အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, October 4, 2013

ကြုံရ×ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ-(၃၀)



   ဘုန်းဘုန်းမှ အန္တရာယ်ကင်းပရိတ်ရွတ်၍ သာဓုခေါ်စေပြီး လူငါးမျိုးတရားကို ဆက်လက်ဟောကြားခဲ့ပါ၏ ဒကာတို့ လော ကတွင် လူငါးမျိုးရှိ၏ (၁)တိရစ္ဆာန်နှင့် တူသောလူ(၂)ပြိတ္တာနှင့် တူသောလူ(၃) ငရဲသားနှင့်တူသောလူ(၄) လူနှင့်တူသောလူ (၅) လူ့ ထက်သာသောလူ ဆိုပြီး လူငါးမျိုးရှိ၏ ဒကာတို့ ဘယ်လိုလူမျိုးနဲ့ တူသလဲဆိုတာကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်ရ မယ် ဒါမှ ငါဘယ်လိုလူမျိုးလည်းဆိုတာ သေသေချာချာ သိနိုင်မှာဖြစ်၏။
 (၁) တိရစ္ဆာန်နဲ့ တူသောလူဆိုသည်မှာ သဘာဝ တိရစ္ဆာန်တွေသည် အိပ်မယ် စားမယ် ပျော်ပါးမယ် ဒီသုံးခုဘဲ နားလည်လို့ သူ့ကို တိရစ္ဆာန်လို့ခေါ်တယ် ထို့အတူပါဘဲ လူ့ဘ၀ လူ့လောကကို ရောက်ရှိလာကြသော လူအချို့လည်း စားမယ် သောက် မယ် ပျော်ပါးမယ် အိပ်မယ် ဆိုပြီး ဤအချက်တွေကိုသာ လိုက်နာကျင့်သုံးနေသူတွေ လောကတွင်ရှိပါ၏ အဲဒီလို ပုဂ္ဂိုလ်မျိုး တွေသည် တိရစ္ဆာန်အကျင့်နှင့် ထပ်တူထပ်မျှတူနေသောကြောင့် လူဖြစ်သော်လည်း လူ့တိရစ္ဆာန်ဟု ခေါ်ဆိုရမှာဖြစ်၏ ဒကာတို့ကော ထိုအမျိုးအစားထဲမှာ ပါသလားလို့ မေးတော့ မောင်မူးတို့အဖွဲ့ တယောက်မှမလှုပ်ပါ။
    (၂)ပြိတ္တာ ဆိုသည်မှာ လူ့ဘ၀၏ အကုသိုလ်ကံ အနည်းငယ်ကြောင့် ဝေမာနိတ ပြိတ္တာဘုံကို ရောက်ရှိသွားသော ပြိတ္တာ
ကိုဆိုလိုခြင်းဖြစ်၏ ယ္ခုခေတ် ခေါ်ဝေါ်ပြောဆိုနေသော တစ္ဆေ သရဲတို့ပင်ဖြစ်၏ ပြိတ္တာဘ၀သည် အနေဆင်းရဲ အစားဆင်းရဲ အ၀တ်ဆင်းရဲလှ၏ လူတွေစွန့်ပစ်မှ စားရ သောက်ရသော  အမြဲ စာလောင်နေသော သတ္တ၀ါ ဖြစ်၏ လူဘ၀ကို ရရှိလာတဲ့ လူအချို့ မှာလည်း အလုပ်မလုပ်ချင်သူတွေ ပျင်းတဲ့လူ ဖျင်းတဲ့လူတွေ စားကာနီးမှ ဟိုလူချေးငှားပါဦး ဒီလူချေးငှာပါဦးလို့
လက်ဝါးဖြန့် လိုက်လံ ချေးငှားသူတွေသည်  လူဖြစ်သော်လည်း ပြိတ္တာနှင့်တူသောကြောင့် လူ့ပြိတ္တာဟုခေါ်ဆိုရမှာဖြစ်ပါ၏။
  (၃) ငရဲသားဆိုသည်မှာ လူ့ဘ၀တွင် အကုသိုလ်ကံကြီးတွေကို ကျုးလွန်ခဲ့သောလူသားတွေသည် ဘယ်လိုမှ အမျှဝေလို့ မရနိုင်သော ငရဲဘုံသို့ ရောက်ရှိသွားသူကို ဆိုလိုခြင်းဖြစ်၏ ငရဲဘုံသည်အမျိုးမျိုးရှိ၏ ငရဲထိမ်းကြီးတွေ နှိပ်ဆက်သမျှကို 
အလူးအလဲခံစားရ၏ ဒုက္ခကို အကြီးအကြယ် ကြုံတွေ့ရသော ဘုံဖြစ်ပါ၏ လူ့ဘ၀ကို ရရှိလာသည့် လူသားအချို့လည်း လူ့ စည်းကမ်းကို ချိုးဖေါက်ပြီး ဥပဒေ တခုခုကို ကျူးလွန်မယ်ဆိုလျှင် ထိုနိုင်ငံ၏ ဥပဒေအတိုင်း ထောင်သွင်းအကျဉ်းချခံရမှာ ဖြစ်ပါ၏ ထိုပုဂ္ဂိုလ်ကို ထောင်ထိမ်း ထောင်မှုးတွေကလည်း နှိပ်ဆက်မည်ဖြစ်သောကြောင့် ထောင်ကြနေသူတွေသည် လော ကငရဲကို ခံစားရသောကြောင့် ငရဲသားနှင့်တူသောလူဟု ခေါ်ဆိုပါ၏။
 

Type your summary here. Type the rest of your post here.

No comments: