အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, February 25, 2011

ဓမ္မရောင်ခြည်သောကြာသတင်းစဉ် ၂၅-၂-၂၀၁၁









မလေးရှားနီလိုင်းကိုကြီးစတိုမိသားစုမှကွယ်လွန်သူကျေးဇူးရှင်မိခင်ကြီးဒေါ်စန်းရီ(၂-လပြည့်)
အားရည်စူး၍ ဓမ္မရောင်ခြည်ကျောင်းတွင် အော်တိုတံခါးတပ်လှူခြင်း နေ့ဆွမ်းကပ်လှူခြင်း
ကျိုက်လတ်ကန်တော်ကြီးအတွက်စုပေါင်းလှူဒါန်းခြင်းနှင့်န၀ကမ္မငွေလှူဒါန်း၍အမျှဝေခဲ့ပါ၏
ကျေးဇူးရှင်မိခင်ကြီးသာဓုခေါ်ဆိုနိုင်၍ကောင်းရာသုဂတိသို့ရောက်ရှိပါစေ

မိဘမေတ္တာနှင့်မြင်းမိုရ်တောင်ကိုနှိုင်းယှဉ်ခြင်း
+++++++++++++++
မိဘမေတ္တာ--မြင်းမိုရ်သာနှင့်၊
ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
မြင်းမိုရ်သေလာ-တောင်တော်သာသည်၊
ပမာဆိုထောက်-ဇီးစိလောက်သာ၊
ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။

မိဘနှစ်ဖြာ-ချစ်မေတ္တာကို၊
ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
ငြိုးငယ်နောင်တ-မှန်စွာရမည်၊
မိဘမေတ္တာ-မနှိုင်းသာတည်း။

မိဘမေတ္တာကို မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြင်းမိုရ်တောင်ကြီးသည် ဇီးစိလောက်သာရှိသည်ဟု
ဥပမာနှိုင်းဆိုထားခြင်းဖြစ်၏ ဟုတ်လဲ ဟုတ်လောက်ပါပေ၏ မိဘတို့၏ သားသမီးအပေါ် ထားရှိသောမေတ္တာသည် မြင်းမိုရ် တောင်ထက်ပင် အရာရာပိုနေ၏ မိဘမေတ္တာသည် မြင်းမိုရ်တောင်ထက်ပင်ပိုမိုတောင့်တင်းခိုင်မာ၏ မြင်းမိုရ်တောင်ကြီးပင်
ပျက်သုံးကောင်း ပျက်သုံးသွားနိုင်၏ မိဘတို့၏ သားသမီးအပေါ်ထားသော မေတ္တာသည် ဘယ်တော့မှ ပျက်သုံးသွားမည် မဟုတ်ပေ၊
မြင်းမိုရ်တောင်ဆိုသည်မှာ ရေပေါ်တွင် ယူဇနာ ရှစ်သောင်းလေးထောင်ပေါ်ရှိနေ၏ အလယ်ပူ အထက်ရှုး သွား၍ တောင်ခါးပန်းစွန်း ငါးဆင့်ရှိသည်ဟုဆို၏ ၄င်း ငါးဆင့်ကိုပင် အာလိန်ငါးဆင့်ဟု ဆိုခြင်းဖြစ်၏ တဆင့် တဆင့် သည် ယူဇနာငါးထောင်အကြယ်ရှိ၏ အောက်ဆုံးအဆင့် ပထမအာလိန်သည် ရေတ၀က် ကုန်းတ၀က်တွင် ရှိသည့်အ တွက် နဂါးမင်းတို့ပျော်စံရာ နယ်မြေဖြစ်၏ ဒုတိယအာလိန်တွင် လက်ပန်တောကြီးအတိဖြစ်၍ ဂဠုန်မင်းတို့ ပျော်စံရာနယ် မြေဖြစ်၏ တတိယအာလိန်သည် ဂုမ္ဘဏ်တို့ ပျော်စံရာနယ်မြေဖြစ်၏ စတုတ္ထအာလိန်သည် ဘီလူးရက္ခိုသ်တို့ ပျော်စံရာနယ်
မြေဖြစ်၏ ပဉ္စမအာလိန်ကား မြင်းမိုရ်တောင်၏ခါး ယုဂန်ဓိုရ် တောင်၏ ထိပ်နှင့်ညီမျှ၍ ဓတရဋ္ဌ ၀ိရူဠက ၀ိရူပက္ခ ကုဝေရ နတ်မင်းကြီးလေးပါးတို့ပျော်စံရာ စတုမဟာရာဇ် နတ်ပြည်ဖြစ်၏။
မြင်းမိုရ်တောင်သည် နတ် နဂါး ဂဠုန် ဘီလူး ဂုမ္ဘဏ်တို့ပျော်စံရာနယ်မြေဖြစ်သလို မိဘတည်းဟူသော မြင်းမိုရ်
တောင်ကြီးပေါ်မှာလည်း သားတွေ သမီးတွေ မြေးတွေ မြစ်တွေ၏ ပျော်စံရာနယ်မြေဖြစ်၏ မိဘတည်းဟူသော မြင်းမိုရ် တောင်ကြီးပေါ်မှ နို့ချိုချိုကိုလည်း တ၀ကြီးသောက်သုံးခဲ့ကြ၏ မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီးက ကျွေးသမျှကို လည်း တ၀ကြီးစားသုံးခဲ့ကြ၏ မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ ပန့်ပိုးမှုဖြင့် ပညာကိုလည်း တတ်အောင်သင်ယူ နိုင်ခဲ့ကြ၏ မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ အကူအညီဖြင့် စီးပွားရေးကိုလည်း ကြီးပွားအောင် ဆောင်ရွက်နိုင်ခဲ့
၏ သြော်--မိဘ--မိဘ--သားသမီးအပေါ် အတိုင်းထက်အလွန်ပင် မေတ္တာထားနိုင်ပါပေ၏။
မြင်းမိုရ်တောင်၏ အရှေ့ဘက်အရပ်သည် ငွေရောင်အတိဖြစ်၏ မြင်းမိုရ်တောင်၏ တောင်အရပ်သည် ပတ္တမြား
ညိုရောင် အတိဖြစ်၏ မြင်းမိုရ်တောင်၏ အနောက်ဘက်အရပ်သည် ဖလ်ရောင်အတိဖြစ်၏ မြင်းမိုရ်တောင်၏ မြောက် ဘက်အရပ်သည် ရွှေရောင်အတိဖြစ်၏ မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာသည် ပတ္တမြား ရွှေ ငွေ ဖလ် အရောင်လေး
ပါးနှင့် ခြယ်မှုံးကာ အရှေ့ အနောက် တောင် မြောက် ကျွန်းများကို ရောင်စဉ်လှပအောင် ဖန်တည်းနိုင်သလို။
မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ အရှေ့အရပ်မှလည်း သားသမီးတွေအပေါ်မှာ ချစ်ခင်ခြင်းမေတ္တာ ပန်းတွေ ထာဝရပွင့်လန်းနေတာပါ သားသမီးတောင်မကပါဘူး သာသမီးက မွေဖွားလာမဲ့ မြေးမြစ်တိုင်အောင် အမြဲပွင့် လန်းနေမှာက မိဘတို့ရဲ့မေတ္တာပန်းပါ။
မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ တောင်အရပ်မှလည်း သားသမီးတွေအပေါ်မှာ ကျွေးမွေးချင်သည့် ကရုဏာ စမ်းချောင်းလေးကလည်း တသွင်သွင်စီးစင်းနေတာပါ သားသမီးတောင်မကပါဘူး သားသမီးက မွေးဖွားလာမဲ့
မြေးမြစ်တိုင်အောင် အမြဲစီးစင်းနေမှာက မိဘတို့ရဲ့ ကရုဏာစမ်းချောင်းလေးပါ။
မိဘတည်းဟူသော မြင်းမိုရ်တောင်ကြီး၏ တောင်အရပ်မှလည်း သားသမီးတွေအပေါ်မှာ ၀မ်းသာပေးနိုင်သည့် မုဒိတာ လမင်းကြီးကလည်း တထိန်ထိန်ထွန်းလင်းတောက်ပနေတာပါ သားသမီးတောင်မကပါဘူး သာသမီးက မွေးဖွား လာမည့် မြေးမြစ်တိုင်အောင် တထိန်ထိန်ထွန်းလင်းပေးနေမှာက မိဘတို့ရဲ့ မုဒိတာလမင်းကြီးပါ။
မိဘတည်းဟူသော မြင့်မိုရ်တောင်ကြီး အနောက်အရပ်မှလည်း သားသမီးတွေအပေါ်မှာ အရာရာကို ခွင့်လွတ် ပေးနိုင်သည့် ဥပေက္ခာထီးကြီးကလဲ ဘေးရန်အန္တရယ်မှ ကာကွယ်နိုင်အောင် ထာဝစဉ်မိုးပေးနေတာပါ သားသမီးတောင် မကပါဘူး သားသမီးကမွေးဖွားလာမည့်မြေးမြစ်တိုင်အောင် ထာဝစဉ်မိုးပေးနေမှာက မိဘတို့ရဲ့ ဥပေက္ခာထီးကြီးပါ။
မြင်းမိုရ်တောင်သည် အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကို ရောင်စဉ်လေးပါးဖြင့် ထွန်းလင်း တောက်ပအောင် ဆောင်ရွက်ပေးနိုင်သလို မိဘနှစ်ပါးကလည်း သားသမီးတို့အပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်ရောင်တွေဖြင့် အမြဲထထာဝရ ထွန်းလင်းပနေမှာပါ။

Type your summary here.Type the rest of your post here.

No comments: