အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, October 9, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၁၇)



     တကယ်တော့ အနုပညာသမားတွေသည် ဘာသာရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင် ဗွီဒီယိုကားတွေ ရိုက် မယ်ဆိုလျှင် အဓိက သရဲကားများရိုက်မယ်ဆိုလျှင် ထေရ၀ါဒ အနတ္တ၀ါဒအကြောင်းကို သေသေချာချာ လေ့လာပြီးမှ ရိုက်သင့်ပါ၏၊ မိမိတို့အနုပညာသည် ပြည်သူအတွက် ဘာသာအတွက် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိသင့်ပါ၏။ အမှားကို အမှန်ဖြစ်အောင် မလုပ်သင့်ပါ၊ ဘာသာ သာသနာအတွက် အမှန်တရားတွေ ဆုံးရှုံးလို့ နစ်နာပါ၏၊ ဒါရိုက်တာတွေ၊ ဇာတ်ညွန်းဆရာတွေ သရုပ်ဆောင်တွေ သတိ ထားဖို့ တိုက်တွန်းပါ၏။
      ခေါင်းထဲ ထမင်းထုပ်ထဲ့ခြင်း၊ သေသူအ၀တ်တစုံချ၍၊ ထမင်းကျွေးခြင်း၊ ကော်ပီ မုံ့ကျွေးခြင်း၊သေသူ ပစ်စပ်ထဲ ကတို့ခ ပိုက်ဆံထဲ့ခြင်းသည်၊ သေသူ လုံးဝစားသောက်နိုင်ခြင်းမရှိပါ၊ ကျန်ရစ်သူတွေရဲ့အာသာ ပြေလုပ်နေခြင်းသာ ဖြစ်၏။ ဘာမှအကျိုးမရှိတဲ့အလုပ်ကို နောက်လာနောက်သားတွေ အသိမှား အမြင် မှားဖြစ်အောင် လုပ်ဆောင်နေခြင်းသာဖြစ်၏။
      အထက်ကဇာတ်လမ်းတွင် သူဋ္ဌေးကတော်ကြီးသည် မိမိလူ့ပြည်မှာ ပြုလုပ်ခဲ့သည့် အကုသိုလ် အကြောင်းကြောင့် အကုသိုလ်အကျိုးပေးပြီး ပြိတ္တာဘ၀ရောက်ရှိလာခြင်းဖြစ်၏။ အမျှဝေမဲ့သူ မရှိလို့ ငါးဘ၀မြောက်က တော်ခဲ့သည့်သား အရှင်သာရိပုတ္တာမထေရ်ကြီးထံရောက်ရှိလာပြီး ကိုယ်တိုင်မျက် မှောက်ထင်ထင် တွေ့ကြုံနေရသော ဇာတ်လမ်းဖြစ်၏။
      ငါးဘ၀မြောက်က မယ်တော်ဖြစ်ကြောင်း ဆွေမျိုးစပ်ပြီးနောက်၊ သားတော်ဘုရား သားတော်၏ ငါးဘ၀မြောက်ကမယ်တော်သည်၊ ယခုအခါ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဗလာနတ္ထိနဲ့ ပြိတ္တာဘ၀ ကိုရောက်ရှိနေပါသည်၊ဤဆင်းရဲအပေါင်းမှ လွတ်မြောက်အောင်၊ ကုသိုလ်ပြုလုပ်၍ အမျှဝေပေးပါဘုရား ဟု လျှောက်ထားတောင်းပန်လေ၏။
    အရှင်သာရိပုတ္တရာမထေရ်ကြီးနှင့် ငါးဘ၀မြောက်က မယ်တော်ဟောင်းဖြစ်သော ပြိတ္တာမကြီးတို့ တိုက် ရိုက် တွေ့ဆုံနေခြင်းဖြစ်၏။ တကယ်လို့များ တောင်းတိုင်းရမယ်ဆိုလျှင် အမေ့အတွက် ခေါင်းထဲ ထမင်း ထုတ်ထဲ့ပေးပါအုံး၊ ကတို့ခ ပိုက်ဆံထဲ့ပေးပါအုံးလို့ ပြောမှာသေချာပါ၏။ အမေ့ဓါတ်ပုံရှေ့မှာ အမေ့အ၀တ် တစုံချပြီး  ကော်ဖီ မုံ့ ထမင်းစသည်ဖြင့် ကျွေးမွေးပါအုံးလို့ ပြောမှာသေချာပါ၏။ သစ်ခက်လေး တခုဖြင့် အမေ့ကိုအိမ်ပြန်ခေါ်ပါအုံးလို့လဲ ပြောမှာသေချာပါ၏။
    တကယ်တော့ ပြိတ္တာမကြီးသည် သားဖြစ်သူ အရှင်သာရိပုတ္တရာမထေရ်ကြီးနှင့် ကိုယ်တိုင်တွေ့နေခြင်း ဖြစ်၏။ အရှင်သာရိပုတ္တရာမထေရ်သည် အဖက်ဖက်က ပြည့်စုံသော အဂ္ဂသာဝကကြီးဖြစ်၏။ တောင်းတိုင်း ရမယ်ဆိုလျှင်၊ ပြိတ္တာမကြီးသည် မိမိသားတော်ထံ စားစရာ ၀တ်စရာ နေစရာ တို့ကို ချက်ခြင်းတောင်းနိုင် ပါ၏။
   ယခုတော့ မယ်တော်ဟောင်း ပြိတ္တာမကြီးသည် ကုသိုလ်လုပ်အမျှဝေပေးရန်သာ တောင်းဆိုခြင်းဖြစ်၏။ ဘ၀ခြားနေပြီဖြစ်သောကြောင့်၊ ပေးတိုင်းလဲ ယူလို့မရ၊ ကျွေးတိုင်းလဲ စားလို့မရ ဆိုတာကို ပြိတ္တမကြီး ကိုယ်တိုင်သိသည့် အတွက် သားဖြစ်သူထံ  သေသူနှင့်ထိုက်တန်သည့် ကုသိုလ်လုပ် အမျှဝေပေးရန်သာ တောင်းဆိုခြင်းဖြစ်၏။
      ဒီဇာတ်တော်က မြတ်စွာဘုရားလက်ထက်က တကယ်ဖြစ်ခဲ့သော ဇာတ်လမ်းဖြစ်၏။ ယခုခေတ် ထေရ၀ါဒ အနတ္တ လမ်းစဉ်ကို ကိုးကွယ်နေသော လူသားများသည်။ ဘုရားလက်ထက်က တကယ်ဖြစ်ခဲ့ သော ဇာတ်လမ်းကို ဆင်ခြင်ပြီး ငါတို့လက်ရှိအသုဘတွေတွင် လုပ်ခြင်တိုင်းလုပ်နေသော ကိစ္စတွေသည် မှန်သလား မှားသလားဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ရမည်ဖြစ်၏။
 

Type your summary here. Type the rest of your post here.

No comments: