို့ဆို တော်သေး၏ ဓါးပြတိုက် မှုတွေက
ပိုများတော့ လုံခြုံရေးအရ သော့ခတ်ထားရခြင်းဖြစ်၏ ယ္ခုလည်း ဘဲတီးသံမြည်လာလို့
တံခါးဖွင့်ကြည့်ရ၏ တံခါး ဖွင့်ကြည့်မှ အံ့သြဖွယ်ရာ လူတစုကို တွေ့မြင်ရလေ၏။
တခြားတော့မဟုတ်ပါ ဤပုဂ္ဂိုလ်များသည်
ပူချုန်း ၁၂-မိုင်ဝန်းကျင်တွင် နာမည်ကြီးလှသော အရက်သမား မောင်မူးတို့ အဖွဲ့ဖြစ်၏
ဘုန်းကြီးကျောင်းကို ဘယ်သောအခါမှမလာ အကြောင်မျိုးစုံပြပြီး ငြင်းဆန်နေသောမောင်မူးအဖွဲ့ဖြစ်၏
ဘုန်းကြီး လည်း သူတို့ကို တွေ့မြင်ရတော့ အံ့ သြသွားခြင်းဖြစ်၏ ယ္ခုတော့ လက်ထဲမှာလည်း
လှူဖွယ်ပစ္စည်းများဖြစ်သော အအေး
ဘူး သစ်သီး မုံ့ဘူး စသည်ဖြင့် လှူဖွယ်ပစ္စည်းများစွာကို
လက်ထဲမှာစွဲလျှက် အထူးရိုသေသော အမူအရာတွေဖြင့် ဆရာ
တော်ဘုရား တပည့်တော်တို့ ဆရာတော်ဘုရားအား လာရောက်ဖူးမျှော်ကန်တော့ခြင်းဖြစ်ပါသည်ဘုရားဟု
ဦးခေါင်းငုံ့ ခါး
ကုန်းကာ ရိုရိုသေသေ အထူးလျှောက်ထားနေတာ တွေ့မြင်ရ၏။
သာမန်လာသူတွေထက် ပိုပြီး
ထူးထူးခြားခြား အရိုအသေ ပြုနေတာကိုလည်း သတိထားမိ၏ ဘုန်းဘုန်း စိတ်ထဲမှာ တော့
ပူချုန်း ၁၂-မိုင်တွင် နာမည်ကြီးနေသော မောင်မူးတို့အဖွဲ့ ကျွတ်တန်းဝင်လာပြီဟု
ပြုံးမိရင်း ကျောင်းတံခါးကို ဖွင့်ပေး လိုက်၏ စတိုခန်းထဲတွင် လှူဖွယ်ပစ္စည်းတွေကို
ကျောင်းမှလင်ပန်းဖြင့် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပြီး ဘုန်းဘုန်းထံသို့ ရိုရိုသေ သေ
ရောက်ရှိလာ၏ ဘုန်းဘုန်းကလဲ ဘာအတွက် ရည်စူးလှူကြတာလည်းလို့မေးတော့ ဘာအတွက်ရယ်လို့
မဟုတ်ပါဘူး ဘုရား တပည့်တော်တို့ ဆရာတော်ကို ကြည်ညိုလို့ လှူရန်လာခြင်းဖြစ်ပါတယ်ဘုရားဟု
လျှောက်ထားကြ၏။
ဘုန်းကြီးလည်း
အံ့သြစွာနဲ့ သူတို့ကို ကြည့်မိပြီး သြော်-- ငါလည်း အရက်သမားကြည်ညိုတဲ့
ဘုန်းဘုန်းဖြစ်နေပါပကော ဟု စိတ်ထဲမှာ ပြုံးမိ၏ ဒီအရက်သမားတွေကို တရားဟော
ကြုံကြိုက်ဖို့မလွယ် ဘုန်းကြီးဆို နည်းမျိုးစုံ လှည့်ပတ်ရှောင်နေ သောအဖွဲ့ဖြစ်၏
ယ္ခုလို ကြုံတုံးဆုံတုံး တရားအနည်းငယ်ဟောအုံးမှလို့ ကြံမိပြီး ကဲဒကာတို့
အလှူအတန်းလုပ်ရင် သြကာ သနဲ့ ရှိခိုး ငါးပါးသီလယူ တရားနာရေစက်ချရတယ် သြကာသ
ရတယ်မို့လား ဆိုကြဟု ခိုင်းလိုက်မှ အားလုံး တယောက် မျက်နှာ တယောက်ကြည့်ကာ
ပြုံးစိစိ လုပ်နေကြ၏ တပည့်တော်တို့ နဲနဲဘဲရတယ်ဘုရား အားလုံးရမှာမဟုတ်ဘူးဟု လျှောက်လာကြ၏
ရသလောက်ဆိုကွာဟု ဘုန်းဘုန်းထပ်ပြောလိုက်၏။
မောင်မူးတို့အဖွဲ့
အိုးနင်းခွက်နင်း သြကာသကို တယောက်တပေါက်ဆိုကြ၏ အဆုံးသတ်လို့မရတော့ပါ ဘုန်းဘုန်းကဘဲ
အဆုံးသတ်ပေးလိုက်ရ၏ မောင်မူးတို့အဖွဲ့ သြကာသဆိုလိုက်၇တာ ချွေးပြန်နေတာတွေ့ရ၏ တခါမှ
ဘုန်းကြီးကျောင်းကို မလာ ဆွမ်းကပ်တရားနာပွဲတွေမှာလည်း အမြဲတန်းရှောင်ပြေးနေတဲ့
မောင်မူးတို့အဖွဲ့ ဘုန်းကြီးနဲ့
ကိုယ်တိုင်ဆုံတွေ့ရတော့ ဒုက္ခတွေ အကြီးအကြယ်ရောက်နေတာတွေ့ရ၏ ဘုန်းဘုန်းလည်း
သူတို့အခက်အခဲကိုသိတာနဲ့ ဘုန်းကြီးကျောင်း ခဏခဏ လာလျှင် နောက်ဆို သြကာသ
ရသွားမှာပါကွာဟု ရီရီမောမောပြောလိုက်တော့ သူတို့တတွေ စိတ်သက်သာရာ ရသွားပါ၏
သြော်---သြကာသ မရလို့ တိုင်ပေးရတဲ့ မြန်မာတွေ မလေးရှားတွင်များလှပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment