အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 7, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၁၅)





    ပြိတ္တာမကြီးလဲ၊ ငါးဘ၀မြောက်က တော်ခဲ့သောသားမှ၊ ကုသိုလ်လုပ် အမျှဝေပေးမည်ဟု ဂတိစကားရ ကာ၊ သားဖြစ်သူ၏ဒါနကို ၀မ်းမြောက်ဝမ်းသာ၊ သာဓုအနုမောဒနာ ခေါ်ဆိုရတော့မည်ဟု၊ အကျေနပ်ကြီး ကျေနပ်ကာ၊ မျှော်လင့်ခြင်းများစွာဖြင့်၊ ကျောင်းတော်မှ ပြန်လာခဲ့၏။
     နောက်တနေ့တွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးသည်၊ အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီးနှင့်အတူ၊ သင်္ကန်း သပ္ပါယ်ပြီး၊ သပိတ်ပိုက်ကာ၊ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်ရှေ့တွင် သူတော် စဉ် အလှူခံပုဂ္ဂိုလ်တို့၏ ထုံးစံအတိုင်း၊ စက္ခုနြေ္ဒချလျှက် ရပ်တော်မူ၏။
     ဗိမ္ဗိသာရမင်းကြီးသည်၊ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်ကြီးနှစ်ပါး၊ အလှူခံကြွ လာတာကို မြင်တွေ့တာနှင့် နန်းတော်ပေါ်မှဆင်းလာပြီး၊ အရှင်မြတ်နှစ်ပါးအား၊ရိုသေစွာ လက်အုပ်ချီလျှက်၊ ပစ္စည်းလေးပါး ဘာများအလိုရှိတော်မူပါသနည်းဘုရားလို့၊ လျှောက်ထားလေ၏။
     အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်ကြီးသည်၊ ဒကာတော်မင်းကြီး၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏၊ ငါးဘ၀မြောက်က မယ်တော်ကြီးသည်၊ ယခုအခါ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်မ၀တ်နိုင်သော အလွန်ဆင်းရဲသော ပြိတ္တာမကြီးဖြစ်နေပါ၏။
      ယမန်နေ့က ကျောင်းရောက်လာပြီး၊ သားဖြစ်သူ မထေရ်မြတ်ထံ ကုသိုလ်ပြုလုပ်ကာ အမျှဝေပေးဖို့ လျှောက်ထားတောင်းပန်တာကြောင့်၊ အသင်မင်းကြီးထံ အလှူခံကြွလာခြင်းဖြစ်ပါ၏။ ဒကာတော်မင်းမြတ် ပစ္စည်းလေးပါး လှူဒါန်းတော်မူပါဟု မိန့်တော်မူ၏။ အရှင်ဘုရား တပည့်တော် သိပါပြီဟု လျှောက်ထားလေ ၏။
       မထေရ်မြတ်တို့လဲ၊ နန်းတော်ရှေ့မှ ပြန်ကြွသွား၏။ ဗိမ္ဗိသာရမင်းကြီးလည်း အလှူခံပုဂ္ဂိုလ်တို့၏၊ ဆန္ဒကို သဘောပေါက်ကာ၊ လုပ်ငန်းကိစ္စကျွမ်းကျင်သော အမတ်တယောက်အား ရဟန်းတော်များ အတွက် သင့်တော်သော နေရာတွင် ကျောင်းသစ်လေးလုံး ဆောက်လုပ်ရန် ညွန်ကြား၏။
      ကျောင်းဆောက်ပြီးသောအခါ၊ ဗိမ္ဗိသာရမင်းကြီးသည်၊ ရဟန်းတော်တို့နှင့် အပ်စပ်သော အသုံး အဆောင် ပစ္စည်းများကို ပြည့်စုံအောင်စီစဉ်၍၊ မြတ်စွာဘုရားအမှုးရှိသော သံဃာတော်များ ရှေ့မှောက် တွင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးအား လှူဒါန်း၏။
       အရှင်သာရိပုတ္တရာမထေရ်ကြီးသည်၊ မိမိအလှူခံရရှိထားသော ကျောင်းအစရှိသော လှူဖွယ်ပစ္စည်း များကို မြတ်စွာဘုရားအမှုးရှိသော သံဃာတော်အရှင်မြတ်တို့အား၊ ဆင်းရဲများစွာ ခံစားနေရသော ငါးဘ၀မြောက်က မယ်တော်ကြီးအား ရည်မှန်း၍လှူဒါန်းကာ အမျှဝေပေး၏။
      သားဖြစ်သူ၏အမျှကို မျှော်လင့်စောင့်စားနေသော ပြိတ္တာမကြီးသည်၊ အရှင်သာရိပုတ္တရာ မထေရ်
မြတ်ကြီး၏ အမျှဝေလိုက်သည့်တပြိုင်နက်၊ ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုလေ၏။ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပြီးနောက်၊ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲဘ၀မှ လွတ် မြောက်ကာ၊ နတ်၌ဖြစ်တဲ့ အ၀တ်တန်ဆာတွေ၊ နတ်၌ဖြစ်သော နတ်သုဒ္ဓါစားဖွယ်တွေနှင့် နတ်ဗိမာန် ထက်တွင် နတ်စည်းစိမ်တွေ အပြည့်အ၀ ရရှိခံစားကာ ပျော်ရွှင်ဖွယ်ဘ၀ကို ရရှိသွားပါ၏။
     နတ်စည်းစိမ်ကို အပြည့်အ၀ခံစားနေသော၊ အရှင်သာရိပုတ္တရာ၏၊ မယ်တော်ဟောင်းဖြစ်သော နတ်သမီးသည်၊ မိမိချမ်းချမ်းသာသာ ပျော်ရွှင်ဖွယ်ဘ၀ကို ရရှိခံစားနေရပြီဆိုတာကို ကုသိုလ်ပြုလုပ်၍ အမျှဝေပေးသော သားဖြစ်သူအား အသိပေးချင်တာနှင့်၊ လူ့ပြည်သို့ ဆင်းလာ၏။
    နတ်သမီးသည်၊ နတ်ဝတ်တန်ဆာတွေ အပြည့်အစုံနှင့်၊ အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်ကြီးထံသို့ ၀င်ရောက်ကာ ဦးချဖူးမျှော်လေ၏။ မထေရ်မြတ်ကြီးမှ၊ နတ်သမီး သင်ဘယ်ကုသိုလ်တွေ ပြုလုပ်ခဲ့လို့၊ ဤကဲ့သို့ နတ်စည်းစိမ်တွေကို ခံစား စံစားရပါသလဲဟု မေးတော်မူ၏။
 


Type your summary here. Type the rest of your post here.

No comments: