တချိန်က တောင်တရုတ်ပင်လယ်ကို
မဟာဗျာဟာအရ အချက်အချာကြသောနေရာဟု သတ်မှတ်ခဲ့သော စစ်အင်အားကြီး နိုင်ငံများသည်
ယ္ခုတော့ ဘင်္ဂလားပင်လယ်အော် အာရေဗျပင်လယ်တို့ကို ပိုပြီးစိတ်ဝင်စားလာ၏ ရေနံထွက်ရာ
အရှေ့အလယ် ပိုင်း အာရပ်နိုင်ငံတွေနှင့် စူးအက်တူးမြောင်း ပင်လယ်နီ
ပါရှန်းပင်လယ်ကွေ့ ဟောမို့စ် ရေလက်ကြား အရှေ့တောင်အာရှရဲ့ ထွက်ပေါက်ဖြစ်တဲ့
မလ္လကာရေလက်ကြား ဤနေရာများသည် စစ်ရေးအရ အထူးအရေးပါအရာရောက်နေပါ၏ ဤပင်လယ်ပြင် များပေါ်တည်ရှိနေသော
မြန်မာပြည်လည်း စစ်ရေးအရ မဟာဗျူဟာ ဖြစ်နေပါ၏။
ကမ္ဘာမှာ စစ်အင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန် တရုတ် ဂျပန် ဥရောပ
တိုင်းပြည်တို့သည် မြန်မာပြည်ကို အလွန် မျက်စိကျလျှက်ရှိပါ၏ မြန်မာပြည်သည်
စီးပွားရေးအရလည်း ပွင့်လန်းစနိုင်ငံဖြစ်လာသောကြောင့် ရင်းနှီးမြုတ်နှံမှုတွေပုံအောပြီး
ဝင်ရောက်ရင်နှီးမြုတ်နှံလျှက်ရှိပါ၏ တိုင်းပြည်ကိုဦးဆောင်နေသည့် ခေါင်ဆောင်တွေ
ပါးပါးနပ်နပ်နဲ့ တိုင်းပြည်မထိခိုက်အောင်
ဆောင်ရွက်နိုင်မှ တိုင်းပြည်အတွက်
အကျိုးရှိမှာဖြစ်၏။
အထူးသဖြင့် အရှေ့တောင်အာရှ၏ နှစ် ၅၀-ကျော်
အိပ်ပျော်နေသည့် ကာလနဂါးကြီးနှင့်တူသော မြန်မာနိုင်ငံ နိုးထလာလျင်
မည်သည့်နိုင်ငံများ စီးပွားရေး အကြီးအကျယ် ထိခိုက်သွားမည် ဆိုသည်ကို ချိန်ဆရန်
လိုအပ်လှပါ၏ အထူးသဖြင့် ထားဝယ် ရေနက်စီမံကိန်း ပြီးဆုံးသွားပါက မလက္ကာ ရေလက်ကြားမှ
အပင်ပန်းခံ သွားနေရသည့် ကုန်စည်အများစုသည် ဖြတ်လမ်း သ ဖွယ် အချိန်တိုတောင်း၍
လုံခြုံစိတ်ချရသော ထားဝယ်ဆိပ်ကမ်းမှ အများစု ဖြတ်သန်းသွားကြမှာဖြစ်၏။
အရှေ့တောင်အာရှ၏ အဓိကမိန်းကြသော
ဝင်ပေါက်ထွက်ပေါက် အသစ်တစ်ခုဟုပင် တင်စားနေကြသည့် ထားဝယ်ဆိပ် ကမ်း စီမံကိန်း
အောင်မြင်သွားပါက စီးပွားရေးနှင့် တိုင်းပြည်ဝင်ငွေ အကြီးအကျယ်ထိခိုက်မည့်
နိုင်ငံများတွင် စင်္ကာပူ၊ မလေး ရှားနှင့် အင်ဒိုနီးရှားတို့မှာ ထိပ်ဆုံးတွင်
ပါဝင်မှာဖြစ်၏ မလက္ကာရေလက်ကြား၏ ကုန်စည်စီးဆင်းမှု ၅၀-ရာခိုင်နှုံးလောက် ကျ
ဆင်းသွားပြီး မြန်မာပြည် ဖွံ့ဖြိုးတိုးတက်လာပြီး
အရှေ့တောင်အာရှ၏ အဓိက မိန်းနေရာအတွက် မြန်မာပြည်ပိုင်ဆိုင်သွားမှာကို
ထိုနိုင်ငံတွေ ၀မ်းသာမပေးတာတော့ သေချာပါ၏
။
၂၀၁၅ တွင် အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို စတင်ဆောင်ရွက်ပေတော့မည်ဖြစ်၏ ထိုအချိန်တွင် ရေခံမြေခံကောင်းများစွာရှိနေသည့် မြန်မာနိုင်ငံသည် ယနေ့လိုအချိန်အခါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာဖြင့်တိုင်းပြည်အား တည်ဆောက်သွားပါက ဒေသတွင်း အခြားနိုင်ငံများအနေဖြင့် နောက်ကောက်ကျသွားစေမည့် အလားအလာများစွာ ရှိနေပါ၏ ယခုလက်ရှိ အရှေ့တောင်အာရှတွင် စီးပွားရေး ကောင်းနေသည့် နိုင်ငံများအနေဖြင့် တစ်ချိန်က ထိပ်ဆုံးတွင်ရှိခဲ့ဖူးသည့် မြန်မာ နိုင်ငံ၏ အခြေအနေအား တွေးတော၍ ထိတ်လန့်နေခြင်းနှင့် ကြိုတင်ကာကွယ်ရန် ပြင်ဆင်နေမည်ကား သိပ်သေချာနေပါ၏။
မြန်မာနိုင်ငံ စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံသို့ ပြန်လည်၍ စီးဆင်းသွားမည့် လူ့စွမ်းအား အရင်းအမြစ် များမှာလည်း မြန်မာလုပ်သားများအပေါ် မှီခိုအားထားနေရသည့် စင်္ကာပူ မလေးရှား ထိုင်းတို့ကဲ့သို့ နိုင်ငံမျိုးအတွက် အကောင်း ဆုံးသော ထိုးနှက်ချက် ဖြစ်နေပြန်၏ ထိုသို့ဖြစ်သည့်အတွက် ၂၀၁၅ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့်စတင်ချိန်တွင် မြန်မာ နိုင်ငံအား ၎င်းတို့ ဝေစုခွဲဝေ မပေးနိုင်စေရန်အတွက် မြန်မာနိုင်ငံ စီးပွားရေး ခေါင်းထောင်မလာနိုင်စေရန် ပြုလုပ်လာမည်များ ကား သံသယဖြစ်ဖွယ်မရှိချေ တနည်းအားဖြင့် မြန်မာနိုင်ငံအား ပြည်တွင်းရေး မတည်ငြိမ်မှုများဖြင့် လုံးပန်းပြီး အချိန်ကုန်စေရန် လုပ်ဆောင် လာမည်ကား အမှန်ပင်ဖြစ်ပေ၏။

ထိုကဲ့သို့ အဓိကရုဏ်းများ မကြာခဏ
ဖြစ်ပွားနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်ခြင်းမရှိမှုကို
လက်ညှိုးထိုးစရာ ဖြစ်နေပါ၏ မြန်မာနိုင်ငံ၏
နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုမရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ
လက်တွန့် သွားမည်ဖြစ်ပါ၏ အဲဒီလိုအဖြစ်မျိုးဖြစ်အောင် မနာလိုသည့်နိုင်ငံတွေ
ဝိုင်းဝန်းလှုံ့ဆော်နေမှာဖြစ်၏ မြန်မာပြည်သူတွေ သတိကြီး ကြီး ဥာဏ်ကြီးကြီးထားပြီး
တိုင်းပြည်ဆူပူမှု မဖြစ်အောင် ၀ိုင်ဝန်းထိမ်းသိမ်းရမှာဖြစ်၏ မိမိတို့ရဲ့
ကံကောင်းခြင်းလက်ဆောင်ကို တခြားနိုင်ငံအား ပေးလိုက်ရလျှင် နိုးထလာမည့်နဂါးကြီးလည်း
ပြန်လည်အိပ်ပျော်သွားမှာဖြစ်၏။
Type your summary here. Type the rest of your post here.